spot_imgspot_imgspot_imgspot_img
Monday, December 9, 2024
spot_imgspot_imgspot_imgspot_img

စစ်ဘေးရှောင်တွေရဲ့ တစ်ပိုင်တစ်နိုင် မွေးမြူထားတဲ့ ဝက်တွေ ဖျားနာပြီး သေဆုံးနေ

Author

Date

Category

CJ/ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြိုနယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ စစ်ရှောင်တွေ တစ်ပိုင်တစ်နိုင် မွေးမြူထားတဲ့ ဝက်တွေ ဖျားနာပြီး သေဆုံးနေကြတယ်လို့ စစ်ဘေးရှောင်စခန်းက ဝက်မွေးမြူသူ အမျိုးသမီးတစ်ဦးထံက သိရပါတယ်။

“ဆေးဖြန်းမယ်ဆိုလည်း ဆေး ဘယ်မှာသွားယူရမလဲ မသိပါဘူး။ ဟိုဘက်မှာ ဖြစ်နေပြီလေး၊ ခုခံအားရှိအောင်ဆိုပြီး အစာတကုန်ကျွေးထားတယ်။” လို့ စစ်ဘေးရှောင်အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဝက်မွေးမြူထားတဲ့ အိမ်ထောင်စုတိုင်းနီးပါး မှာ ဝက်တွေဖျားနာတာ ဖြစ်နေကြပြီး ဝက်တွေကို ဆေးကုသဖို့ နည်းလမ်းမရှိသလို၊ ဆေးကုသပေးတဲ့ တိရစ္ဆာန်ဆရာတွေလည်း မရှိတာကြောင့် အကူအညီလိုအပ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဝက်နာကျသေဆုံးတာတွေ များလာပြီး ဆေးမီးတိုတွေနဲ့သာ တိုက်ကျွေးကုသနေရတယ်လို့ ဆိုပါတယ်။

“သစ်ဥ သစ်ရွက်တွေ အစာကျွေးတဲ့ အချိန်မှာ ထုချေပြီး ရောကျွေးတယ်။ အဲတာက နည်းနည်းခါးတယ်လေး၊ နည်းနည်းကာကွယ်မလား ဆိုပြီးကျွေးတာ။” လို့ ဝက်မွေးမြူသူ တစ်ဦးက ပြောပါတယ်။

စစ်ရှောင်တွေရဲ့ ဝက်မွေးမြူရေးဟာ မိသားစုအတွက် အပြည့်အဝ ဖူလုံမှုမရှိပေမယ့် စားဝတ်နေရေးအတွက် အနည်းငယ် အထောက်အကူပြုနိုင်တယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။

“ကျမက တခြားရွာကနေ စစ်ရှောင်လာတော့ ဘာအလုပ်အကိုင်မှလည်း မရှိဘူးပေါ့၊ တောင်ယာလည်း မရှိဘူး၊ ဒီဝက်နဲ့ပဲ၊ ဒီမှာရောက်တော့ စျေးလည်းမရောင်းရတော့ဘူးဆိုတော့ ဝက်ပဲမွေးပြီးတော့ ရောင်းတာပေါ့။ တစ်နှစ်တစ်နှစ် ၅ သိန်းအထိတော့ ရပါတယ်။ နှစ်ခါလောက် သားဖောက်တော့ အဲ့ကနေ ရောင်းတာ”လို့ စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။

နှစ်စဉ် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာနဲ့ စစ်ဘေးရှောင်စခန်း တချို့မှာ ဝက်၊ ကြက် သေဆုံးမှု ရှိနေတယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts