spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ဘေးရှောင််စခန်းမှ ကလေးတွေကို အာဟာရတိုက်ကျွေးတဲ့အစီအစဉ်ပြုလုပ်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ဘေးရှောင်စခန်းမှ ကလေးငယ်တွေကို ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် နှင့် Mu Kayan လူမှုကူညီရေးအသင်းမှ ပူးပေါင်းပြီး အာဟာရတိုက်ကျွေးခြင်းအစီအစဉ်ကို တစ်ပတ်၁ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကလေးတွေစိတ်အပန်းဖြေဖို့အတွက် Action Song အက၊ Game ကစားခြင်းကိုလည်း ပြုလုပ်ခဲ့ပြီး လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းကို ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်မတို့ Mu Kayanအဖွဲ့က စစ်ဘေးရှောင်စခန်း၊ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ကွင်းဆင်းပြီး တွေ့ရှိချက်တော့ ကလေးတွေအဖြစ်များသော အရေပြားရောဂါ၊ယားနာ၊ ဝမ်း‌ပျက်ဝမ်းလျှောရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ အာဟာရမပြည့်သောကလေးတွေ စိတ်ဓာတ်ကျတဲ့သူတွေ တွေ့ရတာပေါ့။”လို့ Mu Kayan လူမူကူညီရေးအသင်း စေတနာ့ဝန်ထမ်း တစ်ဦးကပြောပါတယ်။

အာဟာရတိုက်ကျွေးတဲ့ အစီအစဉ် ရည်ရွယ်ချက်က ကလေးတွေ အာဟာရအုပ်စုအကြောင်းသိရှိလာစေဖို့၊ တစ်ကိုယ်ရည်သန့်ရှင်းမူပြုလုပ်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်ဖို့ ၊ စိတ်ဓာတ်ကျနေတဲ့ ကလေးတွေ စိတ်ပျော်လာစေဖို့၊ ကျန်းမာရေးစောင့်ရှောက်မူ ပြုလုပ်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီအစီအစဉ် ပြုလုပ်ဖို့ အလှူရှင်ပေးတဲ့ဟာနဲ့ ကျွန်တော်တို့သွားရတာပေါ့၊ အလှူငွေ မလုံလောက်တော့ တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် လိုအပ်တဲ့ သွားတိုက်တံ/ဆေး၊ဆပ်ပြာစတဲ့ ပစ္စည်းတွေကို ကလေးအားလုံးမပေးနိုင်ဘူးပေါ့နော။ ရသလောက်ရှိသလောက်ပဲပေးရတယ်၊ ပညာပေးဖို့အတွက် လိုအပ်တဲ့ လက်ကမ်းစာစောင်၊ ဗီနိုင်းကိုလိုအပ်တာပေါ့။”လို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကရင်နီပြည်မှာ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေတဲ့တိုက်ပွဲဟာ တစ်နှစ်ကျော်လာပြီဖြစ်ပါတယ်။ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံ နှစ်သိန်းဝန်းကျင်ကလည်း စစ်ရှောင်နေကြရဆဲပါပဲ။ အထူးသဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာမြှင့်တင်နိုင်ဖို့ စစ်ရှောင်စခန်းက ကလေး၊ သက်ကြီးရွယ်အိုတွေကို လူမှုကူညီရေးအသင်းအဖွဲ့တွေ အလှူရှင်တွေကနေ သွားရောက်နှစ်သိမ့်တာ၊ ဖျော်ဖြေရေးအစီအစဉ်တွေ ပြုလုပ်ပေးတာတွေ ရှိပါတယ်။

ဓါတ်ပုံ – ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်
ဓါတ်ပုံ – ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်
ဓါတ်ပုံ – ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်
ဓါတ်ပုံ – ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်
ဓါတ်ပုံ – ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်
ဓါတ်ပုံ – ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်
spot_img
spot_img