spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်မှာ တစ်ပိုင်တစ်နိုင် ဝက်သားပေါက်လေး မွေးမြူနိုင်အောင် ဒေသဖွံ့ဖြိုးရေးအဖွဲ့တစ်ခုက ကူညီပေးနေ

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်တစ်ခုမှာ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူနိုင်အောင် ဒေသဖွံ့ဖြိုးရေးအဖွဲ့ တစ်ခုက ဝက်သားပေါက်လေးတွေကို စစ်ဘေးရှောင်ဆီ ဇူလိုင်လ ဒုတိယအပတ်မှာ သွားရောက်ပေးဝေထားပါတယ်။

ဝင်ငွေမရှိတဲ့ စစ်ရှောင်တွေအတွက် ဝင်ငွေ ရရှိနိုင်ဖို့ နဲ့ စစ်ဘေးရှောင် အမျိုးသမီးများအတွက် အလုပ်အကိုင်ရှိဖို့ကို အဓိကရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။

“ဝက်မ မွေးထားတဲ့သူက ဝက်ကလေးပေါက်လာလို့ရှိရင် တစ်ခြားတစ်ယောက်ကို တစ်ကောင်ပွားပေးရမယ်၊ ဝက်ထီး မွေးတဲ့သူက ရောင်းလို့ရှိရင် တစ်ခြားတစ်ယောက်ကို တစ်ကောင် ပြန်ဝယ်ပေးရမယ်၊ ပြီးတော့ စားဝတ်နေရေး အဆင်ပြေဖို့အတွက်ရယ်၊ စစ်ရှောင်မှာ အလုပ်တစ်ခုခုရှိဖို့ ဆိုပြီး မွေးမြူခိုင်းတယ်” လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်အချို့မှာ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်မွေးမြူထားတဲ့ ကြက်တွေရှိနေပေမဲ့ ကြက်နာကျတဲ့ ရောဂါတွေကြောင့် သေဆုံးမှုတွေရှိနေပါတယ်။ စစ်ရှောင်စခန်းအတွင်း မွေးမြူရေးပိုင်းမှာလည်း ကန့်သတ်ချက် အချို့ရှိနေတဲ့အတွက် အခက်အခဲ ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဒေသခံတွေဆီကနေ ဝက်သားပေါက်တွေ ရှားပါးလာသလို စျေးနှုန်း မြင့်မားလာတဲ့အပြင် ဝက်စာများ ရှာဖွေရာမှာလည်း အခက်အခဲ အချို့ရှိနေကြတယ်လို့လည်း ဆိုပါတယ်။

အဆိုပါ စစ်ရှောင်အတွင်း ဝက်သားပေါက်မွေးမြူနိုင်အောင် ဆောင်ရွက်ပေးနေတဲ့ ဒေသဖွံ့ဖြိုးရေးအသင်းတစ်ခုအနေနဲ့ ဝက်သားပေါက် ကောင်ရေ (၃၀) ကို ပထမအသုတ်အနေဖြင့် မွေးမြူနိုင်အောင် ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts