spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်ဆန်သယ်ယူပေးတဲ့ ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး၊ စစ်ရှောင်အမျိုးသားတစ်ဦး ခြေထောက်ကျိုးတဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ဖရူဆိုမြို့ အနောက်ဘက်ခြမ်းတစ်နေရာမှာ နိုဝင်ဘာလ ၄ရက်နေ့က စစ်ရှောင်တွေအတွက် ဆန်သယ်ယူတဲ့ ကားတစ်စီး အပြန်လမ်းမှာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။ ရိက္ခာသွားသယ်ကူတဲ့ စစ်ရှောင်အမျိုးသားနှစ်ဦးနဲ့ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီက အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ရှောင်အမျိုးသားတစ်ဦးကတော့ ခြေတောက်ကျိုးတဲ့ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ဘေးရှောင်ကော်မတီ တာဝန်ခံတစ်ဦးက ပြောပြပါတယ်။

“ကျနော်တို့ ကားကတော့ အဆင်းနည်းနည်းတော့ရှည်တယ်ပေါ့နော။ ကျနော်တို့အဆင်းက နည်းနည်းတော့ ကြီးတယ်လို့ပြောလို့ရတာပေါ့နော။ အဲခါကျတော့ ကျနော်တို့ကားက သွားနေရင်းနဲ့ ဘရိတ်မနိုင်တော့တဲ့ ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော။ ဆန်ကလည်း ၁၄၀လောက်သယ်လာတယ်ဆိုတော့ အဲဒါနဲ့ ဘရိတ်က သိပ်နိုင်တဲ့အခါကျတော့ ခဏကပြောသလိုမျိုး လမ်းကလည်း နည်းနည်းအကွေ့ဖြစ်နေတယ်ပေါ့နော။ အဲဒါနဲ့ ခဏကဒီလိုအကွေ့နဲ့ ကားဘရိတ်က သိပ်မနိုင်တဲ့အခါကျတော့ ဟိုလိုမျိုး လျောပြီးတော့ မှောက်သွားတဲ့ သဘောမျိုးပေါ့နော။ အဲလိုမျိုး။” လို့ စစ်ဘေးရှောင်ကော်မတီ တာဝန်ခံတစ်ဦးက ပြောပါတယ်။

ကားပေါ်လိုက်ပါလာသူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာအပြင် ကား နဲ့ ဆန်တချို့ပျက်စီးဆုံးရှုံးသွားခဲ့ရတယ်လို့ ဖရူဆိုအနောက်ဘက်ခြမ်း စစ်ဘေးရှောင်ကော်မတီ တာဝန်ခံတစ်ဦးက ဆက်ပြောပြပါတယ်။

နိုဝင်ဘာလအတွင်း စစ်ရှောင်တွေရဲ့ ရိက္ခာအတွက် သွားသယ်ယူတာဖြစ်ပြီး ဆန်သုံးပုံတစ်ပုံ ( ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၀ ခန့် ) ဆုံးရှုံးခဲ့ရပြီး လက်ရှိမှာ အဲဒီအတွက် ပြန်လည် အစားထိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဆီမှာ ကြီးကြီးမားမားဘတ်ဂျက်လည်းမရှိဘူးပေါ့နော။ ဒီလိုမျိုး အနောက်ဘက်ခြမ်းမှာရှိနေတဲ့ သူတွေကပဲ ဝိုင်းဝန်းပြီးတော့ ပြန်ကြည့်ရတယ်။ အခုဆိုရင် အလှူရှင်တွေလည်း အများကြီးမရှိတော့ဘူးဆိုတော့ အဓိကဒီစားနပ်ရိက္ခာကူညီတဲ့အဖွဲ့တွေနဲ့ ပြန်ချိတ်ရတာပေါ့နော။ အဲလိုမျိုးလောက်တော့ရှိတယ်။” လို့ ဖရူဆိုအနောက်ဘက်ခြမ်း စစ်ဘေးရှောင်ကော်မတီ တာဝန်ခံတစ်ဦးက ပြောပါတယ်။

ယခုလို လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့အတွက် ကားတိမ်းမှောက်မှုဖြစ်တာဟာ ပထမဆုံးအကြိမ်မဟုတ်ပဲ ယခင်က စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ဖို့သွားတဲ့ ကျန်းမာရေးကားတစ်စီးဟာလည်း တိမ်းမှောက်မှုဖြစ်ပွားဖူးတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင် ၄၀၀၀ ဝန်းကျင်ရှိနေပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးတဲ့အတွက် သူတို့အတွက် အခြေခံလိုအပ်ချက်အများအပြားရှိနေတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts