spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်းတစ်နေရာမှာ စိုက်ပျိုးရေးသင်တန်း လက်တွေ့ပို့ချပေး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်း စစ်ရှောင်စခန်း တစ်နေရာမှာ စိုက်ပျိုးရေးနည်း လက်တွေ့ပို့ချတဲ့သင်တန်းကို ဒီကနေ့ စက်တင်ဘာလ ၁၈ရက်နေ့မှာ လူမှုအသင်းအဖွဲ့တစ်ခုကနေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ နည်းစနစ်မှန်နဲ့ စစ်ဘေးရှောင် တွေကို စနစ်တကျ သင်တန်ပေးပြီး ဟင်းသီးဟင်းရွက်ပေါင်း ၁၅ မျိုးကို လက်တွေ့ သင်ကြားပို့ချပေးခဲ့တယ်လို့ သင်တန်းပေးတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။

“ဘာကြောင့်စစ်ဘေးရှောင်တွေကို စိုက်ပျိုးရေးသင်တန်းပေးရတာလည်းဆိုတော့ သူတို့ကို ကုန်ကျသက်သာစေဖို့။ ပြီးတော့ မျိုးတွေကို အစုံစိုက်ပျိုးထားစေချင်တယ်။အကုန်လုံးတော့ယူလာပေးတယ်။နည်းစနစ်မှန်နဲ့ စိုက်ပျိုးပေးတယ်။အ့လိုစိုက်တော့ ထွက်လာတဲ့ သီးနှံတွေ စားသုံးတဲ့အချိန်မှာ လည်းကျန်းမာရေးတွက်လည်း ပိုကောင်းတယ်”လို့ သင်တန်းပေးနေတဲ့ ဆရာမ တစ်ဦးက ပြောပါတယ်။

ဝင်ငွေမရှိတဲ့ စစ်ဘေးရှောင်တွေကို တစ်ဖက်တစ်လှမ်းကနေ စားဝတ်နေရေးဖူလုံစေဖို့၊ ကုန်ကျသက်သာစေဖို့၊ ကျန်းမာရေးအတွက် သဘာဝသီးနှံစာတွေကိုစားသုံးစေဖို့ ရည်ရွယ်တယ်လို့ သူကပြောပါတယ်။

စစ်ဘေးရှောင်နေရတာဖြစ်လို့ အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိတဲ့အတွက် ဒီလိုစိုက်ပျိုးရေးသင်တန်း ပြုလုပ်ပေးတာ အကျိုးရှိတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အခု ကျန်မတို့ စိုက်ပျိုးနေတဲ့ စိုက်ပျိုးရေးသင်တန်းက ကျန်မတို့ အတွက် အလွန်အရေးပါပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျန်မတို့ စစ်ဘေးရှောင်တွေမှာ အများကြီး အခက်အခဲရှိတယ်။ အခုကာလမှာဆိုရင် ကျန်မတို့ စစ်ရှောင်သမားဆိုရင် ဝင်ငွေမရှိဘူး။ အလုပ်အကိုင်မရှိဘူး။ ဒီလို သင်တန်းမျိုးပေးခါကျတော့ ကျန်မတို့လည်း မျှော်လင့်ချက်ရှိတယ်။ အပင်စိုက်ပျိုးရင် စားရမှာဆိုတော့ ကျန်မတို့ မျှော်လင့်ချက်ရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျန်မတို့ ဝင်ငွေမရှိခါကျတော့ ကျန်မတို့အတွက် ဝယ်စရာမလိုတော့ဘူး။အခုလည်း ကျန်မတို့ လမ်းပန်းဆက်သွယ်ရေးလည်း အခက်အခဲရှိနေခါကျတော့ ကျန်မတို့ လွိုင်ကော်လည်း မသွားရဲဘူး။ ဒီးမော့ဆို စျေးလည်း မရှိတော့ဘူးဆိုတော့ ကျန်မတို့အတွက်တော့ အလွန်အရေးပါတယ်”လို့ စိုက်ပျိုးရေးသင်တန်းက စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ခြံထွက်ဟင်းသီးဟင်းရွက်တွေကို မိုးရာသီကာလမှသာ စိုက်ပျိုးကြတာဖြစ်ပြီး အခုလို ရာသီမရွေးစိုက်ပျိုးလို့ရတဲ့ သင်တန်းနည်းပညာရရှိထားတဲ့အတွက် ဆယ်နှစ်ရာသီလုံးအတွက် အဆင်ပြေစေတယ်လို့ စစ်ရှောင်အမျိုးသမီးတွေက ပြောပါတယ်။

spot_img
spot_img