spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စာသင်ကျောင်းတစ်ခုမှာ စစ်ရှောင်တွေကို စိတ်‌ ဖျော်ဖြေဖို့အတွက် ခရစ္စမတ်ပွဲ ပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (ဒီဇင်ဘာလ ၂၂ရက်နေ့)မှာ ဒီးမောဆို‌ အနောက်ခြမ်းစစ်ရှောင်စာသင်ကျောင်းတစ်ခုမှာ ခရစ္စမတ်ပွဲအနည်းငယ် ကျင်းပခဲ့ပါတယ်။ ကျောင်းသူ၊ ကျောင်းသား၊ ကျောင်းသားမိဘတွေနဲ့ သာသနာဆရာတွေ စုစုပေါင်းလူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

ခရစ္စမတ်ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကို အဲ့ဒီကျောင်းမှာ စာသင်နေတဲ့ ကျောင်းဆရာမတစ်ဦးက အခုလိုပြောပါတယ်။

” ဒီအခုချိန်က သိတယ်မလား ဒီးမောဆိုမြို့မှာ စစ်ပွဲတအားဖြစ်တယ်ဆိုတော့ ဒီစစ်ရှောင်တွေလဲ တော်တော်များများ ဒေသခံလည်း နည်းနည်းလေးပဲပေါ့နော။ ဒီစစ်ရှောင်တွေ တော်တော်များများ စိတ်လွတ်ကိုယ်လွတ်ပေါ့နော်။ ပျော်လို့ရအောင် တစ်ရက်လေး တအားခံစားနေရတဲ့ ခံစားနေရတယ်ဆိုတော့ အဲ့ဒါ တစ်ရက်လေးဖြစ်ဖြစ်ပျော်ရအောင်ဆိုပြီးတော့မှ ပျော်ပွဲရွှင်ပွဲ သူတို့ကို ခရစ္စမတ်ပွဲလေး ဘာလေးတော့ လုပ်ပေးဖြစ်တယ်ပေါ့နော် ” လို့ ဆိုပါတယ်။

ခရစ္စမတ် ပျော်ပွဲရွှင်ပွဲကျင်းပရတဲ့အတွက် ပျော်ရွှင်ဝမ်းသားကြောင်း ဒသမတန်းမှ ကျောင်းသူတစ်ဦးက ပြောပါတယ်။

” ပျော်တယ် ပျော်လည်းပျော်တယ်။ ပြီးတော့ သမီးတို့ သီချင်းဆို တာ အခမ်းအနားတော့ အကျယ်ကြီးမဟုတ်ရင်တောင်မှ စည်းစည်းလုံးလုံးနဲ့ သမီးတို့ သီချင်းဆိုတာ အကုန်ပျော်တယ် ” လို့ ဆိုပါတယ်။

KG ကနေ ဒသမတန်းအထိရှိပြီး ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၃၀၀ကျော် ရှိတယ်လို့လည်း သိရပါတယ်။

spot_img
spot_img

Recent posts