spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်ကနေ စစ်ရှောင်တွေကို ခြံထွက်သီးနှံတွေ လှူဒါန်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ပြည်ထောင်စုလမ်းမကြီးဘေးတစ်နေရာမှာ စစ်ရှောင်အိမ်ထောင်စုတွေအတွက် ခြံထွက်သီးနှံတွေကို အခမဲ့ယူဆောင်နိုင်ကြောင်း ဆိုင်းဘုတ်ထောင်ပြီး လှူဒါန်းပေးနေပါတယ်။

အဆိုပါ ခြံထွက်သီးနှံတွေကို စိုက်ပျိုးတဲ့စစ်ရှောင်တွေကနေ တခြား မစိုက်ပျိုးနိုင်တဲ့ စစ်ရှောင်တွေအတွက် ပြန်လည်လှူဒါန်ပေးတာဖြစ်တယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“ စစ်ရှောင်ကိုသွားလှူရင်းနဲ့ ဒီဖက် ဒီမော့ဆိုအနောက်ဘက်ခြမ်းမှာရှိနေတဲ့ စစ်ရှောင်တွေပေါ့နော လုံးဝသီးနှံမစိုက်ပျိုးနိုင်တဲ့သူတွေကို ပြန်လှူချင်လို့ပါဆိုပြီး မေတ္တာရပ်ခံတယ် သူတို့ကနေတဆင့်မှ ကျနော်တို့က ပြန်ကူညီပေး။ ဒါနဲ့ ဒီလိုသီးနှံတွေကို သူတို့တောင်ယာထဲ သွားခူးကြ၊ ခုတ်ကြ၊ စုထားပြီး၊ ကျနော်က ဒီဘက်က စစ်ရှောင်တွေကို အဲ့လိုလေးပြန်လှူတာပေါ့။ အပြန်အလှန်ပေါ့ စစ်ရှောင်အချင်းချင်း ပြန်ကူတာပေါ့ ဒေသခံတွေကလည်း ကူညီကြပါတယ်။ ” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်မှာ စစ်ဘေးရှောင်ဦးရေ ၃ သိန်း ဝန်းကျင်ရှိနေပြီး ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်ဦးရေအများဆုံးရှိကာ ၁သိန်းခွဲဝန်းကျင်အထိ ရှိနေတယ်လို့ ဒေသတွင်း လူမှုအသင်းအဖွဲ့ တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts