spot_imgspot_imgspot_imgspot_img
Wednesday, December 4, 2024
spot_imgspot_imgspot_imgspot_img

စစ်ရေးဆက်လက်တင်းမာလာဖို့ ရှိနေတဲ့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ပြည်သူလူထုတွေကို ဆက်ဆက်တောင့်ခံပေးဖို့ KNDF တိုက်တွန်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ရေးဆက်လက်တင်းမာလာဖို့ ရှိနေတဲ့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ပြည်သူလူထုတွေကို ဆက်လက်တောင့်ခံပေးဖို့ တိုက်တွန်းချင်တယ်လို့ KNDF အတွင်းရေးမှူး (၃) ခူးရီးဒူ ကပြောပါတယ်။

” လူထုတွေ အနေနဲ့ကတော့ ကျနော်တို့ လက်ရှိ ဒီတော်လှန်ရေးကို ဒီထက်ပိုပြီးတော့မှ အာရုံစိုက်ပေးဖို့ ဆက်လက်ပြီးတော့မှ ပံ့ပိုးကူညီပေးဖို့တော့ ကျနော်တို့ အနေနဲ့ တိုက်တွန်းလိုတယ်။ အကြံလည်းပြုလိုတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင် ဒိီစစ်အာဏာရှင်ရဲ့ ကျဆုံးခန်းက တော်တော်လေး နီးစပ်နေပြီလို့ ကျနော်တို့ အဲလိုမျိုး ယူဆတယ်။ အတွက်ကြောင့်မလို့ လူထုတွေက ဒိီထက်ပိုပြီးတော့မှ တောင့်ခံပေးဖို့ ကျနော်တို့ အနေနဲ့ မေတ္တာရပ်ခံချင်တယ် ” လို့ KNDF အတွင်းရေးမှူး (၃) ခူးရီးဒူ ကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ နန်းဟူးတွေ၊ ဒေါစဲ ဘက်မှာ စစ်ကြောင်း ၃ ကြောင်း အပြင် ဒေါတမကြီး၊ ဒေါ‌‌ညေးခူ ဘက်မှာလည်း စစ်ကြောင်း ၃ ကြောင်း ဖြင့် ထိုးစစ်ဆင်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ နေ့စဥ်နဲ့အမျှ တိုက်ပွဲ တွေ ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီဟာ မတ်လ အတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို ၁၀ကြိမ် ထက်မနည်း ပြုလုပ်ခဲ့ပြီး ယခုလို လေကြောင်း ပိုမိုအသုံးပြုလာတာတွေ လက်နက်ကြီး အဆမတန် ပစ်ခတ်တာတွေဟာ မြေပြင်မှာရှိတဲ့ သူတို့ရဲ့တပ်က အထိနာတယ် ဆိုတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

” လေကြောင်း တိုက်ခိုက်မှု နဲ့ လက်နက်ကြီး ပစ်ကူမှုက ကျနော်တို့ သိရသလောက်တော့ (၂) မျိုးရှိတာပေါ့လေနော်။ မြေပြင်မှာ သူတို့တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုတွေ မြင့်လာတဲ့အခါမှာ အများအပြား ကျဆုံးလာတဲ့အခါမှာတော့သူတို့တွေက ပုံမှန် အားဖြင့် လေကြောင်းပစ်ကူမှုတွေ ခေါ်လေ့ရှိတာပေါ့။ ပြီးတော့မှ လက်နက်ကြီး အဆမတန်ထုတာ ပစ်တာတို့ ဘာတို့ဆိုတာကလည်း ဒါက သူ့ရဲ့ အဓိပ္ပာယ်က ဘာလဲဆိုရင် မြေပြင်မာ သူရဲ့တပ်ဖွဲ့ဝင်တွေက ကျဆုံးမှု တွေများနေပြီ အဲတွက်ကြောင့်မလို့ လေကြောင်းပစ်ကူနဲ့ လက်နက်ကြီး ပစ်ကူက အမြဲတမ်း သူတို့ ခေါ်နေရတယ် အဲဲလိုမျိုးပေါ့ ” လို့ သူက ဆက်ပြောပါတယ်။

ဒီးမော့ဆို အရှေ့ဘက်ခြမ်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တပ်မ- ၆၆ ၊ ခလရ- ၁၂ ၊ ခမရ -၅၁၅ ၊ ခမရ – ၅၁၆ တို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ နေ့စဥ် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ဘေးရှောင်ပြည်သူ သောင်းနဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

spot_img
spot_img

Recent posts