spot_img
Thursday, June 8, 2023
spot_imgspot_imgspot_imgspot_img

စစ်မြေပြင်မှာ ပါဝင်နေကြတဲ့ အမျိုးသမီးတွေရဲ့ စိန်ခေါ်မှု အခက်အခဲ စကားဝိုင်း

တပ်မတော်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နည်းလမ်းမျိုးစုံနဲ့ စစ်အာဏာရှင်ကို တော်လှန်နေကြပါတယ်။ လူငယ်အများစုကတော့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်သွားကြပါတယ်။ ဒီအထဲမှာ အမျိုးသမီးတွေလည်း ဒုနဲ့ဒင်း ပါဝင်ခဲ့ကြပါတယ်။ ဒီတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍက ဘယ်လောက်ထိ အရေးပါ ပါသလဲ။ ဘယ်အတိုင်းအတာအထိ အမျိုးသမီးတွေ ပါဝင်နေပြီလဲ။ စစ်မြေပြင်မှာ ပါဝင်နေကြတဲ့ အမျိုးသမီးတွေရဲ့ စိန်ခေါ်မှု အခက်အခဲ စတာတွေကို မိမိတို့ ကန္တာရဝတီတိုင်း(မ်) ရဲ့ စကားဝိုင်းအစီအစဉ်မှာ ဆွေးနွေးတင်ဆက်ထားပါတယ်။

ဦးဆောင်ဆွေးနွေးသူတွေကတော့

ဆရာမ ဘျားဒူ – အမျိုးသမီးအရေး လှုပ်ရှားနေသူတစ်ဦး

မလူစီ – စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူတစ်ဦး

မဝါဝါအောင် – KNDF ရဲမေတစ်ဦး တို့ ဖြစ်ကြပါတယ်။

အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်မှာ ကြည့်ရှုနိုင်ပါတယ်။