spot_img
Monday, March 27, 2023
spot_img

စစ်ရှောင်ရင်းဆုံးပါးသွားရသူကို ကျေးရွာအထိ ခဏတစ်ဖြုတ်ပြန် သင်္ဂြိုလ်ပြီး စစ်ရှောင်စခန်းဆီ ပြန်ထွက်ခွာကြရတဲ့ ဖရူဆို စစ်ရှောင်များ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

စစ်ရှောင်စခန်းကနေ ကျေးရွာဆီကို လူနာ ထမ်းပြီး ပြန်လာနေကြတဲ့ ဖရူဆို စစ်ရှောင်တချို့ ကို တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။

စစ်ရှောင်စခန်းမှာ နေထိုင်ရင်း ဖျားနာနေတဲ့ အသက် ၆၀ ကျော်အရွယ် အဖိုး ဦးမီရယ် ကို ထမ်းပြန်ကြတာဖြစ်ပြီး ခရီးလမ်းတစ်ဝက်မှာ ဆုံးပါးသွားခဲ့ရတယ်လို့ စစ်ရှောင်တစ်ဦးက ပြောပြပါတယ်။ သူကတော့ သက်ကြီးရောဂါ ခံစားနေရတာဖြစ်ပါတယ်။

“ ကျနော်တို့ စစ်ရှောင်မှာနေကြတာ။ သူက ရွာမှာပဲ ပြန်ဆုံးချင်တယ် အဲလိုပြောတော့ ကျနော်တို့ သူ့ကိုထမ်းပြန်ရင်း သူ တောင်ပေါ်မှာပဲဆုံးသွားတယ်။ ပြီးတော့ ရွာမှာ ပြန်ထားတယ်။ လမ်းမရှိဘူးလေ။ တောင်တက်ရတာ နှစ်လုံး၊ သုံးလုံး တောင်ပြီး တစ်ခါပြန်ဆင်း။ ရွာထဲ ပြန်ထမ်းပြန်ရတာပေါ့ သူဆုံးပြီးတော့။ ဆိုင်ကယ်လမ်း၊ ကားလမ်းလည်း မရှိဘူး တောလမ်းပဲပေါ့။ “

ပရေဆိုလဲစစ်ရှောင်စခန်းမှာ နေထိုင်တဲ့စစ်ရှောင်တွေ ဖြစ်ပြီး ကျေးရွာအထိ ခြေကျင်နဲ့ ၃နာရီခွဲစာလောက် သွားရတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ကဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“ ကျနော်တို့ ရွာကပဲ ဆိုလို့ရှိရင် လက်ရှိတစ်ယောက်ပါပါ စစ်ရှောင်ရင်း သုံးယောက်ဆုံးသွားပြီပေါ့။ ဖျားနာရင်းဆုံးသွားကြတာပေါ့။ ရောဂါ အခြေအနေ အတိကျတော့ မသိရဘူးပေါ့။ ခေါင်းမူး၊ လည်ချောင်းနာ ပြီး အေးတော့ အဲ့လိုဖြစ်သွားကြတာပေါ့။ စစ်ရှောင်စခန်းမှာ တစ်ယောက်ဆုံးတယ်။ တစ်ယောက်က ရွာထဲ ထမ်းပြန်ပြီး နောက်တစ်ညမှာဆုံးတယ်။

ကျေးရွာအနီးနားတွေမှာ စစ်ကောင်စီတပ်တွေ ရှိနေတဲ့အတွက် ဆုံးပါးသွားတဲ့ သူတွေဆိုရင် ကျေးရွာအထိ ခဏတဖြုတ်ပြန် သင်္ဂြိုလ်ပြီး စစ်ရှောင်ဆီ ပြန်ထွက်ခွာသွားရပြန်ပါတယ်။

အဲဒီစစ်ရှောင်စခန်းမှာဆိုရင် နယ်လှည့်ကုသပေးတာကိုပဲ အားကိုးနေရပြီး ဆေးဝါးကုသမှု လုံလောက်မှု မရှိတဲ့ နေရာဖြစ်ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...