spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်တွေ သောင်းချီရှိနေတဲ့ လွိုင်ကော်အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းတွေကို ပိုမိုလှူဒါန်းပေးဖို့ စစ်ရှောင်တွေ တောင်းဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ရှောင်တွေ သောင်းနဲ့ချီပြီး ရှိနေတဲ့အတွက် စားနပ်ရိက္ခာလိုအပ်ချက်တွေများနေတာကြောင့် ပိုမိုလှူဒါန်းပေးဖို့ကို စစ်ရှောင်ကူညီတွေက တောင်းဆိုနေကြပါတယ်။

လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ရှောင်တွေနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ထင်ထင်ပေါ် ပေါ် မရှိတာကြောင့် အလှူရှင်တွေ စိတ်ဝင်စားမှုအားနည်းပြီး လာရောက်လှူဒါန်းတာတွေ နည်းပါးတယ်လို့ စစ်ရှောင်တွေကိုအကူအညီပေးနေတဲ့အသင်းမှ အဖွဲ့ဝင်တဦးက ပြောပါတယ်။

” လွိုင်ကော်အရှေ့ခြမ်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ဆို လိုင်းပေါ်မှာ သိပ်မတွေ့ရဘူး။ အဲ့ကြောင့်မို့ အလှူရှင်တွေစိတ်ဝင်စားမှုသိပ်မရှိဘူး ပြောလို့ရတယ်။ အားနည်းတယ်။ ဘာမှ မဖြစ်ဘူးလို့လည်းသိထားကြတဲ့ လူတွေလည်းရှိတယ်။ အဲ့မျိုးခါကြတော့ အမှန်ကတိုက်ပွဲမဖြစ်တဲ့နေရာဆိုရင် စစ်ရှောင်တွေ လာခိုလှုံကြတာ များတယ်လေ။ တိုက်ပွဲရှိတဲ့ နေရာတွေ မနေရဲဘူး။ အဲ့ကြောင့်မို့ ဒီဘက်ကို လာခိုလှုံကြတာများတယ်။ စားနပ်ရိက္ခာနဲ့ ပက်သက်ရင်တော့ လိုအပ်ချက်တွေ အများကြီး ရှိသေးတယ်” လို့ စစ်ရှောင်တွေကိုအကူအညီပေးနေတဲ့ အသင်းမှ အဖွဲ့ဝင်တဦးက ပြောပါတယ်။

တဖက်မှာလည်း လမ်းခရီး အခက်အခဲကြောင့် အလှူရှင်တွေ လက်လှမ်းမမီတာတွေ ရှိသလို ၊လမ်းခရီးပိုကောင်းပြီး ပိုနီးတဲ့ စစ်ရှောင်စခန်းတွေဆီကိုပဲ အလှူရှင်တွေပိုမိုရောက်လာကြတာကြောင့် လမ်းခရီး ပိုမိုခက်ခဲကြမ်းတမ်းတဲ့ နေရာက စစ်ရှောင်စခန်းတွေကိုလည်း ပိုမိုလာရောက် လှူဒါန်းပေးဖို့ စစ်ရှောင်တွေက တောင်းဆိုကြပါတယ်။

“ဖြစ်နိုင်ရင်ပေါ့နော်။ စေတနာစိတ်ထားလက်စနဲ့ ဒီအထိ လာပေးနိုင်ရင် ပိုကောင်းတယ်။ လာခဲ့ရင်လည်း ရောက်ခဲ့ရင်လည်း ကျေးဇူးတင်တယ်။ လှူခဲ့တဲ့ အလှူရှင် တွေကိုလည်း ကျေးဇူးတင်တယ်”လို့ ဒီးမော့ဆို ဘက်ကနေ လွိုင်ကော် အရှေ့ဘက်ခြမ်းကို စစ်ရှောင်လာတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ရှောင်နေတဲ့ အသက် ၃၂ နစ်အရွယ် အမျိုးသမီးတဦးကတော့ ပြီးခဲ့တဲ့ အစောပိုင်းကာလတွေမှာ အလှူရှင် တွေ လာရောက်တာတွေရှိပေမဲ့ နောက်ပိုင်းမှာတော့ အလှူရှင်တွေနည်းပါးလာပြီး ကိုယ်တိုင် ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

“အလှူရှင်က အရင်တလောဆို လာတော့လာပါတယ်။ နောက်ဒီ နှစ်လ၊သုံးလအတွင်းဆို မလာတော့ဘူး။ ကိုယ်တိုင်ရုန်းကန် အဲ့လိုမျိုးပဲပေါ့”လို့ အသက် ၃၂ အရွယ် စစ်ရှောင်အမျိုးသမီး တဦးက ပြောပါတယ်။

အဆိုပါ ဒေသဘက်မှာ စားနပ်ရိက္ခာ ဖူလုံမှု မရှိတဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ဆေးဝါး မလုံလောက်မှုတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ သူကဆက်ပြောပါတယ်။

အစောပိုင်းကာလတွေမှာ စစ်ရှောင်စခန်းတခုကို ဆေးပေးခန်းတခုစီထားရှိထားပေမဲ့ ဆေးဝါး မလုံလောက်မှုကြောင့် ဆရာမဦးရေလည်း လျော့နည်းလာတယ်လို့ ဆိုပါတယ်။

ကရင်နီပြည် လွိုင်ကော်အရှေ့ဘက်ခြမ်းမှာ စစ်ရှောင်စခန်း အုပ်စု ၄ စုရှိပြီး လူဦးရေ ၁၁၅၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ဒီထဲမှာ မသန်စွမ်း လူဦးရေစာရင်းမှာ ၈၀ နီးပါးလောက်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts