spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်အမျိုးသမီးတွေ ဝင်ငွေရရှိဖို့ လက်လုပ် ချည်ဦးထုပ်နဲ့ ခေါင်းစည်းကြိုးတွေပြုလုပ်ရောင်းချ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီမော့ဆိုမြို့နယ်ထဲက ပွန်ချောင်းစစ်ရှောင်စခန်းမှ စစ်ရှောင်အမျိုးသမီးတွေဟာ တဖက်တလမ်းက ဝင်ငွေရရှိဖို့အတွက် လက်လုပ်ချည်ဦးထုပ်နဲ့ ခေါင်းစည်းကြိုးတွေ ကိုယ်တိုင်ပြုလုပ်ပြီးရောင်းချနေကြတယ်လို့ စစ်ရှောင်အမျိုးသမီးတွေကို ကူညီနေတဲ့ ကယားလီဖုလူငယ်အဖွဲ့ဝင် မော်စူးမြာက ပြောပါတယ်။

“ အဓိက သူတို့ကို ဝင်ငွေပေါ့နော်၊ စားဝတ်နေရေး အတွက် ရေရှည် ဒီအလှူရှင်တွေဆီကနေပဲ မျှော်တာက တခါတလေမှာ လုံလောက်မှုမရှိဘူး။ သူတို့ကိုယ်တိုင်လည်း ဝင်ငွေတဖက်တလမ်းကနေရအောင် ဆိုပြီးတော့မှ ထုတ်ကုန်တွေကို သူတို့ ပြုလုပ်ရခြင်းဖြစ်တယ် “ လို့ မော်စူးမြာကပြောပါတယ်။

အဆိုပါ ထုတ်ကုန်တွေကို ထုတ်လုပ်နိုင်ဖို့အတွက် ကယားလီဖုလူငယ်အဖွဲ့က ထောက်ပံ့ပေးထားတာဖြစ်ပြီး အမျိုးသမီးတွေကိုယ်တိုင် ထုတ်လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

“ ဒီပြည်တွင်းက အဓိက ပွန်ချောင်းဘက်က စစ်ရှောင်တွေ ဟုတ်တယ်ပေါ့နော်၊ ပွန်ချောင်း စခန်း ၁၊ ၂၊ ၃ တွေက အထူးသဖြင့် စစ်ရှောင် အမျိုးသမီးတွေက အားတဲ့အချိန်မှာ သူတို့ရဲ ဝင်ငွေ တဖက်တလမ်းကနေ ရရှိအောင်ဆိုပြီးတော့မှ ဒီချည်တွေကို ပံ့ပို့ပေးတယ်” လို့ မော်စူးမြာကပြောပါတယ်။

ပွန်ချောင်းစစ်ရှောင်စခန်းမှာ အမျိုးသမီး ဦးရေ ၃၀ လောက်က ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ ထုတ်လုပ်ပြီးတဲ့ ချည် ဦးထုပ် အလုံး ၆၀၀ နဲ့ ခေါင်းစည်းကြိုး အခု ၂၀၀ လောက် ရှိတယ်လို့ သိရပါတယ်။

လက်ရှိခက်ခဲနေတဲ့ ကရင်နီ စစ်ရှောင်တွေကို ကူညီတဲ့ အနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို ပြည်တွင်းပြည်ပက အလှူရှင်တွေကနေ ပြန်လည်ဝယ်ယူအားပေးဖို့ကိုလည်း မော်စူးမြာက တောင်းဆိုထားပါတယ်။

Photo – Karenni Craft Corner
spot_img
spot_img

Recent posts