spot_img
Tuesday, November 29, 2022
spot_img

“စစ်ရှောင်ပညာရေးအလှူ ပြည်သူတစ်ရပ်လုံးဝိုင်းဝန်းကူ” ကမ်ပိန်းကို ဒီးမော့ဆိုကျောင်းသားသမဂ္ဂပြုလုပ်

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂကနေပြီး “စစ်ရှောင်ပညာရေးအလှူ ပြည်သူတစ်ရပ်လုံးဝိုင်းဝန်းကူ” ဆိုတဲ့ ကမ်ပိန်းတစ်ခုကို ပြုလုပ်နေတယ်လို့ ဒီးမော့ဆို အ.က.သ ရဲ့ ဥက္ကဌ ကိုခွန်း က ပြောပါတယ်။

“ကျနော်တို့ဒီ ဒီးမော့ဆိုမြို့နယ်မှာ စစ်ဇုန်ဖြစ်တယ်ပေါ့။ စစ်ဇုန်ဖြစ်တယ်ဆို အားလုံးလည်းသိတယ်ပေါ့နော်။ စစ်ဇုန်ဖြစ်တဲ့ အနေထားမျိုးမှာ ကျနော်တို့ကလေးငယ်တွေရဲ့ ပညာရေးကလည်းဖော်ဆောင်သင့်တာပေါ့။ ဖော်ဆောင်ရတဲ့အနေထားမှာ ကျနော်တို့မှာအခက်အခဲပေါင်းစုံက ရှိနေတဲ့အတွက်ကြောင့် ကျနော်တို့ဒီကမ်ပိန်းကို လုပ်ရတယ်ပေါ့။ ကလေးတွေရဲ့ Stationary ပိုင်း စာရေးကိရိယာပိုင်း ကျနော်တို့Target ထားပါတယ်ပေါ့။” လို့ ဒီးမော့ဆို အ.က.သ ရဲ့ ဥက္ကဌကိုခွန်းက ပြောပါတယ်။

ကမ်ပိန်းကို စက်တင်ဘာလ ၃ရက်နေ့ကနေ ၁၅ရက်နေ့အထိ သတ်မှတ်ထားပြီး သိန်း ၃၀၀ကျော် ရရှိနိုင်ဖို့ ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။ ကမ်းပိန်းမှာ ရရှိလာမယ့် အလှူငွေတွေကို စစ်ဘေးရှောင်ကလေးတွေရဲ့ ပညာရေးအတွက်လိုအပ်တဲ့ စာရေးကိရိယာတွေ ဝယ်ယူသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ စာသင်ကြားနေကြစဉ်။

လက်ရှိမှာတော့ ဒီးမော့ဆိုမြို့နယ်တစ်ခုတည်းကိုသာ အဓိကထားတာဖြစ်ပြီး နောက်ပိုင်းမှာ တခြားမြို့နယ်တွေအတွက်ပါ ကူညီပံ့ပိုးနိုင်ဖို့ ကမ်ပိန်းတွေ ဆက်လက်ပြုလုပ်သွားဖို့ ရှိတယ်လို့ ကိုခွန်းက ဆက်ပြောပါတယ်။

“ ဒီးမော့ဆိုမြို့နယ်ကို Target ထားတယ်ပေါ့။အထူးသဖြင့် အရှေ့ဘက်ခြမ်းပေါ့နော။ အရှေ့ဘက်ခြမ်းဆိုရင် ကျနော်တို့ လုပ်လာသမျှ လှုပ်ရှားလာသမျှထဲမှာ ကျနော်တို့ဒီအရှေ့ဘက်ခြမ်းမှာခါကျတော့ ကလေးသူငယ်တွေကို ကျနော်တို့တစ်စုံတစ်ရာ ကူညီနိုင်တာမရှိသေးဘူးပေါ့။ ဒါရိုးသားဆုံးဝန်ခံရမယ်ဆိုရင် အဲ့တော့ ဒီတစ်ခေါက်ကျတော့ ကျနော်တို့ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကော အနောက်ဘက်ခြမ်းကောကျနော်တို့ အတတ်နိုင်ဆုံးဖြည့်ဆည်းမယ်။ နောင်လာမယ့် ဥစ္စာပေါ့နော။ ကျနော်တို့ဒီကမ်ပိန်းတွေ ဆက်ဆက်လုပ်သွားဖို့ရှိတယ်။ အောင်မြင်မယ်ဆိုရင်တော့ တခြားမြို့နယ်ကိုတော့ ကျနော်တို့ကူးပြီးတော့မှ ကူညီစောင့်ရှောက်သွားချင်တယ်ပေါ့နော။ တခြားမြို့နယ်တွေကိုလည်း ကျနော်တို့ ဒီရှိသမျှ ကျနော်တို့ မျှဝေသွားချင်ပါတယ်ပေါ့နော။ ဒီတခြားမြို့နယ် ကျနော်တို့နဲ့ နီးကပ်တဲ့ဖရူဆိုမြို့နယ်ပဲဖြစ်ဖြစ်ပေါ့နော။ အဲ့လိုမျိုးတော့ ကျနော်တို့ ခြေလမ်းလှမ်း သွားချင်သေးတယ်ပေ့ါနော။ ကူညီထောက်ပံ့မှု လုပ်ပေးသွားချင်ပါတယ်။” လို့ ကိုခွန်းက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ အခြေခံပညာကျောင်းသားများသမဂ္ဂကနေပြီး ကြားကာလပညာရေးအတွက် ယာယီကျောင်း ၁၃၀ ဝန်းကျင်ဖွင့်လှစ်ထားပြီး သင်ကြားပေးသူ ဆရာ၊ ဆရာမ ၁၀၀၀ ဝန်းကျင်နဲ့ ကျောင်းသားဦးရေ ၁၈၀၀၀ ဝန်းကျင် တက်ရောက်သင်ကြားနေတယ်လို့ သိရပါတယ်။

