စစ်​ကောင်စီ အစိုးရခေါ်ယူမယ့် UECအစည်းအဝေးကို ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေ တက်ရောက်မည် မဟုတ်

0
252

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီအစိုးရကနေပြီးတော့မှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အသစ်ပြန်လည်ဖွဲ့စည်းလိုက်ပြီး လာမယ့် ၂၆ရက်နေ့မှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ ဖိတ်ကြားတဲ့အပေါ် ကယားပြည်နယ်က တိုင်းရင်းသားပါတီနှစ်ခုလုံးက တက်ရောက်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) နဲ့ ကယန်းအမျိုးသားပါတီ(KNP) နှစ်ခုလုံးရဲ့ လူမှုကွန်ယက်စာမျက်မှာပေါ်မှာ လည်း ပါတီရဲ့ မူဝါဒအရ တက်ရောက်မှာ မဟုတ်ဘူးလို့ ဖော်ပြထားကြပါတယ်။

KySDPပါတီ အတွင်းရေးမှူး ဦးသဲရယ် ကတော့ “ ကျနောတို့ ပါတီမူဝါဒအရ ကျနော်တို့ မတက်ရတာဖြစ်တယ်။ အဓိကတော့ ဒီစစ်အုပ်ချုပ်တာကို ကျနောတို့ မလိုလားဘူး။ပြီးတော့မှ တကယ့်လွတ်လပ်မျှတတဲ့ UECကိုပဲ ကျနော်တို့ လက်ခံတယ်။ အဲ့တာကြောင့် ကျနော်တို့ ဒီ UEC လုပ်မယ့် အစည်းအဝေးတွေကိုတော့ ကျနော်တို့ မတက်ဖို့ ဆိုပြီးတော့ ပါတီက ဆုံးဖြတ်ထားတယ်။ နောက်တစ်ခုက အစည်းအဝေးလို့ ပြောတဲ့နေရာမှာ ဘာအကြောင်းအရာ ဆွေးနွေးမယ်ဆိုတာကလည်း တိတိကျကျဖော်ပြထားတာ မရှိတဲ့ အခါကျတော့ ကျနောတို့လည်း တက်ရောက်ဖို့ ဆုံး ဖြတ်တဲ့အခါ လည်း ကျနောတို့ အတွက် အများကြီး အခက်အခဲရှိတယ်ပေါ့နော။” လို့ပြောပါတယ်။

KySDPပါတီကိုတော့ အစည်းအဝေးတက်ရောက်ဖို့အတွက် ဖိတ်ကြားစာကို (၂၂)ရက်နေ့က ပေးပို့လာတာဖြစ်ပြီး မနေ့က အစည်းအဝေးထိုင်ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။


လက်ရှိ စစ်အစိုးရဟာဆိုရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုပြီး အာဏာသိမ်းခဲ့တာလည်း ဖြစ်ပါတယ်။