spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စပါးမျိုးကောင်းမျိုးသန့်ရရှိဖို့ ဒေသခံတောင်သူများ လိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒေသခံတောင်သူလယ်သမားများအနေဖြင့် စိတ်ချရသည့် စပါးမျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးလိုသည့်အတွက် သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနများအနေဖြင့် ကျေးရွာများသို့ ကွင်းဆင်းပြီး အသိပညာပေးတာတွေ ပြုလုပ်ပေးစေလိုတယ်လို့ ဒေသခံတောင်သူတွေက တောင်းဆိုထားကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က ဒေါတော်ကူးကျေးရွာအုပ်စု ၊ ဆောင်ဒူရွာသစ်အုပ်စု နဲ့ ဒေါဘူးကူးအုပ်စု အတွင်းမှာ ရှိတဲ့ ဒေသခံ တောင်သူလယ်သမားတွေနဲ့ ကန္တာရဝတီတိုင်း(မ်) မှပြုလုပ်တဲ့ အသက်မွေးဝမ်းကြောင်းစကားဝိုင်းမှာ ပြောဆိုသွားကြတာဖြစ်ပါတယ်။

ဒေသခံ တောင်သူတစ်ဦး “ကျနော်တို့ တောင်သူတွေက မျိုးစေ့ ဘယ်လောက်အဆင့်မှာသုံးနေလဲဆိုတာကလည်း မသိဘူး။ မျိုးကောင်း မျိုးသန့်ပြောတော့ တောင်သူက အများဖြစ်ဝယ်လိုက်ပါတယ်။ ဒါပေမယ့်ထွက်လာခါကျတော့ အနှံကတိုရော ၊ မျိုးကောင်းမျိုးသန့်ပေါ့ မြက်သီးတွေလည်း တအားများတယ် နောက်ပြီးတော့ နည်းပညာအပိုင်းမှာလည်း အားနည်းတယ်ပေါ့။”လို့ ပြောသွားပါတယ်။

သီးနှံအထွက်တိုးစေဖို့ အဓိကတော့ မျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးရမှာဖြစ်တဲ့အတွက် မျိုးကောင်းမျိုးသန့် ရရှိစေရန်အတွက် စိုက်ပျိုးရေး ဦးစီးဌာနမှာ စိတ်ချလက်ချ ဝယ်ယူနိုင်တယ်လို့ ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးခင်မောင်ဦးက
ဆိုပါတယ်။

“ သီးနှံအထွက်တိုးစေဖို့ အထွက်တိုးကောင်းတဲ့ မျိုးကောင်းမျိုးသန့် စိုက်ပျိုးရပါမယ်။ ဥပမာ စပါးဆိုရင် တရုတ်မွေးရှိမယ် ၊ ရွှေရင်အေးရှိမယ်၊ ပုလဲသွယ်ရှိမယ်၊ ဒါကစပါးကိုပြောတာပါ။”

လယ်ယာမြေကိုလည်း ဓါတ်မြေဩဇာသုံးပါက လျော့ပြီးထည့်သုံးဖို့နှင့် တဖြေးဖြေးလျော့ချနိုင်ဖို့ သဘာဝမြေဩဇာတွေကို ထည့်သုံးသင့်တယ်လို့လည်း ပြောဆိုဆွေးနွေးသွားပါတယ်။ ဓါတ်မြေဩဇာတွေ ၊ ပေါင်းသတ်ဆွေးတွေကိုလည်း ဝယ်တဲ့နေရာမှာ မြန်မလာလို့ ရေးထားတဲ့ အမျိုးအစားကိုသာ အဓိက ဦးစားပေး ရွေးခြယ်ရမှာဖြစ်ပါတယ်။

အစိုးရဌာနဆိုင်ရာတွေဘက်ကလည်း ယခုလိုတောင်သူတွေကို အသိပညာပေးတဲ့အချိန် ဓါတ်မြေဩဇာတွေ ၊ ပေါင်းသတ်ဆေးတွေ ၊ မျိုးစေ့တွေ ရဲ့ အဓိက ကောင်းကျိုး ၊ ဆိုးကျိုးတွေကိုလည်း ချပြစေလို့တယ်လို့ ကရင်နီပြည်တောင်သူလယ်သမားသမ္မဂ ဥက္ကဌ ကိုတူရယ်ကလည်း အခုလို ပြောဆိုဆွေးနွေးသွားပါတယ်။

“ဓါတ်မြေဩဇာသုံးဖို့ပဲ ကျနော်တို့တောင်သူတွေကို မချပြပဲနဲ့ ဓါတ်မြေဩဇာရဲ့ ဆိုးကျိုးကိုလည်း ချပြပေးဖို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံပါတယ်။ ဘာဖြစ်လို့လဲဆို အရာတခုခုကိုသုံးလိုက်ရင် ဆိုးကျိုးနဲ့ ကောင်းကျိုးကတော့ ရှိနေမှာပဲ ၊ ကောင်းကျိုးပဲ နှင့်ခါမပြောပဲနဲ့ ဆိုးကျိုးကိုလည်း ပြောပေးပါ။ ဒါမှ အသိပညာပေးတယ်လို့ ခေါ်ပါတယ်။” လို့ ကိုတူရယ် ကပြောဆိုဆွေးနွေးသွားပါတယ်။

စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဝေပေးသည့် မျိုးကောင်းမျိုးသန့်များသည် မြက်သီးမပါနိုင်သည့်အတွက် ဒေသခံတောင်သူများအနေဖြင့် သေချာ စိဆေးပြီး စိုက်ပျိုးသင့်ကြောင်း ၊ စိုက်ပျိုးရေးဦးစီးဌာနတွင် သေချာမေးမြန်းဝယ်ယူသင့်တယ်လို့ ဦးခင်မောင်ဦးက ဆိုပါတယ်။

ဒေသခံတွေအများစုကတော့ လွိုင်ကော်မှာ စပါးမျိုးကောင်းမျိုးသန့်သွားဝယ်ကြတာများပြီး ထွက်လာသည့် စပါးများသည် အထွက်မကောင်းပဲ မြက်သီးများပါလေ့ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts