spot_img
Sunday, January 29, 2023
spot_img

စစ်မြေပြင်ထဲက တောင်သူတွေရဲ့ ရိတ်သိမ်းချိန်

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)တပ်ရင်းက ရဲဘော်တွေ ပြည်သူတွေ စပါးရိတ်သိမ်းချိန် တစ်ဖက်တစ်လမ်း ပါဝင်ကူညီနေကြတာဖြစ်ပါတယ်။

အခုလို တိုက်ပွဲကာလအတွင်းမှာ တောင်သူတွေ အမြန်ဆုံး ရိတ်သိမ်းနိုင်အောင် ကူညီပေးနေတာ ဖြစ်တယ်လို့ ပြည်သူတွေစပါးရိတ်သိမ်းချိန် ပါဝင်ကူညီရိတ်သိမ်းပေးခဲ့သူ KNDF တပ်သားတစ်ဦးက ပြောပါတယ်။

” ကျနော်တို့ ရဲဘော်တွေတော့ ဒီ ဒီးမော့ဆိုဘက်ခြမ်းမှာတော့ နည်းနည်းငြိမ်နေသေးတယ်လို့ ပြောလို့ရတာပေါ့နော။ ခုချိန်မှာ ကျနော်တို့ ကင်းစောင့်တာ တစ်ချို့ရှိမယ် ရပ်ရွာမှာ လုံခြုံရေး စောင့်ပေးတာ တစ်ချို့ရှိမယ်ပေါ့နော။ တစ်ချို့ရဲဘော်တွေ နောက်တန်းမှာရှိတဲ့ ရဲဘော်တွေကို အားမနေခိုင်းနဲ့ပေါ့။ ဆွေမျိုးတွေ ကိုယ့်ဆွေမျိုးတွေဆီမှာ ရှိတဲ့ လယ်ယာတွေ ကိုယ့်ရပ်ရွာမှာရှိတဲ့ လယ်ယာစပါးတွေကို ရိတ်သိမ်းဖို့ ကူညီဖို့ လုပ်ကြတာပေါ့နော။ အခုကလည်း အခြေအနေက သိပ်မကောင်းတဲ့အတွက်လည်း ဆင်ပြေနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီးတော့မှ မြန်မြန်ရိတ်ဖို့အတွက် ကျနော်တို့က အမြန်ဆုံး ကူညီနေတာပါ။ “

အခုလို စပါးရိတ်သိမ်းကာလ အချိန်မှာ စပါးစိုက်ပျိုးကြတဲ့ တောင်သူတွေအနေနဲ့ တစ်နှစ်ပတ်လုံး ရင်းနှီးမြှပ်နှံထားရတဲ့ အရာတွေကို ပြန်ရဖို့ KNDF တပ်သားတွေက တချို့နေရာမှာ ရိတ်သိမ်းကူနေကြပါတယ်။

တချို့နေရာတွေမှာကတော့ တိုက်ပွဲတွေကြောင့် မရိတ်သိမ်းနိုင်တဲ့ တောင်သူတွေရှိသလို၊ ဝမ်းစာအတွက် တိုက်ပွဲကြားမှာ အသက်နဲ့ရင်းပြီး မဖြစ်မနေ ရိတ်သိမ်းနေရတဲ့တောင်သူတွေရှိပါတယ်။

အထူးသဖြင့် တိုက်ပွဲဖြစ်ပွားတဲ့ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖယ်ခုံ၊ မိုးဗြဲ စတဲ့နေရာတွေမှာ သီးနှံရိတ်သိမ်းဖို့ အခက်အခဲတွေ ရှိနေကြပါတယ်။

အောက်တိုဘာ ၃၀ နေ့က မိုးဗြဲမြို့ကို သွားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးရာလမ်းတစ်လျှောက် စပါးခင်းကိုနှင်းဖြတ်ပြီး ပုံထားတဲ့ တောင်သူတွေရဲ့ စပါးပုံကိုလည်း မီးရှို့ဖျက်ဆီးတာခံခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။

နိုဝင်ဘာလ ၁၅ ရက် ည ၉ နာရီခွဲအချိန်မှာလည်း
အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒီးမော့ဆို မြို့နယ် ဘုရားဖြူကျေးရွာ အနီးရှိ လယ်ကွင်းများသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာလည်း မိုးဗြဲအခြေစိုက် ခလရ ၄၂၂တပ်ရင်းက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တဲ့အတွက် တောင်ယာအတွင်းသီးနှံရိတ်သိမ်းနေတဲ့ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ရပါတယ်။

တောင်သူ တွေကတော့ စပါးတွေ ရိတ်သိမ်းနိုင်ဖို့ကို တိုက်ပွဲတွေကြားမှာ အသက်ကို စတေးပြီး ရိတ်သိမ်းနေကြရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ကရင်နီစစ်ရှောင်ထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှု လျော့နည်းလာ

ဘလက်ဇင်း (ကန္တာရဝတီတိုင်း(မ်)) စစ်ကောင်စီအာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း ကရင်နီပြည်တွင်းက စစ်ရှောင်တွေထံ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးမှုတွေမှာ သိသိသာသာလျော့နည်းလာတယ်လို့ ကရင်နီအတိုင်ပင်ခံကောင်စီ(KSCC) လူသားချင်းစာနာထောက်ထားမှုကော်မတီ ပြောခွင့်ရ ဆရာဗညားက ပြောပါတယ်။ “တစ်နှစ်လည်းကျော်ပြီးနောက်ပိုင်းမှာ သူတို့မှာလည်းမရှိတော့ဘူး။ ယူလာခဲ့တဲ့ဟာလည်း ကုန်သလောက်ဖြစ်နေပြီ။ စုဆောင်းတဲ့ဟာလည်းကုန်သလောက်ရှိနေပြီ။ အဲ့တော့ မှီခိုလာတယ် နိုင်ငံတကာရဲ့အကူအညီတွေကို ပိုမှီခိုလာတယ်။ အကူအညီတွေကို ပိုမှီခိုတဲ့အချိန်မှာပဲ နိုင်ငံတကာကနေ ပံ့ပိုးတဲ့အကူညီတွေလည်း...

လက်နက်ကြီးကြောင့် သားအမိ သုံးဦး ထိခိုက်ဒဏ်ရာရရှိ

ကေးဒူ ( ကန္တာရဝတီ တိုင်း(မ်) ) ယမန်နေ့ (ဇန်နဝါရီလ ၂၂ ရက်) ည ၈ နာရီခွဲ ဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုမြို့နယ် တစ်နေရာမှ ၅ နှစ်အောက် ကလေးငယ်နှစ်ဦး နဲ့ အသက် ၃၀ အရွယ်...

KNDF က တပ်ရင်း တစ်ရင်းကိုထပ်မံ တိုးချဲ့

ကန္တာရဝတီတိုင်း( မ် ) ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) ဟာ နောက်ထပ် တပ်ရင်းတစ်ခုဖြစ်တဲ့ တပ်ရင်း ၂၂ ကို ထပ်မံတိုးချဲ့လိုက်တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ “တပ်ရင်း ၂၂က ကျနော်တို့ ထပ်တိုးပြီး ဖွဲ့စည်းလိုက်တဲ့ တပ်ရင်းဖြစ်တယ်ပေါ့နော။...

စစ်ကောင်စီတပ် စခန်းချေမှုန်းခံရပြီး ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရမိ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့တယ်လို့ KNDF က ဒီကနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မယ်စလောင်းတောင်ကုန်းစခန်းကို ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၇ နာရီကျော်အချိန်မှာ...