ကရင်နီပြည်တွင်းက စစ်ရှောင်စခန်းတွေမှာ ကြားကာလပညာရေးကျောင်းတွေကို ဖွင့်လှစ်သင်ကြားနေပြီး အများအားဖြင့် မူလတန်းအဆင့်ထိသာ ဖွင့်လှစ်နိုင်ကြတာကြောင့် စစ်ရှောင်ကလေးတွေအတွက် စာရေးကိရိယာနဲ့ သင်ထောက်ကူပစ္စည်းတွေ အဓိက လိုအပ်နေတယ်လို့ ဆိုပါတယ်။

စာသင်ကျောင်းအများစုက မိုးကာတဲနဲ့ ဆောက်လုပ်ထားပြီး ရေရှည်စာသင်ကြားနိုင်ဖို့အတွက် ကျောင်းအသုံးအဆောင်ပစ္စည်း၊ စာရေးကိရိယာ၊ ငွေကြေး လိုအပ်နေဆဲဖြစ်တာကြောင့် ပါဝင်ကူကြဖို့ ကျောင်းသားသမဂ္ဂက တိုက်တွန်းနိုးဆော်ထားပါတယ်။ စစ်ရှောင်ပညာရေး လုပ်ဆောင်နေကြတဲ့အစုအဖွဲ့တွေနဲ့လည်း တိုင်ပင်ဆွေးနွေးပြီး ရှေ့ဆက်လုပ်ငန်းတွေ ဆောင်ရွက်ဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လွိုင်ကော်မြို့ပေါ်မှာ လျှပ်စစ်မီးပြတ်တောက်ပါက မီတာခဆောင်မှသာ ပြန်လည်ပြင်ဆင်ပေးနေ

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် လွိုင်ကော်မြို့ပေါ်မှာ အိမ်သုံးလျှပ်စစ်မီးတွေ အကြောင်းအမျိုးမျိုးကြောင့်ပြတ်တောက်သွားရင် လျှပ်စစ်မီတာခ ဆောင်ပြီးမှ ပြန်ပြင်ပေးနေတာတွေ ရှိတယ်လို့ လွိုင်ကော်မြို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ “မီးပျက်ရင် မီတာခတွေ ဆောင်ပြီးမှ ပြင်ပေးတယ်။ ကိုယ့်အိမ်က ပြတ်လို့ သွားပြင်ခိုင်းရင် မီတာခဆောင်ခိုင်းတာမျိုးပေါ့။” လို့ သူက ပြောပါတယ်။ ၂၀၂၁ခုနှစ်...

စေတနာ့ဝန်ထမ်းတွေနဲ့ အလယ်တန်းအထိ တိုးချဲ့ဖွင့်လှစ်တဲ့ ကိုယ်ထူကိုယ်ထကျောင်း

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိ ရွာတစ်ရွာက ကျောင်းတစ်ကျောင်းမှာ ဒေသခံကလေးတွေနဲ့ စစ်ရှောင်ကလေးတွေ ပညာဆက်ပြီးဆည်းပူးနိုင်ဖို့ လက်ရှိပညာသင်နှစ်မှာ ကျောင်းဖွင့် ထားတာ ၅ လ လောက်ရှိပြီလို့ ဆိုပါတယ်။ KG အတန်းကနေ ရှစ်တန်းအထိ ဖွင့်လှစ်ထားတဲ့ အဲ့ဒီကျောင်းမှာ ကျောင်းသူ၊သား ၁၅၀ ကျော် ပညာသင်ယူဆည်းပူး နေကြတာပါ။ အဆိုပါကိုယ်ထူကိုယ်ထကျောင်းမှာ စေတနာ့ဝန်ထမ်း...

မိုးဗြဲမှာ ကလေး ၃ဦး တောထဲသွားရင်း မိုင်းနင်းမိခဲ့၊ တစ်ဦးစိုးရိမ်ဒဏ်ရာရ

ကန္တာရဝတီတိုင်း(မ်) မိုးဗြဲမှာ ယမန်နေ့ (နိုဝင်ဘာလ ၂၇ရက်) မွန်းလွဲ ၁၂နာရီအချိန် တောထဲသွားလည်နေတဲ့ ကလေးငယ် ၃ဦး မိုင်းနင်းမိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရတဲ့ ဦးခေါင်း ဒဏ်ရာရရှိခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ “ တစ်ယောက်ကတော့ စိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်။ ကျန်တဲ့သူကတော့ ပေါင်တစ်ချက်ထိတယ်။ ပေါင်ရယ် ၊...

ဖရူဆိုမြို့နယ် က စစ်ဘေးရှောင်စခန်းတစ်ခုမှာ လူဦးရေရဲ့ တစ်ဝက်ခန့် ဖျားနာနေ၊

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တောင်ဘက် ဆိုသယ် စစ်ဘေးရှောင်စခန်းမှာ ရာသီအကူးအပြောင်းကြောင့် စစ်ရှောင်ပြည်သူတွေ တစ်ဝက်ခန့် ဖျားနာနေပြီး လူဦးရေ ၃၀၀ ခန့်က ရောဂါပြင်းထန်တယ်လို့ စေတနာဝန်ထမ်း သူနာပြု တစ်ဦးကပြောပါတယ်။ အဆိုပါ ဆိုသယ် စစ်ရှောင်စခန်းမှာ လူဦးရေ ၁၇၀၀ ရှိနေတာပါ။ " ကလေးတွေဆို...