spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ဘေးရှောင်နေရတဲ့ ကိုယ်ဝန်သည်တစ်ဦးသေဆုံး

ဓါတ်ပုံ – CJ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်တစ်နေရာမှာ ကိုယ်ဝန်ရင့်မာအမျိုးသမီး စစ်ဘေးရှောင်ရင်း ဗိုက်နာလာတဲ့အတွက် လွိုင်ကော်ဆေးခန်းတစ်ခုကို ပို့ဆောင်ခဲ့ပေမယ့်လည်း သေဆုံးသွားတယ်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ တူမတော်စပ်သူတစ်ဦးထံကနေ သိရပါတယ်။

“ဘယ်လိုဖြစ်လဲဆိုတော့ စစကိုယ်ဝန်ဆောင်ကတည်းက စစ်ဘေးရှောင်နေတယ်ကော ပထမတစ်ခေါက်ကတည်းက။ အခုလည်း ထပ်ရှောင်ရတော့ ဘယ်လိုဖြစ်လဲမသိဘူး တောထဲတောင်ထဲနေရလို့လား ဘာလဲတော့မသိဘူး မပြောတတ်ဘူး။ ကိုယ်ဝန်ရှိတော့ ခနခဏမောတာတွေဖြစ်တယ်။ နေမကောင်းလည်းဖြစ်တော့ အဲဒါ သူ့ကို ရွာနားက အိမ်တစ်အိမ်မှာတည်းဖို့ပေါ့။ အဲ့ဒါ ရှာပေးတော့ သူအဲ့မှာသွားတည်းတယ် ။နှစ်ရက် သုံးရက်လား။ ဒီမနက်တော့ ဖုန်းလာတယ် ဗိုက်နာတယ်ဆိုလား ဖြစ်တယ်ဆိုပြီးတော့ သွားကြည့်ကြတာ သွားကြည့်တော့ တအားနာတယ်ဆိုလို့ နာရေးကားနဲ့အကူညီတောင်းပြီးတော့ လွိုင်ကော်ကိုပို့လိုက်တာ ဆေးခန်းကို။ အဒေါ်တွေလိုက်ပို့တာ သိပ်မကြာဘူး ဖုန်းဆက်လာတယ် မရတော့ဘူးပေါ့ အဲ့လိုမျိုးပြောလာတာ။”လို့ တူမတော်စပ်သူက ပြောပါတယ်။

သေဆုံးသွားတဲ့အမျိုးသမီးကို ဒီကနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းမှာ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သေဆုံးသွားတဲ့ အမျိုးသမီးမှာ ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး ကိုယ်ဝန်၉လရှိကာ မကြာခင်မွေးဖွားတော့မှာဖြစ်ပြီး တောတောင်ကြားထဲ ဒုတိယအကြိမ်မြောက် စစ်ဘေးရှောင်နေရသလို ကျန်းမာရေးလိုအပ်ချက်အပြင် လုံလောက်တဲ့ အစာအာဟာရ စားသုံးရခြင်းမရှိဘူးလို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲမဖြစ်ခင်ကာလအတွင်း လွိုင်ကော်မှာ ဆေးခန်းပြခဲ့ပြီး စစ်ဘေးရှောင်နေစဉ် ဆေးခန်းမပြရတော့သလို အအေးမိတာ၊ စားဖို့သောက်ဖို့အဆင်မပြေတာတွေနဲ့ တွေ့ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူအမျိုးသမီးမှာ အသက် (၃၉)နှစ်အရွယ်ရှိပြီး အမျိုးသားနဲ့ ၁၃နှစ်အရွယ်သားတစ်ယောက်၊ ၆နှစ်အရွယ်သားတစ်ယောက် ကျန်ရှိတယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းတွေမှာ ကျန်းမာရေးလိုအပ်ချက်ကြောင့် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေအပါအဝင် ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံးမှုအထိ ရှိလာနေပါတယ်။

spot_img
spot_img