spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ဘေး ဒုက္ခသည်စခန်းက နှလုံးရောဂါသည် ကလေးငယ် တစ်ဦး ဆေးကုသနိုင်ဖို့အခက်အခဲရှိ

ကန္တာရဝတီတိုင်း(မ်)

မွေးရာပါ နှလုံးရောဂါရှိနေသူအသက်၁၄နှစ်အရွယ် မောင်နာတန်နှေးလယ်ဟာ နှလုံးရောဂါကို ခွဲစိတ်ကုသဖို့အတွက် ခွဲစိတ်ခအတွက် အခက်အခဲ ရှိနေပါတယ်။

မွေးပြီး တစ်နှစ်ကျော်မှာပဲ မွေးရာပါ နှလုံးရောဂါရှိမှန်းသူ့ မိဘတွေက သိခဲ့ရတာပါ။ အဲ့ဒီအချိန်ကစပြီး လစဉ်လတိုင်း ဆေးရုံသွားပြပြီး ဆေးတိုက်နေခဲ့ရပါတယ်။

သူ့ရဲ့နှလုံးဟာ ပုံမှန်လူတွေထက်ပိုမြန်ပြီး နှလုံးခုန်သံပိုကျယ်တယ်လို့ မောင်နာတန်နှေးလယ်ရဲ့ မိခင်က ပြောပါတယ်။

” သူ ၃လေးနှစ်အရွယ်ဆိုရင် သူ့ဟာတအား ခုန်တယ်။ ဘရူ ဘရူ ဘရူဆိုပြီးတော့ သူ့နားမှာအိပ်ကြည့် တအားနားညီးတယ်။ ဒုန်ဒုန်ဒုန် အဲ့လိုမျိုးလေ။ သူ့နှလုံးခုန်သံ နားထောင်ရတာနဲ့ အိပ်လို့ကို မပျော်ဘူး။”

အခုလက်ရှိမှာ စစ်​ဘေး ဒုက္ခသည်စခန်းမှာ ရောက်ရှိနေတဲ့ အတွက် ဆေးကုသဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

မောင်နာတန်နှေးလယ်အတွက် ဆေးတွေကိုရရှိဖို့လည်း ခက်ခဲနေပါတယ်။

သူ့ရဲ့မိဘတွေက သူဆယ်နှစ်သားအရွယ်မှာခွဲစိတ်ကုသဖို့ လိုအပ်လာတဲ့အချိန်မှာလည်း ခွဲစိတ်ကုစဖို့ ငွေကြေးအခက်အခဲရှိခဲ့တာကြောင့် မခွဲစိတ်နိုင်ခဲ့ဘူးလို့ ဖခင်ဖြစ်သူက ပြောပါတယ်။

” ကျနော်ခါတိုင်းတော့ လုပ်ပေးဖို့ စိတ်ထဲမှာတော့ ရှိတယ်ပေါ့နော။ ဒါပေမယ့် ကျနော့်အတွက်က အဆင်မပြေဘူး။ တစ်ခါးမှ ပိုက်ဆံရှာဖို့အတွက် အဆင်မပြေဘူး။ ပိုက်ဆံလည်း အများကြီးကုန်တယ်။ သူများပြောတော့ ကျနော့်အတွက်တော့ အခက်အခဲအများကြီးရှိတယ်ပေါ့နော။ ကျနော်ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ “

အခုသူတို့ရောက်နေတဲ့ စစ်ဘေးဒုက္ခသည်စခန်း ကရင်နီ အမျိူးသားတိုးတက်ရေးပါတီ KNPP ထိန်းချုပ်နယ်မြေထဲက ဖြစ်ပြီး အဲဒီက ဆေးပေးခန်းမှာတော့ နှလုံးရောဂါကုစဖို့ ဆေးတွေမရှိဘူးလို့ ဆေးမှူးတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ခွဲစိတ် ကုသဖို့အတွက် အလှူရှင်ရှာတွေ့ပြန်ပေမယ့်လည်း ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေကြောင့် မကုသလိုက်ရဘူးလို့ မောင်နာတန်နှေးလယ်ရဲ့ ဖခင်က ပြောပါတယ်။

” ကျနော်လည်း သွားလာဖို့ ကားခတောင်မရှိတဲ့အတွက် အေပိုက်ဆံစုမယ်။ ပိုက်ဆံရှာရမယ်ဆိုပြီး ပိုက်ဆံရှာလည်း အဆင်မပြေခဲ့ဘူး။ တစ်ခါမှ ဒီလိုပဲ နေသွား နေသွားတော့ နောက်ဆုံး ပြီးခဲ့တဲ့ နှစ်ပဲ ကျနော်ရအောင်ကုမယ် အလှူရှင်ရှာမယ်ဆိုပြီး အလှူရှင်လည်း သူများကူညီမဲ့သူလည်း ရှိပြီ ဒါပေမယ့် သူ့ကံတရာက ကိုဗစ်ကြောင့် စစ်ကြောင့် မကုလိုက်ရဘူး။”

နှလုံးရောဂါကြောင့် အမောမခံနိုင်သလို ဆေးတွေကိုမှီဝဲနေရတဲ့အတွက် ဉာဏ်ရည်မမှီတော့မှာကိုလည်း သူ့ရဲ့ မိခင်က စိတ်ပူနေပါတယ်။

” နောက်ကျရင် ဆိုးကျိုးတစ်ခုခုရှိလာရင်တော့ ဘယ်လို ကုသရမလဲ အဲ့လိုမျိုး သူက အသက်ကြီးလာရင်တော့ ဘယ်လိုခံစားရမလဲ မပြောတတ်ဘူးပေါ့နော။ သူများတချို့ပြောတယ် အဲ့လိုမျိုး မွေးရာပါ နှလုံးရောဂါရှိတဲ့ လူဆိုရင် ဆေးမှန်မသောက်ရင် မကုသရင် နောက်ကျရင် ဖောရောင်လာတတ်တယ်။ အဲ့လိုမျိုး ပြောတယ်ပေါ့နော။ ကိုယ်လည်း စိုးရိမ်တယ်ပေါ့နော။ ဘယ်လိုလုပ်ရမလဲမသိဘူး။ ဒီဘက်ရောက်လာတော့ ဆေးက ပိုတောင်မရှိတော့ဘူးလေ။ “

စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း မောင်နာတန်နှေးလယ် ရဲ့ခံစားနေရတဲ့ ရောဂါပျောက်ဖို့ ၎င်း ဒုက္ခသည်စခန်းက ကျန်းမာရေး အကူအညီပေးနေတဲ့ အဖွဲ့အစည်းကနေတဆင့် ဆေးကုသပေးနိုင်ဖို့ တခြား အဖွဲ့အစည်းတွေကို ချိတ်ဆက်ဆောင်ရွက်နေပြီလို့လည်း ကြားသိရပါတယ်။

spot_img
spot_img