spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စနစ်ပြောင်း စည်ပင်မြို့ဝင်ဘီးခွန် ၂ ပတ်အတွင်း ကျပ် ၂၅ သိန်းကျော် ကောက်ခံရရှိ

Author

Date

Category

စိုင်းလင်းလင်းဦး။       ။

 

စနစ်ပြောင်းလဲ ကောက်ခံလိုက်သော မြို့ဝင်ဘီးခွန်ကြေး ရက်သတ္တပတ် ၂ ပတ်အတွင်း အခွန်ငွေ ကျပ် ၂၅ သိန်းကျော်အထိ ကောက်ခံရရှိခဲ့ကြောင်း ကယားပြည်နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ ယမန်နှစ်က အသုံးပြုခဲ့သော အဆိုပါ ဘီးခွန်စနစ်အား ယခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြောင်းလဲကျင့်သုံးလိုက်သော စနစ်ဖြင့် ကောက်ခံနေခြင်းဖြစ်သည်။

ဧပြီလ ၁ ရက်နေ့မှ စတင်၍ စနစ်ပြောင်းလဲကောက်ယူခဲ့သည့် ဧပြီလ ၂ဝ ရက်နေ့အထိ ယာဉ်အမျိုးအစားအမျိုးမျိုး ၃၉၃ စီးထံ အခွန်ကောက်ခံရရှိနေပြီဟု ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ဒုညွှန်ကြားရေးမှူး ဦးသန်းထွန်းက အတည်ပြုပြောကြားသည်။

“အခုလကစလို့ ကောက်လိုက်တာ။ ကညနမှာလိုင်စင်လုပ်မယ့် ယာဉ်တွေ ဆောင်ထားတာတော့ ရပါပြီ။” ဟု ဦးသန်းထွန်းက ပြောသည်။

ဧပြီလမှ စတင်ပြီး ယခင်လမ်းတားကောက်ခံခြင်းအစား ပြည်နယ်အတွင်းရှိ ယာဉ်များသည် ၂၀၁၇-၁၈ ခုဘဏ္ဍာရေးနှစ်တွင် ယာဉ်သက်တမ်းတိုးဆောင်ရွက်ရာ၌ စည်ပင်သာယာရေးအဖွဲ့ရုံး၏ ဘီးခွန်ပေးဆောင်ပြီးကြောင်း  အထောက်အထားပါရှိမှသာ ကယားပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာနရုံးတွင် ယာဉ်လိုင်စင်နှင့် ယာဉ်လိုင်စင်သက်တမ်းတိုးခြင်းလုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ယာဉ်မှတ်ပုံတင်ပြုလုပ်ရန်နှင့် လိုင်စင်သက်တမ်းတိုးရန်အတွက် လာရောက်လျှောက်ထားလိုပါက က.ည.န ရုံးဝန်းအတွင်းနှင့် လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးရုံးအစရှိသော နေရာများ၌ စည်ပင်ဘီးခွန် သက်သေခံကဒ်ပြားများ ဦးစွာလာရောက်လုပ်ဆောင်ကြရန် စည်ပင်သာယာရေးအဖွဲ့မှ နိုးဆော်ထားသည်။

ယခင် ဘတ်ဂျတ်နှစ်များ၌ မြို့ဝင်ဘီးခွန်ကို လမ်းတားစနစ်ဖြင့် ကောက်ခံခဲ့သည် ဓါတ်ပုံ-စိုင်းလင်းလင်းဦး

ယခုစနစ်ကြောင့် အခြားပြည်နယ်/တိုင်းများမှ လာရောက်သော ယာဉ်များကို ကောက်ခံရရှိတော့မည် မဟုတ်ဟု သိရသည်။ ထို့အပြင် ပြည်နယ်အတွင်း မောင်းနှင်အသုံးပြုနေသော လိုင်စင်မဲ့မော်တော်ယာဉ်များထံ မြို့ဝင်ဘီးကောက်အခွန်ရရှိတော့မည် မဟုတ်ကြောင်း သိရသည်။ ကယားပြည်နယ်သည် လိုင်စင်မဲ့ယာဉ်များ အများအပြား အသုံးပြုနေလျှက်ရှိသော  ပြည်နယ်ဖြစ်သည်။

spot_img
spot_img

Recent posts