spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်ဆေးပေးခန်းတစ်ခုမှာ ဆေးဝါးတွေမရှိတော့တဲ့အတွက် ယာယီပိတ်ထားရ

Author

Date

Category

CJ ( ကန္တာရဝတီတိုင်း ( မ် ))

ကရင်နီပြည် ဒီးမော့ဆိုမြိုနယ် အရှေ့ဖက်ခြမ်း စစ်ဘေးရှောင်တစ်နေရာမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထ ကျန်းမာရေးဆေးပေးခန်းတစ်ခု အလှူရှင်တွေကို မှီခိုအားကိုးနေရပြီး လက်ရှိမှာ ဆေးဝါးတွေ မရှိတော့တဲ့အတွက် ဆေးပေးခန်း ယာယီပိတ်ထားနေရတယ်လို့ သိရပါတယ်။

” ဒီဇင်ဘာလ ၈ ရက်နေ့က စတင်ပိတ်တာ အပြင်ကနေ အလှူရှင်မရတော့ ချိတ်ဆက်မှုလည်းမရ၊ နောက်မှာက ဆေးကကုန်နေပြီလေး၊ အခြေအနေအရ လမ်းပိတ်သွားရင် ဆေးလည်ပတ်မှု ပိုဆိုးမှာစိုးလို့၊ ဒါပေမယ့် ပြန်မေးကြည့်မယ်၊ ဆေးမြန်မြန်ပြန်ရရင်တော့ အမြန်ပြန်ဖွင့်မယ်၊ အလှူရှင်က ရှိလာပေမယ့် နည်းလာမယ် ပြောလို၊ အရင်ကလှူလာကြတာ ကုန်သွားလို့၊ ကျနော်က ကြားကနေ ကမကထ လုပ်ဆောင်ပေးတာပါ၊ အခုက ဆေးလည်ပတ်မှု မရှိတော့ ယာယီခဏရပ်တာပါ။ အပြီးတော့ မဟုတ်ဘူးပေါ့။” လို့ စစ်ဘေးရှောင် ရပ်မိရပ်ဖ ဦးယာကိုက ပြောပြပါတယ်။

အခုလို ဆောင်းတွင်းကာလမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ကျန်းမာရေးလိုအပ်ချက်မြင့်တက်နေပေမယ့် အလှူရှင်တွေ မရှိတော့တဲ့အတွက် ဆေးပေးခန်း ယာယီပိတ်ထားလိုက်ရတာလို့ ဆိုပါတယ်။

အခုလို ယာယီဆေးခန်း ပိတ်ထားခြင်းမှာလည်း စစ်ဘေးရှောင်ပြည်သူလူထုနဲ့ စစ်ရှောင်လူနာတွေ အပါအဝင် သူတိုရဲ့ သဘောထားကိုခံယူပြီး အသိပေးပြီးမှသာ ယာယီပိတ်ရတာဖြစ်တယ်လို့ သိရပါတယ်။

” ယာယီဆေးခန်း ပိတ်ထားတာက ဆေးကုန်နေလို့ ခဏနားတာပါ။ အမြန်ပြန်ဖွင့်ပေးမှာပါ။” လို့စေတနာ့ဝန်ထမ်း ဆေးဆရာမ တစ်ဦးက ပြောပါတယ်။

အဆိုပါ ယာယီပိတ်ထားတဲ့ ကျန်းမာရေး ဆေးပေးခန်းဟာ စစ်ဘေးရှောင် အိမ်ခြေ ၁ဝ၀ နီးပါး၊ လူဦးရေ ၇၀၀ ကျော်က စစ်ရှောင်တွေ၊ တခြားသော စစ်ဘေးရှောင်စခန်းနှစ်ခုက စစ်ရှောင်တွေအပါအဝင် ဒေသခံတွေလည်း လာရောက်ပြသနေရတဲ့ ဆေးပေးခန်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်း ဆေးအလှူရှင်တွေ ဆေးလာလှူဒါန်းမှု မရှိတော့တဲ့အတွက် စစ်ဘေးရှောင်စခန်းအတွင်း ဖွင့်လှစ်တဲ့ကိုယ်ထူကိုယ်ထ ဆေးပေးခန်း ပထမဆုံး ယာယီပိတ်ထားရတာ ဖြစ်တယ်လို့ သိရပါတယ်။ ကရင်နီပြည်နယ်မှာ တိုက်ပွဲကြောင့် စစ်ဘေးရှောင် လူဦးရေ ၂ သိန်းကျော်ရှိနေတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts