spot_img
Friday, March 24, 2023
spot_img

စစ်ရှောင်စခန်း (၆)ခု စုပေါင်းပြီး ပြုလုပ်ခဲ့ကြတဲ့ ကမ္ဘာကလေး များနေ့ အခမ်းအနား

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆို အနောက်ဖက်ခြမ်းစစ်ရှောင်စခန်း (၆)ခု စုပေါင်းကြပြီး နိုဝင်ဘာလ ၂၀ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ကလေးသူငယ်များနေ့ အခမ်းအနားကို စုပေါင်းပြီး ကျင်းပခဲ့ကြပါတယ်။ အခမ်းအနားကို ကလေးသူငယ်တွေ၊ မိဘတွေ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

အခုလို ကျင်းပပြုလုပ်ခြင်းကတော့ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေကို လျစ်လျူမရှုဖို့အတွက် မိဘနဲ့ အစိုးရတွေကို အသိပေးတာလည်း ဖြစ်သလို ပြန်ပြီးတော့ သတိရလာဖို့အတွက် အခုလို အစီအစဉ်တွေကို ကျင်းပပေးရတာဖြစ်တယ်လို့ အခမ်းအနား အစီအစဉ်သူ တစ်ဦးက ဆိုပါတယ်။

ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ်အနေနဲ့လည်း စာစီစာကုံးပြိုင်ပွဲဲတွေ၊ ပန်းချီပြိုင်ပွဲတွေ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

စစ်ရှောင်လူထုတွေ ပါဝင်ကျင်းပကြတဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်

ကန္တာရဝတီတိုင်း(မ်) ကရင်နီလူမျိုးတို့ရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို မတ်လ ၂၂ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ကျေးရွာဒေသခံတွေနဲ့ စစ်ရှောင်တွေစုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။ ကျေးရွာကော်မတီတစ်ဦးဖြစ်တဲ့ ဒေါ်ပုက ပွဲတော်ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။ “ ရည်ရွယ်ချက်က သူ့ရဲ့ရိုးရာဓလေ့က ဟိုးဘိုးဘွားဘီဘေခေတ်ကတည်းက လုပ်လာခဲ့တဲ့ ရိုးရာဓလေ့တစ်ခုပေါ့။ အဲ့ဒါသူက သူ့ရဲ့ရိုးရာက ဘာကြောင့်လုပ်ရလည်းဆိုရင်တော့...

ရေနီပေါက်နဲ့ မိုင်းထမ်းကျေးရွာမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တွေ ပျက်စီးမှုရှိခဲ့

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဘောလခဲမြို့ နယ်၊ ရေနီပေါက်ကျေးရွာနဲ့ မိုင်းထမ်းကျေးရွာတွေမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တစ်ချို့ ပျက်စီးတာတွေရှိခဲ့တယ်လို့ ဘောလခဲဒေသခံတွေက ပြောပါတယ်။ “ကျနော်တို့ ဘောလခဲ အခုလက်ရှိကတော့ ဘောလခဲကျေးရွာအုပ်စု သုံးရွာလုံး တစ်ယောက်မှ အိမ်မှာနေခဲ့လို့ မရတော့ဘူးလေနော။ ရက်တိုင်းရက်တိုင်းပဲ လက်နက်ကြီးတွေနဲ့ သူတို့ပစ်ခတ်တာကြောင့်နေအိမ်လည်းပျက်စီးတယ်။ တချို့က မီးလောင်သွားတဲ့ဟာတွေလည်းရှိတယ်။...

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ နွေရာသီအတွက် ရေသိုလှောင်ထားပေမယ့် လုံလောက်မှု မရှိ

ကန္တာရဝတီတိုင်း(မ်) ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်ကာလ ၂နှစ်ဝန်းကျင်ရှိလာပြီ ဖြစ်ပေမယ့် နွေရာသီ ရေရှားပါးမှုပြဿနာကို ပိုမိုခက်ခဲစွာ ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေး အဖွဲ့နဲ့ စစ်ရှောင်တွေဆီကနေ သိရှိရပါတယ်။ မိုးရာသီမှာ သိုလှောင်ထားတဲ့ ရေတွေ မလုံလောက်တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ ဝေးလံတဲ့နေရာတွေအထိ သွားရောက် ခပ်ယူနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စီမံရေးမှူး ခွန်းရောဘတ်က ပြောြပပါတယ်။ “...

ကရင်နီဒေသ စစ်ဘေးရှောင် လူငယ်များအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး သုံးရက် သင်တန်းပို့ချ

CJ (သတင်းပေးပို့ချက်) ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းတခုမှာ မတ်လ ၁၇ ရက်နေ့မှစပြီး ၁၉ ရက်နေ့အထိ နွေရာသီ လူငယ်သင်တန်းကို သုံးရက်တာ ပို့ချခဲ့ပြီး လူငယ် ၁၂၀ ကျော်က သင်တန်းကို တက်ရောက်ခဲ့တယ်လို့ ကရင်နီ​ပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ တာဝန်ရှိသူက ‌ပြောပါတယ်။ “လူငယ်‌တွေက အသက် ၁၅နှစ်ကနေ ၂၉နှစ်လောက်ထိပါတယ်။...