spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ လူငယ်တွေကို နွေဦးဂုရုအဖွဲ့ ကနေ ခေါ်ထုတ်ပေး

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီကနေ အတည်ပြုပြဌာန်းလိုက်တဲ့ စစ်မှုထမ်း ဥပဒေကြောင့် စစ်ကောင်စီလက်‌အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့ လူငယ်တွေအနေနဲ့ ထွက်ပြေးတိမ်းရှောင်သူတွေရှိပြီး နွေဦးဂုရုအဖွဲ့ကနေ ခေါ်ထုတ်ပေးခဲ့တာရှိတယ်လို့ နွေဦးဂုရုအဖွဲ့ဆီကနေ သိရပါတယ်။

ကယ်ထုတ်လာတဲ့ လူငယ်တွေဟာ လက်ရှိမှာ သူတို့လုပ်ကိုင်နိုင်တဲ့ ကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်ကြနေပြီလို့ နွေဦးဂုရုအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ နွေဦးဂုရုအဖွဲ့ကနေ ကယ်ထုတ်လာတာတော့ စုစုပေါင်း ၁၃ဦးပေါ့နော်။ ကျားက ၁၀ ယောက်ဖြစ်ပြီး မက ၃ဦးဖြစ်တယ်ပေါ့နော်။ ပြီးတော့ ဒီကိုရောက်တော့ သူတို့ ဘာတွေလုပ်ကြလဲဆိုတော့ တချို့က ကျနော်တို့ နွေဦးဂုရုအဖွဲ့မှာပဲ သူတို့ ဝါသနာပါရာကို သူတို့လုပ်နိုင်တဲ့အပိုင်းကနေ ပြန်လုပ်တာရှိသလို တချို့က စစ်သင်တန်း ဆက်တက်နေတာ ရှိတယ်ပေါ့နော်။ ဝါသနာဆိုတာထက် တော်လှန်ရေးမှာပေါ့နော် သူတို့ လုပ်ပေးနိုင်တဲ့ ကဏ္ဍမှာ ပါဝင်လုပ်နိုင်ကြတယ်ပေါ့‌နော်”လို့ နွေဦးဂုရုအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဓါတ်ပုံ-Nway Oo Guru Lay Myar

စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေရဲ့ လူဦးရေစာရင်းကိုတော့ အတိအကျ မသိရသေးပေမဲ့ အဆိုပါ ကယ်ထုတ်လာတဲ့ လူငယ် ၁၃ဦးဟာ နွေဦးဂုရုအဖွဲ့ ရဲ့ ညွန်ကြားမှုအောက်မှာ ပါဝင်လုပ်ကိုင်သူစာရင်းတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တာကြောင့် ထွက်ပြေးတိမ်းရှောင်သူအများစုဖြစ်ကြပြီး ပြည်မက လူငယ်တွေ အများစုပါဝင်တယ်လို့ အဆိုပါ နွေဦးဂုရုအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“ကျနော်တို့အဖွဲ့ကနေ ခေါ်ထုတ်တဲ့ လူဦးရေ လူငယ်တွေအများစုက ဒီရန်ကုန်ကနေပေါ့နော် ပြည်မကနေလာတဲ့သူများတယ်ပေါ့နော်။ ဆိုတော့ ဘယ်လိုချိတ်ဆက်လည်းဆိုတော့ ကျနော်တို့ ဒီတော်လှန်‌ရေးကာလမှာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းကနေ တဆင့်ပေါ့နော် သူတို့ဆက်သွယ်ပြီးမှ လာတာများတာပေါ့နော်” လို့ နွေဦးဂုရုက တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း နွေဦးဂုရုအဖွဲ့ဆီကို ချိတ်ဆက်ဆောင်ရွက်လာတာ ၄ဖွဲ့ရှိခဲ့ပြီး ရောက်ရှိလာတဲ့ သူတွေဟာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ထဲကို ဝင်သွားတာရှိသလို ဆရာဝန်တချို့ပါလာတာကြောင့် ဆေးရုံ၊ ဆေးပေးခန်းတွေမှာ ပါဝင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။

spot_img
spot_img