spot_img
Sunday, April 2, 2023
spot_img

စနိုက်ဘာတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် ၁၆ရက်အတွင်း စစ်ကောင်စီတပ်မှ (၆၁)ဦးသေဆုံးဟုဆို

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး Sniper အဖွဲ့ ၊ KNDF Sinper ၊ အလယ်ပိုင်းတိုင်း ၁၁၀၁ တပ်ဖွဲ့ ၊ ကရင်နီတပ်မတော် (KA ) ပူပေါင်းတပ်ဖွဲ့တိုက်ခိုက်မှုကြောင့် ၁၆ရက်အတွင်း စစ်ကောင်စီတပ်မှ (၆၁)ဦးသေဆုံးခဲ့တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့မှ ဒီကနေ့ စက်တင်ဘာလ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၁၆ရက်နေ့မှ ၃၁ရက်နေ့အထိ စစ်ကောင်စီတပ်မှ အရာရှိ တစ်ဦး ၊ Sniper ၆ ဦးအပါအဝင် စုစုပေါင်း (၆၁) ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“စနိုက်ဘာက အတည်ပြုရလွယ်ပါတယ်ဗျ။ ဘာဖြစ်လို့လဲဆိုရင်တော့ တစ်ကောင်တစ်ချက်ချိန်ပစ်ရတာကော။ Scope တွေလည်းပါတော့ မြင်နေရတယ်။ စနိုက်ဘာအဖွဲ့တွေကတော့ အဓိက KNDF ရယ် ကျနော်တို့အလယ်ပိုင်းတိုင်းရယ်ပေါ့နော။ စနိုက်ဘာကတစ်ယောက်ထဲသွားလို့မရဘူး။ ၁၆ရက်နေ့ကစ (၆၁)ယောက် အရာရှိပါမယ်။ စနိုက်ဘာ ၆ယောက်ပါမယ်။ သူတို့(စစ်ကောင်စီ) က ၄၄၊ ၆၆ လက်အောက်ခံတွေများမယ်။ သူတို့အင်အားတပ်တိုးထားတယ်။ တော်တော်တိုးထားတယ်။ ကျနော်တို့သိရသလောက်ဆိုရင် လေ့ကျင့်ရေးတပ်ထဲမှာ ကားအစီး ၆၀လောက်နဲ့ ဒီဖက်ကို ပြန်ထိုးဖို့ ဒီးမော့ဆိုနဲ့ ဖရူဆိုတစ်ကြောကို ကြိုးစားနေတယ်ဗျ။”လို့ အလယ်ပိုင်းအထူးစစ်ဆင်ရေးပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။

ဩဂုတ်လ ၁၆ရက်နေ့မှာ စစ်ကောင်စီတပ်မှ သေဆုံးသူ ၃ဦး၊ ၁၈ရက်နေ့မှာ ၂ဦး၊ ၁၉ရက်နေ့မှာ ၆ဦး၊၂၀ရက်နေ့မှာ ၆ဦး၊ ၂၁ရက်နေ့မှာ ၁၁ဦး၊ ၂၂ရက်နေ့မှာ ၈ဦး၊ ၂၃ရက်နေ့မှာ ၃ဦး၊ ၂၄ရက်နေ့မှာ ၆ဦး၊ ၂၅ရက်နေ့မှာ ၆ဦး၊ ၂၆ရက်နေ့မှာ တစ်ဦး၊ ၂၇ရက်နေ့မှာ တစ်ဦး၊ ၂၈ရက်နေ့မှာ ၆ဦး၊ ၃၀ရက်နေ့မှာ တစ်ဦး၊ ၃၁ရက်နေ့မှာ တစ်ဦး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့တိုက်တွန်းထားပြီး စစ်ကောင်စီဖက်လည်း အင်အားအပြားအများနဲ့ စစ်ကြောင်းထိုးလျက်ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပူးပေါင်းအဖွဲ့ထံကိုလည်း ပြည်တွင်းပြည်ပ အလှူရှင်တွေ ဆက်လက်လှူဒါန်းကြဖို့ ပန်ကြားထားပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP...

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ...

တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ အသုံးပြုနေ

ကန္တာရဝတီတိုင်း(မ်) ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။ မတ်လ (၂၉)ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄)စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အထက်တန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အထက်တန်း စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရပါတယ်။ “၁ နာရီ ၁၆မိနစ်မှာ တိုက်လေယာဉ် နှစ်ပတ် ပတ်ပြီးဝဲတာ ဝဲပြီးတော့ ၁၈မိနစ်လောက်မှာ တစ်ခါတည်းတန်းပစ်တာ။ ၈ခေါက်တိတိပစ်တယ်။ လေယာဉ်ဒုံးနဲ့လည်းပစ်တယ် ရွာတစ်လျှောက်...