spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNYO ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး၊ အာဏာရှင်ဟူသမျှချုပ်ငြိမ်းရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီတည်ဆောက်ရာမှာ အခြားသော တိုင်းရင်းသားအဖွဲ့တွေ၊ မဟာမိတ်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကရင်နီအမျိုးသားလူငယ်အစည်းအရုံး(KNYO)မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတာတော့ရှိပါတယ်။ ပြည်တွင်းမှာရှိတဲ့ မဟာမိတ်တွေနဲ့ နောက်ပြီးတော့ ဒီစစ်အာဏာရှင်ကို တွန်းလှန်ကြတဲ့ ပြည်သူတွေအနေနဲ့ကော ကျနော်တို့ ဦးဆောင်တာတွေလည်း ရှိခဲ့ပါတယ်။ နောက်ဆက်လက်ပြီးတော့လည်း ဒီစစ်အာဏာရှင်စနစ်ကို ကျနော်တို့ အတူတူတွန်းလှန်ပြီး ကျနော်တို့ အတူတူဝိုင်းဝန်းလုပ်ဆောင်သွားမယ်လို့ အဲ့ဒီလိုမျိုး ရည်ရွယ်ထားလို့ပဲ ကျနော်တို့ ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။” လို့ သူက ပြောပါတယ်။

ကရင်နီအမျိုးသားလူငယ်အစည်းအရုံး(KNYO)ကနေ ( ၇ ) ကြိမ်မြောက် ညီလာခံကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ဘန့်မိုင်နန်းဆွယ်ခန်းမဆောင်မှာ ဩဂုတ်လ ၅ရက်နေ့နဲ့ ၆ရက်နေ့ နှစ်ရက် ပြုလုပ်ခဲ့ပြီးနောက် ဒီကနေ့ (ဩဂုတ်လ ၇ရက်)မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

ဖယ်ဒရယ်တည်ဆောက်တဲ့နေရာမှာလည်း လူထုတွေကို အသိပညာပေးတာ၊ လူထုတစ်ရပ်လုံးနိုးကြားလာအောင် လှုံဆော်ပေးတာကို လူငယ်အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ညီလာခံမှာ ကရင်နီအမျိုးသားလူငယ်အစည်းအရုံးရဲ့ နိုင်ငံရေးအစီရင်ခံစာ တင်သွင်းတာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ဆွေးနွေးတာ၊ အတည်ပြုတာ၊ လုပ်ငန်းစဉ် ချမှတ်တာ စတဲ့အချက်တွေကို ထည့်သွင်းပြုလုပ်ခဲ့ပါတယ်။

ညီလာခံကို ပြည်တွင်းနဲ့ နယ်စပ်ကလူငယ် (၁၄၄) ဦးတက်ရောက်ခဲ့ပြီး လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကရင်နီအမျိုးသားလူငယ်အစည်းအရုံး ညီလာခံဖြစ်ပါတယ်။ ညီလာခံမှာ လူငယ်အလုပ်အမှုဆောင် ဗဟိုကော်မတီ (၄) ဦးနဲ့ ဗဟိုကော်မတီဝင် (၁၁) ဦး တို့ကိုလည်း လျို့ဝှက်မဲစနစ်နဲ့ ပြန်လည်ရွေးချယ် ဖွဲ့စည်းအတည်ပြုခဲ့ပါတယ်။

spot_img
spot_img

Recent posts