spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စည်းကမ်းပျက် လုပ်ငန်းများ အရေးယူနိုင်ရန် ပြည်နယ်လွှတ်တော်မှ အစိုးရကိုတိုက်တွန်း

Author

Date

Category

စိုင်းလင်းလင်းဦး

နိုင်ငံတော်ဘဏ္ဍာသုံး တည်ဆောက်ရေးလုပ်ငန်းများမှ တင်ဒါစည်းကမ်းဖေါက်ဖျက်ကာ အရည်အသွေးပြည့်ဝစွာ တာဝန်ယူ၊ တာဝန်ခံမှုဖြင့် မလုပ်ဆောင်နိုင်သော ကုမ္ပဏီများ၊ ဝန်ထမ်းများကို ထိရောက်စွာအရေးယူပေးရန် ကယားပြည်နယ်လွှတ်တော်က အဆိုတင်သွင်းကာ ပြည်နယ်အစိုးရသို့ တိုက်တွန်းလိုက်သည်။

တင်ဒါသတ်မှတ်ချက်စာချုပ်ပါစည်းမျဉ်းစည်းကမ်းအတိုင်း စိစစ်အရေးယူရန် ဘောလခဲမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်က တိုက်တွန်းကြောင်းအဆိုကို ဇန်နဝါရီလ ၂၃ ရက်နေ့က ကျင်းပခဲ့သော ဒုတိယအကြိမ်ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် တင်သွင်း ဆွေးနွေးအတည်ပြုချက်ရယူပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ဆုံးဖြတ်ချက်အရ အတည်ပြုခဲ့ခြင်းဖြစ်သည်။

လမ်း၊ တံတားများအပါအဝင် အခြားတည်ဆောက်ရေးလုပ်ငန်းပေါင်း ၁၂၂ ခု၏ လုပ်ငန်းပိုင်းဆိုင်ရာ အရည်အသွေးများ၏ လုပ်ငန်းနှင့်ပတ်သက်၍ စိစစ်ရာတွင် သတ်မှတ်ထားသော အရည်အသွေးများ မပြည့်မှီခြင်းများနှင့် စီမံခန့်ခွဲရေးဆိုင်ရာအားနည်းချက်များ တွေ့ရှိခဲ့ပြီးနောက် ကယားပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းလေ့လာစောင့်ကြည့်စစ်ဆေးရေးကော်မတီ၏ တွေ့ရှိချက်အစီရင်ခံစာတွင် လုပ်ငန်းနှင့်ပတ်သက်၍ တာဝန်ရှိသူ အစိုးရထံသို့ မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်က “ကွင်းစစ်စစ်ဆေးတဲ့ဟာတွေရှိတယ်။ အဲ့ဒီလိုစစ်ဆေးတဲ့အခါ တချို့ဟာတွေက ကြီးကြပ်မှုတွေအားနည်းတာ၊ တချို့နေရာတွေက အင်ဂျင်နီယာတွေမရှိဘူး၊ အချို့ဟာတွေက ကုမ္ပဏီအကြီးအကဲတွေ ဌာနအကြီးအကဲတွေမရှိတာတွေ့ရတယ်ပေါ့နော်။ တချို့ဟာတွေက စံချိန်စံညွှန်းတွေနဲ့ မမှီဘူးပေါ့နော် အဲ့ဒါတွေနဲ့ပတ်သက်ပြီး အဆိုတင်ရခြင်းဖြစ်တယ်ပေါ့။” ကယားပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းလေ့လာစောင့်ကြည့်စစ်ဆေးရေးကော်မတီ၏ ဥက္ကဌ ဦးစိုးရယ်က ကန္တာရဝတီတိုင်း(မ်)ကို ပြောသည်။

အဆိုပါ ဆောင်ရွက်နေသောလုပ်ငန်းများအတွက် တာဝန်ယူမည့် အကြီးအကဲမရှိခြင်း၊ လုပ်ငန်းအတွက် အင်ဂျင်နီယာမပါဝင်ခြင်း၊ ဌာနမှ ကြီးကြပ်မှုအားနည်းခြင်းနှင့် လွှတ်တော်ကော်မတီ၏ တင်ပြချက်များကို အချို့သော ဝန်ကြီးဌာနမှ ဆောင်ရွက်မှုအားနည်းခြင်းများကို တွေ့ရှိရကြောင်း ယင်းလွှတ်တော်အစည်းအဝေး၌ ပြည်သူ့ငွေစာရင်းလေ့လာစောင့်ကြည့်စစ်ဆေးရေးကော်မတီမှ ၎င်း၏အစီရင်ခံစာကို ဖတ်ကြားတင်သွင်းခဲ့သည်။

လုပ်ငန်းတင်ဒါများခေါ်ယူရာတွင် တင်ဒါစည်မျဉ်းစည်းကမ်းအတိုင်းတာ စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ကာ စာချုပ်ပါအချက်များကို လုပ်ငန်းလုပ်ကို်င်သူများက ဖျောက်ဖျက်ပါက အမည်ပျက်စာရင်းသွင်းခြင်း၊ လာမည့်လုပ်ငန်းတင်ဒါများခေါ်ယူရာတွင် စည်းကမ်းဖျောက်ဖျက်ထားသော လုပ်ငန်းရှင်များကို ထည့်သွင်းစဉ်းစားမည်မဟုတ်ဟု အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကယားပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူက လွှတ်တော်အစည်းအဝေးတွင် ပြန်လည်ဆွေးနွေးထားသည်။

ထို့အပြင် ယင်းလွှတ်တော်အစည်းအဝေး၌ လွှတ်တော်သို့တင်ပြခဲ့သော အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ အစီရင်ခံစာတွင်လည်း မေးခွန်း ၃၂ နှင့် အဆို ၃ ခု တို့တွင် ၂၂ ခုက ကတိကဝတ်ဖြစ်ပေါ်ခဲ့ပြီး အစိုးရမှ တာဝန်ယူလုပ်ကိုင်ဆောင်ရွက်ရမည့်မေးခွန်း ၁၅ ခုနှင့် အဆို ၃ ခုတို့မှာ အကောင်အထည်ဖေါ်ရန် ကျန်ရှိနေဆဲဖြစ်ကြောင်း ကော်မတီ၏ အစီရင်ခံစာက ဆိုထားသည်။

အစိုးရမှ တာဝန်ယူလုပ်ဆောင်ရမည့် အဆိုပါ မေးခွန်းနှင့် အဆိုကို အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီက စောင့်ကြည့်နေလျှက်ရှိပြီး အစိုးရမှ ကတိကဝန်များကို တာဝန်ကျေပွန်အောင် အလေးထားဆောင်ရွက်ပါဟု ကော်မတီမှ ထပ်မံတိုက်တွန်းထားသည်။

spot_img
spot_img

Recent posts