spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်တွေကို ကယ်ဆယ်နေစဉ် စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မယ်စဲ့မြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ စစ်ရှောင်လူထုတွေကို ကယ်ဆယ်ရေးဆောင်ရွက်တဲ့ နေရာအနီးတစ်ဝိုက်မှာ စစ်ကောင်စီရဲ့ လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ မြေပြင်မှာ ကယ်ဆယ်ရေးဆောင်ရွက်ပေးသူတွေဆီကနေ သိရှိရပါတယ်။

“ ကြုံတွေ့ရပါတယ်။ အဓိက လက်နက်ကြီးထက် လေကြောင်း တိုက်ခိုက်မှုပေါ့နော ကျနော်တို့ စစ်ရှောင်တစ်ဖွဲ့ကို ရွေ့နေတုန်း ဒီလေကြောင်းတိုက်ခိုက်မှုက ကျနော်တို့နဲ့ မီတာ ၁၀၀၀ လောက်ပဲရှိတယ်။ အဲ့ဒီအကွာအဝေးမှာ Air Strike လုပ်နေတဲ့အချိန်မှာ မြန်မြန်ဆန်ဆန် ရွေ့ပြောင်းရတယ်။ စစ်ရှောင်ရွေ့နေတုန်း လမ်းခုလတ်မှာပဲ လေယာဉ်က တက်လာတော့ ကြောက်လန့်တကြားနဲ့ ကားပေါ်ကနေလည်း ပြေးဆင်းသွားတဲ့သူတွေလည်းရှိတော့ ကျနော်တို့ လုံခြုံတဲ့နေရာထားပြီးမှ ပြန်ရွေ့ရတော့ အချိန်တော်တော်လေးကို ယူပြီးတော့ သူတို့ကို ခွန်အားတွေပေးပြီး ပြန်ခေါ်လာရတဲ့ အခြေအနေတွေ အများကြီးရှိတယ်ပေါ့။ ”လို့ မြေပြင်မှာ ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့တဲ့ Karenni Free Burma Ranger(KFBR) မှ ကိုအောင်ဇေယျက ပြောပါတယ်။

မယ်စဲ့မြို့နယ် ကျောက်စုကျေးရွာအုပ်စုအနီးအနားက ဒေသခံပြည်သူ ၁၀၀ ကျော်ကို ကယ်ဆယ်ရေးဆောင်ရွက်နေချိန် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်တုန်းက ကျောက်စုကျေးရွာအနီးမှာလည်း နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေချိန်ဖြစ်ပြီး ဒေသခံစစ်ရှောင်တွေဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကြောက်လန့်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

“ တချို့နေရာတွေမှာတော့ ခုနကပြောသလို ဒရုန်းတွေနဲ့လိုက်ပစ်တာလား လေယာဉ်နဲ့လိုက်ပစ်တာလား ပြောရတော့ခက်တယ်။ တစ်ခုကတော့ ဒရုန်းတွေ လေယာဉ်တွေနဲ့ အမြဲတမ်းဝဲတယ်ပေါ့။ အဲ့တော့ မသင်္ကာရင် မသင်္ကာ သလို ပစ်တာပေါ့။ ဒါကတော့ ပြောရတာခက်တာက တကယ်ကိုပဲ စစ်ဘေးရှောင်တွေကို တိုက်ခိုက်တာလား မဟုတ်ရင်လည်း စစ်ပွဲရဲ့သဘောသဘာဝအရ ကြုံလို့ တွေ့လို့ ပစ်တာလားဆိုတဲ့ဟာတော့ ဝေခွဲရခက်တယ်။ တချို့ မော်တာနဲ့လှမ်းထုတာရှိတယ်ပေါ့နော။ ” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ တည်ထောင်သူ ဦးဗညားက ပြောပါတယ်။

တိုက်ပွဲကြား ကယ်ဆယ်ရေးဆောင်ရွက်တဲ့အချိန်မှာ ဒေသခံတွေဟာ သွားလာဖို့ ဦးတည်ရာမဲ့နေကြပြီး မည်သည့်နေရာသွားရမလဲဆိုတာကို မသိတာ‌ကြောင့် သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲရှိခဲ့သလို မိုးရာသီဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲကြမ်းတမ်းခဲ့တယ်လို့ မြေပြင်မှာ ကယ်ဆယ်ရေးဆောင်ရွက်ပေးသူတွေက ပြောပါတယ်။

ဇွန်နဲ့ ဇူလိုင်လအတွင်းမှာ ဖားဆောင်း၊ မယ်စဲ့၊ ရွာသစ်မြို့နယ်တွေမှာ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် စစ်ရှောင်ဦးရေ ထောင်ချီတိုးလာခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း စစ်ရှောင်တွေဟာ ထိုင်းနိုင်ငံအတွင်းကို ရောက်ရှိသူများနေပြီး ပြည်နယ်တွင်းက စစ်ရှောင်သူတွေကတော့ နီးစပ်ရာဆွေမျိုးအိမ်တွေနဲ့ တောတောင်ထဲမှာ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်းမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ နှစ်သန်းနီးပါးရှိလာပြီလို့ ဆိုပါတယ်။ ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်တွေမှာတော့ ထွက်ပြေးတိမ်းရှောင်ရသူ ၂သိန်း ၇သောင်းဝန်းကျင် ရှိနေပါတယ်။

spot_img
spot_img

Recent posts