spot_img
Friday, December 2, 2022
spot_img

စစ်ရှောင်မိသားစုတစ်ခုရဲ့ မနက်စာ

spot_imgspot_imgspot_imgspot_img

မနက် ၅နာရီခွဲအချိန်မှာ စစ်ရှောင် အိမ်ရဲ့ မီးဖိုချောင်ထဲ ဒေါ်ဂျူးလိယက်ဟာ မိသားစု မနက်စာအတွက် စတင်ချက်ပြုတ်နေတာဖြစ်ပါတယ်။

ဒေါ်ဂျူးလိယက်ကတော့ မနက်စာအတွက် တခြားသူတွေ မျှဝေထားတဲ့ ကျောက်ဖရုံသီးကို ချက်ပြီး သိမ်းထားတဲ့ မုန်ညင်းချဉ်ခြောက်ကို အထောင်းလုပ်ပြီး မနက်စာအတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။

သူတို့ဟာ ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်စခန်း တစ်နေရာမှာ မိသားစု ၅ယောက်နေထိုင်ကြတာဖြစ်ပါတယ်။

စစ်ရှောင်တွေဟာ အလှူရှင်တွေကို မှီခိုနေရပြီး တချို့သီးနှံတွေစိုက်နိုင်တဲ့မိသားစုတွေက စိုက်ပျိုးကြပါတယ်။

စစ်ရှောင်နေတာ တစ်နှစ်ကျော်ရှိသွားပြီဖြစ်ပါတယ်။

ဒေါ်ဂျူးလိယက်မိသားစုလိုပဲ ကရင်နီပြည်မှာ စစ်ဘေးရှောင် နှစ်သိန်းကျော်ရှိနေပါတယ်။

သူတို့တွေဟာ လက်ရှိမှာ နေရပ်မပြန်နိုင်သေးသလို စစ်ရှောင်စခန်းမှာပဲ နေထိုင်နေရတဲ့အတွက် နေ့စဉ်ချက်ပြုတ်စားသောက်ဖို့ နည်းမျိုးစုံကြိုးစားနေရအုံးမှာဖြစ်ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

စစ်ရှောင်တစ်ဦးရဲ့ တစ်နေတာ လှုပ်ရှားမှု

ကန္တာရဝတီတိုင်း ( မ် ) ဒေါ်ဖရန်းစစ္စကာဟာ ဒေါငံရောက်ကျေးရွာကစစ်ရှောင်တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာ ဒီးမော့ဆိုအနောက်ခြမ်းတစ်နေရာမှာ စစ်ရှောင်နေပါတယ်။ သူမနေထိုင်တဲ့ စစ်ရှောင်စခန်းမှာ ခက်ခဲစွာရှာဖွေစားသောက်နေရပါတယ်။ သူမမှာသားတစ်ယောက်သမီးတစ်ယောက်ရှိပြီး ခင်ပွန်းဖြစ်သူမှာ အဝေးနေရာသို့ သွားရောက်အလုပ်လုပ်ကိုင်နေပါတယ်။ လက်ရှိစစ်ရှောင်မှာ တောင်ယာအနည်းငယ် စိုက်ပျိုးထားတယ်လို့ သိရပါတယ်။ တစ်နေ့တစ်နေ့တောင်ယာသွားလိုက် ထင်းရှာလိုက် ရေခပ်လိုက်နဲ့ သူမရဲ့တစ်နေ့သာကုန်ဆုံးနေတာပါ။ ဒါဟာကရင်နီပြည်ထဲက စစ်ရှောင်မိခင်တစ်ဦးရဲ့ တစ်နေ့သာလှုပ်ရှားမှု မှတ်တမ်းဖြစ်ပါတယ်။ https://youtu.be/65QVJw2CDpY

ဖယ်ခုံမြို့နယ်က စစ်ဘေးဒုက္ခသည်တချို့ရဲ့ စားဝတ်နေရေးအခက်အခဲအပေါ် ပြောစကား

  စစ်ရှောင် တစ်နှစ်ကျော်ကြာကာလအတွင်း ဖယ်ခုံမြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေဟာဆိုရင် အလှူရှင်တွေကို အဓိကမှီခိုနေရပေမယ့် စားဝတ်နေရေးအတွက် တနိုင်တပိုင် ဖြေရှင်းနေကြတဲ့ အခြေအနေ နဲ့ ပတ်သက်ပြီး စစ်ဘေးဒုက္ခသည်တချို့ရဲ့ ပြောဆိုချက်ကို သွားရောက်မေးမြန်းတင်ဆက်ထားတာဖြစ်ပါတယ်။ စစ်ရှောင်အမျိုးသမီး တစ်ဦး “ ရွာမှာတော့ အိမ်မရှိတော့ဘူး။ အိမ်လောင်ကုန်ပြီလေ။ ဒီမှာလာနေတာ ဒေသခံတွေ တောင်ယာပေးလုပ်တယ်လေ။ တောင်ယာစပါးနည်းနည်းလုပ်တာ ကြွက်နဲ့...

စစ်ရှောင်စာသင်ကျောင်းတစ်ခုမှာ သင်ပုန်းမလုံလောက်၊ မိုးကာပေါ် စာရေးသင်ကြားနေရ

ကန္တာရဝတီတိုင်း( မ် ) ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်စာသင်ကျောင်းတစ်ခုမှာ KG တန်းအတွက် စာသင်ပုန်းမလုံလောက်တဲ့အတွက် ကျောင်းက အမိုးအကာ ပေါ်မှာ စာရေးသင်ကြားပေးနေရတယ်လို့ ဆရာမ တစ်ဦးက ပြောပါတယ်။ "ကျမတို့ KG တန်းမှာ White Board မရှိတော့ ဆရာမတစ်ယောက်ကနေပြီးတော့ မိုးကာပေါ်မှာဘဲ စာရေးပေးရတယ် အဲလိုမျိုးပေါ့။" လို့...

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှု ဆက်တိုက်လုပ်ဆောင်နေ

ကန္တာရဝတီတိုင်း (မ်) ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီရဲ့ အခြေစိုက်တပ်တွေက နိုဝင်ဘာလ ၂၃ ရက်နေ့က စတင်ပြီး လက်နက်ကြီးတွေနဲ့ နေ့ရောညပါ ဆက်တိုက် ပစ်ခတ်မှု လုပ်ဆေင် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားမှုမရှိပဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်လာတဲ့အတွက် ကျေးရွာတွေထဲကျပြီး အရပ်သားထိခိုက်တာတွေ၊...