spot_img
Thursday, June 8, 2023
spot_imgspot_imgspot_imgspot_img

စစ်သုံ့ပန်းတစ်ဦးကို ကျဉ်စက်နဲ့ တို့ခဲ့တဲ့ ရဲဘော်ကို KNDFမှ အရေးယူဆောင်ရွက်ခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဧပြီလ (၂၇)ရက်က ဖေ့စ်ဘွတ်လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ရဲဘော်တစ်ဦး ကနေပြီးတော့ စစ်သုံ့ပန်းတစ်ဦးကို ကျဉ်စက်နဲ့ တို့တဲ့ ဗီဒီယို ပျံ့နှံ့ခဲ့ပြီး ကျူးလွန်ခဲ့တဲ့ ရဲဘော်နဲ့ အနီးအနားက ကျီစယ် နောက်ပြောင်ခဲ့တဲ့သူတွေကို KNDF သက်ဆိုင်ရာကနေပြီး အရေးယူဆောင်ရွက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)မှ မေလ (၁၅)ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဘယ်လိုပုံစံနဲ့ အရေးယူဆောင်ရွက်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖော်မရေးသားထားပါဘူး။ အဆိုပါ ဖြစ်ရပ်ကို ကျူးလွန်သူတွေအနေနဲ့ နှိပ်စက်ညှင်းပန်းလိုတဲ့ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

KNDFအနေနဲ့ စစ်သုံ့ပန်းတွေကို ဂျီနီဗာကွန်ဗန်းရှင်း၊ KNDFရဲ့ စစ်သုံ့ပန်းဆိုင်ရာမူဝါဒ အတိုင်း လူ့ဂုဏ်သိက္ခာနဲ့အညီ ထိန်းသိမ်းထားပြီး စစ်သုံ့ပန်းစံချိန်စံနှုန်းနဲ့အညီ ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

“ KNDF သည် လူ့အခွင့်အရေးနှင့် ဆန့်ကျင်ပြီး ပြည်သူလူထုနှင့် စစ်သုံ့ပန်းများအား နှိပ်စက်ညှဉ်းပန်းခြင်းကို တားမြစ်ပြီး ပြုလုပ်သူကိုလည်း သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သည်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖေ့စ်ဘွတ်လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုကြောင့် အမှန်တရားနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ ပြည်တွင်းပြည်ပ ပြည်သူတွေ၊ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတွေကို ဝမ်းနည်းစိတ်အနှောက်ယှက်ဖြစ်စေတဲ့အတွက် တောင်းပန်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNDFအနေဖြင့် အမှန်တရားနှင့် ပြည်သူလူထုအတွက် ဆက်လက်တိုက်ပွဲဝင် သွားမှာဖြစ်ကြောင်းနဲ့ ညှင်းပန်းနှိပ်စက်ခြင်း၊ တရားမျှတမှုမရှိခြင်း နဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ပုံစံမှန်သမျှကို ကန့်ကွက်ရှုတ်ချတယ်လို့ လူထုကို အသိပေးထားပါတယ်။

Recent posts