spot_imgspot_imgspot_imgspot_img
Wednesday, February 19, 2025
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်းအနီး လက်နက်ကြီးကျရောက်တာကြောင့် စစ်ရှောင်ပြည်သူတွေ တောတောင်ထဲ ထပ်မံ တိမ်းရှောင်နေကြရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မေလအစောပိုင်းကစ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေကနေ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး စစ်ရှောင်စခန်းအနီးတစ်ဝိုက်မှာလည်း ကျရောက်ပေါက်ကွဲတာတွေရှိခဲ့ပါတယ်။

လူဦရေ ၂၀၀ ဝန်းကျင် နေထိုင်တဲ့ စစ်ရှောင်စခန်တစ်နေရာက ဒေသခံလူထုတွေဟာ လုံခြုံရေးစိုးရိမ်ရတဲ့အတွက် လုံခြုံနိုင်တယ်လို့ ယူဆရတဲ့ တောတောင်တွေထဲ ထပ်မံရှောင်တိမ်းခဲ့ပြီး မိုးကာတဲထိုးပြီးနေထိုင်နေကြရပါတယ်။

“လက်နက်ကြီးကျတယ်။ အနီးအနားတစ်ဝိုက်မှာပဲ လက်နက်ကြီးတွေကျတယ်။လေယာဉ်လဲလာဝဲတယ်။အဲ့ကြောင့်မို့ပေါ့နော်။ပြီးမှ ကျွန်မဆီမှာလဲ ကလေးငယ်တွေ လဲရှိတယ်။ မိသားစုလဲ (၆)ဦးရှိတဲ့အတွက်ကြောင့် ကျွန်မတို့နီးစပ်ရာ ဒီဖက်လုံခြုံမယ်လို့ထင်မယ့် နေရာ ဒီတောဖက်မှာ တောတစ်နေရာမှာ ကျွန်မတို့ထွက်ပြေးတိမ်းရှောင်နေရတယ်” လို့ ထပ်ဆင့်တိမ်းရှောင်ခဲ့ရတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းတည်ရှိတာ ၉လဝန်းကျင်ရှိနေပြီး မကြာခဏ စစ်ရှောင်စခန်းအနီးကို လက်နက်ကြီးကျရောက်မှု ရှိနေပါတယ်။ လက်ရှိမှာ တချို့ကလည်း စစ်ရှောင်စခန်းကို ပြန်လာနေထိုင်ကြပေမယ့် တချို့ စစ်ရှောင်ပြည်သူတွေကတော့ အခြားနေရာတွေကို ရွေ့ပြောင်းနေထိုင်ကြပြီလို့ ဆိုပါတယ်။

တောတောင်ထဲ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေကတော့ ညအိပ်ချိန် မြေကြီးပေါ် မိုးကာခင်းပြီး အိပ်ရသလို စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ အမိုးအကာ စတဲ့လိုအပ်ချက်တွေ ရှိနေတယ်လို့လဲ ဆိုပါတယ်။ ကလေးတွေ ဖျားနာနေကြပေမယ့် လက်နက်ကြီးရန်၊ လေကြောင်းရန်ကို ကြောက်လန့်နေရတာကြောင့် တိမ်းရှောင်ခဲ့ရပြီး ရေရှားပါးတာ၊ အကောင်ကိုက်တာ စတာတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

“အခက်ခဲတော့ အများကြီးရှိတယ်ပေါ့နော်။ကျွန်မတို့ ထွက်ပြေးတိမ်းရှောင်တဲ့ အချိန်မှာ ကျွန်မသားသမီးတွေလဲ နာမကျန်းဖြစ်တယ်။ နေမကောင်းကြဘူးပေါ့နော်။ ပြီးမှ ဒီ ကျွန်မတို့အတူတူ ထွက်ပြေးတိမ်းရှောင်လာတဲ့ ကလေးတွေလဲ လူကြီးတွေကစပေါ့နော် ချောင်းဆိုးကြတယ်။ ပြီးမှ ချောင်းဆိုးချွဲကြပ်ပြီးမှ ကိုယ်ပူကြတယ်လေ။ အဲ့မျိုး ဖျားကြတယ်။ ကျွန်မကလေးတွေကစပေါ့နော်။ အဲ့ဒါဖျားတယ်။ ကိုယ်လဲတအားပူတယ်။ ဝမ်းလဲသွားတယ်ပေါ့နော်။ အဲ့ဒါအခက်ခဲ အဲ့လိုမျိုးရှိတယ်။ ပြီးတော့မှ ဒီမှာလာနေတဲ့အခါမှာ ကျွန်မတို့ပိုးယားတွေလဲ ထိတယ်လေ အဲ့မှာ ကြည့်ကျွန်မလက် အများကြီးပဲ တစ်ကိုယ်လုံးပဲ။ ပိုးယားတွေလဲထိတယ်။ကလေးတွေကစ ပိုမွှားတွေလဲကိုက်ခံရတယ်။ ပိုးယားတွေလဲထိတယ်။တော်တော်လေး ဒုက္ခရောက်တယ်။ရေလဲရှားတယ်ပေါ့နော်။ ရေလဲတအားရှားတော့ကျွန်မတို့လဲ ရေပဲချွေတာပြီးမှ သုံးနေရတယ်။ ပြီးမှ သောက်ရေလဲချွေတာပြီးသောက်ရပါတယ်” လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးတစ်ဦးက ထပ်မံပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကောင်စီက ဒီးမေ့ာဆိုမြို့နယ် အနောက်ဘက်ခြမ်းကို လေကြောင်းအင်အားသုံးပြီး တိုက်ခိုက်တာတွေရှိခဲ့သလို မေလအစောပိုင်းကစ စစ်ရှောင်စခန်းရှိရာ လူထုရှိရာဖက်ကို လက်နက်ကြီးပစ်ခတ်မှုတွေ ရှိနေပါတယ်။

spot_img
spot_img
spot_img

Recent posts