spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်တွေရဲ့ ဝါးတဲတွေ ပိုးထိုးတာကြောင့် အသစ်ပြုပြင်ဆောက်လုပ်ဖို့လိုအပ်နေ

Author

Date

Category

ကေးဒူ (ကန္တာရဝတီ တိုင်း(မ်))

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်း စစ်ဘေးရှောင်တွေဆောက်လုပ်နေထိုင်ကြတဲ့ ဝါးတဲအိမ်တွေဟာ ပိုးထိုးတာကြောင့် အသစ်ဆောက်လုပ် ဖို့ လိုအပ်နေပေမယ့် အခက်အခဲ ရှိနေကြတယ်လို့ စစ်ဘေးရှောင် တွေကပြောပါတယ်။

“စစ်ရှောင်တာကြာပြီ၊ ဟိုးအရင် ကခုတ်ထားတဲ့ဟာတွေက တစ်နှစ်ကျော်လာပြီဆိုတော့ ဝါးတွေက အဆင်မပြေတော့ဘူး၊ ချတွေတအားစားတော့ ဟိုစာ(အမှုန်) တွေကျတယ်။ တဲတိုင်းလိုလိုက။” လို့ ဒီးမော့ဆိုဒေသခံ စစ်ဘေးရှောင်လူငယ်တစ်ဦးကပြောပါတယ်။

လက်ရှိမှာ စစ်ရှောင်စခန်းတွေမှာ လူများလာတာကြောင့် ဝါးတဲ ကို အသစ်ဆောက်လုပ်ဖို့ အတွက် ဝါးတွေရှာရ ခက်လာသလို၊ ကုန်ကျမယ့် ငွေကြေးအခက်အခဲကြောင့် ဝါးတဲတွေကို အသစ်မဆောက်လုပ်နိုင်ကြသေးဘူးလို့ လည်း ဆိုပါတယ်။

“ကျမတို့တို့ဟာဆို ချတွေ အကုန်လုံးစားကုန်တယ်။အကုန်လုံးပဲ။ အပေါက ဝါးတွေဆို ချတွေစားထားတာ ဖြူဖွေးနေတာပဲ။ ကျမတို့ ညအိပ်ရင် ဆင်မပြေတော့ဘူး။ ဘေးကလူကို ကြည့်လိုက်ရင် မျက်နာတွေလည်းဖြူ ၊ ခေါင်းတွေကလည်း ဖြူ။ ကျမတို့ ထမင်းအိုးတွေဆို တခုခုနဲ့ ဖုံးအုပ်ထားရတယ်။ တကယ်လို့ မဖုံးရင် ကျဝင်ကုန်တယ်။ တစ်ရက်ကို ၁၀ ခါလောက်လှည်လည်း အ့တိုင်းပဲ။ အကုန်လုံးကဆွေးကုန်တယ်”လို့ စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောပါတယ်။

တစ်နှစ်ကျော် စစ်ဘေးရှောင်နေရတဲ့ အတွက် အလှူရှင်တွေကိုသာ မျှော်ကိုးပြီး နေထိုင်နေရတဲ့ စစ်ရှောင်တွေ ဟာ နောက်ထပ်အိမ်တစ်လုံးကို ပြန်လည် တည်ဆောက်ဖို့က သူတို့ အတွက် အခက်အခဲ များစွာ ရှိပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ဖို့ ဝင်ငွေ မရှိကြတဲ့ အပြင် သစ်တွေ ဝါးတွေကို ခုတ်ဖို့ ဓားတွေ လွှ တွေ စုံစုံလင်လင် မရှိတာတွေကြောင့် တော်တော်ဒုက္ခရောက်တယ်လို့ စစ်ရှောင်နေတဲ့ အသက် ၄၀ အရွယ် အမျိုးသား တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ဓားတွေဘာတွေလည်း အစုံမရှိတော့။ လွှတွေလည်းမရှိဘူး။သူများဟာ သွားငှားမယ်ဆိုရင်လည်း ခဏနေကြရင် သူကလည်းလို ကိုကလည်းလို အ့လိုမျိုးတွေပေါ့။ အရမ်း ဒုက္ခရောက်တယ် ဓားတွေဘာတွေ အစုံမရှိတော့”လို့ စစ်ရှောင်နေတဲ့ အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။

ကရင်နီ လူမျိုးတို့ရဲ့ ရိုးရာအရ ဝါးတွေကို အောက်တိုဘာလ မှာခုတ်ယူအသုံးပြုရင် ဝါးကို ပိုးထိုးတာ သက်သာတယ်လို့ သိရပါတယ်။ ဝါးခုတ်ချိန်မဟုတ်ပဲ ဝါးတွေကို ခုတ်ပြီး အသုံးပြုကြရတာမို့ ဝါးတွေ တော်တော်များဟာ ဆွေးတာတွေ၊ ပိုးထိုး တာတွေနဲ့ကြုံတွေ့နေကြရပါတယ်။

တစ်ဖက်မှာလည်း ဆောင်းရာသီကာလ ရောက်ရှိလာပြီဖြစ်တာကြောင့် မိုးကာတွေနဲ့ မိုးထားတဲ့ အမိုးတွေမှာ တော်တော်လေး အေးပြီး သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေအတွက် စိုးရိမ်ရတယ်လို့လည်း သိရပါတယ်။

spot_img
spot_img

Recent posts