spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်တွေ တစ်နိုင်တစ်ပိုင်စိုက်ပျိူးကြတဲ့ နှမ်း အရှုံးနဲ့ ရင်ဆိုင်နေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း စစ်ရှောင်တွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားတဲ့ နှမ်းတွေ ဟာ ဒီနှစ်စိုက်ပျိုးရာသီမှာတော့ အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ စိုက်ပျိုးတောင်သူတွေက ပြောကြပါတယ်။

စိုက်ပျိုးတဲ့အချိန်မှာ မိုးရွာသွန်းချိန် မမှန်တာကြောင့် အသီးတွေက မအောင်တာ ဖြစ်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် နှမ်းအိတ် ၃ အိတ် ရရင် ဒီနှစ်မှာတော့ ၁ အိတ်လောက်သာ ရတော့တယ်လို စစ်ရှောင်ရင်း နှမ်းစိုက်ပျိုးတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အသီးက မအောင်ဘူး။ နေပူတော့ အသီးအပွင့်တွေက သိပ်မအောင်ဘူး။ မိုးကျတဲ့အချိန်မမှန်တာလည်း ပါတာပေါ့။ မိုးရွာတာကို စောင့်တော့ မိုးက နောက်ကျမှ ရွာတော့ အချိန်က မရှိတော့ဘူးလေ။ မြေဆီလွှာက လိုတဲ့အချိန်မှာ မရတော့ မကောင်းဘူး။ ” လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အသီးအနှံမအောင်တဲ့အပြင် ရရှိထားတဲ့ နှမ်းတွေကိုလည်း ပြန်လည် ရောင်းချနိုင်ဖို့အတွက်လည်းလမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ရှိနေတာကြောင့် မရောင်းရမှာကို စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

လမ်းခရီးခက်ခဲမှု၊ လုံခြုံရေးစိုးရိမ်ပူပန်မှုတွေ ရှိနေတာကြောင့် ဒီနှစ်မှာတော့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ လာရောက်ဝယ်နိုင်ဖို့ အဆင်မပြေဘူးလို့ နှမ်းပွဲစားတစ်ဦးက ပြောပါတယ်။

“ဒိီတစ်နှစ်တော့ အဲဒီ အနောက်ဘက် ဒီးမော့ဆိုဘက်ကတော့ သွားလို့မရတော့ဘူးလေ။ ကျနော်တို့က အခက်အခဲရှိတယ်။ဘာလို့လည်းဆိုတော့ အ့ဘက်က သွားလာလို့မှ အဆင်မပြေတော့တာ။သွားဝယ်ဖို့က အဆင်မပြေတော့ဘူး ဒီတစ်နှစ်ကတော့။”လို့ နှစ်စဥ် လာဝယ်နေကျ နှမ်းပွဲစားတစ်ဦးက ပြောပါတယ်။

အဆိုပါ နှမ်းစိုက်ပျိုးတဲ့ စစ်ရှောင်စခန်းဟာ လူဦးရေ နှစ်ထောင်နီးပါးလောက် နေထိုင်ကြပြီး အလှူရှင်ကိုသာ မျှော်ကိုးနေရတာကြောင့် နှမ်းကိုအဓိကထား စိုက်ပျိုးကြတာ ဖြစ်ပါတယ်။

နှမ်းစိုက်ပျိုးတာ မအောင်မြင်တဲ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ (၃၁) ရက်နေ့က စစ်ရှောင်စခန်းမှာရှိတဲ့ စာသင်ကျောင်းအနီးအနားကို စစ်ကောင်စီဟာ တိုက်လေယာဥ် နှစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး သေဆုံးသူလည်းရှိခဲ့တဲ့အတွက် စစ်ရှောင်တွေဟာ ၎င်းတို့ လုံခြုံရေးကိုလည်း စိုးရိမ်ပူပန်နေကြရပါတယ်။

spot_img
spot_img

Recent posts