ကန္တာရဝတီတိုင်း ( မ် )
ဒေါ်ဖရန်းစစ္စကာဟာ ဒေါငံရောက်ကျေးရွာကစစ်ရှောင်တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာ ဒီးမော့ဆိုအနောက်ခြမ်းတစ်နေရာမှာ စစ်ရှောင်နေပါတယ်။
သူမနေထိုင်တဲ့ စစ်ရှောင်စခန်းမှာ ခက်ခဲစွာရှာဖွေစားသောက်နေရပါတယ်။
သူမမှာသားတစ်ယောက်သမီးတစ်ယောက်ရှိပြီး ခင်ပွန်းဖြစ်သူမှာ အဝေးနေရာသို့ သွားရောက်အလုပ်လုပ်ကိုင်နေပါတယ်။
လက်ရှိစစ်ရှောင်မှာ တောင်ယာအနည်းငယ် စိုက်ပျိုးထားတယ်လို့ သိရပါတယ်။
တစ်နေ့တစ်နေ့တောင်ယာသွားလိုက် ထင်းရှာလိုက် ရေခပ်လိုက်နဲ့ သူမရဲ့တစ်နေ့သာကုန်ဆုံးနေတာပါ။
ဒါဟာကရင်နီပြည်ထဲက စစ်ရှောင်မိခင်တစ်ဦးရဲ့ တစ်နေ့သာလှုပ်ရှားမှု မှတ်တမ်းဖြစ်ပါတယ်။