spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စားသောက်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်ရောင်းချဖို့ ညွှန်ကြားချက် လိုက်နာမှုရှိ

Author

Date

Category

နော်ဒွေးအယ်ခူ

လွိုင်ကော်မြို့အတွင် စားသောက်ဆိုင်များ၊ အအေးဆိုင်များ၊ ရိုးရာအစားအသောက်ဆိုင်များကို ဆိုင်ထိုင်စနစ်ဖြင့်မဟုတ်ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချဖို့ ညွှန်ကြားချက်အပေါ် လိုက်နာမှုရှိတယ်လို့ လွိုင်ကော်မြို့ စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိဦးသန်းထွန်းက ပြောပါတယ်။

“စားသောက်ဆိုင်နဲ့ စားသောက်ဖွယ်ရာရောင်းတဲ့ဆိုင်မှာလည်း အခုက ဆိုင်ထိုင်စနစ်နဲ့မရောင်းချစေဘဲနဲ့ ပါဆယ်ဆွဲတဲ့စနစ်နဲ့ပေါ့ရောင်းချတာ။ ဒါကလည်း မနက်ဆို ကျတော်လျှောက်ကြည့်တယ် ညဆိုကြည့်တယ်။ ကြည့်တော့ ရာခိုင်နှုန်းတော်တော်များများလိုက်နာတယ်။ တော်တော်ဝမ်းသာတယ်။ အရင်တုန်းကဆို စည်ပင်သာယာကညွှန်ကြားချက်ဆိုရင် သိပ်ပြီးအလေးမထားဘူးပေါ့နော။ ဒီဥစ္စာလည်းဖြစ်တော့ လိုက်နာတယ်ပေါ့နော။ မလိုက်နာတာ ကြိုကြားကြိုကြား ဝေးဝေးတခါတော့ရှိတာပေါ့နော။ ဒါပေမယ့်လိုက်နာနေတာတွေ့တော့ ကျတော်လည်းဝမ်းသာပါတယ်” လို့ ၎င်းကဆိုပါတယ်။

ဆိုင်တွေမှာ ပါဆယ်စနစ်ဖြင့်သာရောင်းချဖို့ ညွှန်ကြားချက်ထုတ်တာ နှစ်ရက်သာရှိသေးပြီး ယခုရက်ပိုင်း ရပ်ကွက်အတွင်းမှာ ည ၆ နာရီအချိန်မှာ ၎င်းတို့ဌာနမှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ဖို့ရှိတယ်လို့သိရပါတယ်။

ညွှန်ကြားချက်ထုတ်ရာတွင် ထုတ်ပြန်တဲ့ပုံစံမျိုးမဟုတ်ဘဲ ဆိုင်ရောင်းသူများမှ ပူးပေါင်းကူညီပေးတာမျိုးကို မေတ္တာရပ်ခံ၊ အသိပေးဆော်သြ တာဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် နောင်ယားကန်ညဈေးမှာ ရောင်းချနေတဲ့ ဈေးသည်တွေကိုလည်း လတ်တလောပိတ်ထားခိုင်းပြီး မဖြစ်မနေရောင်းချမယ်ဆိုရင် ပါဆယ်စနစ်ဖြင့်သာ ရောင်းချဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

“တကယ်လို့ရောင်းချတဲ့နေ့ရောက်ရင်လည်း ပါဆယ်စနစ်နဲ့ပဲပေးရောင်းမှာ မှာလိုက်ပြီ ညဈေးလည်းပါဆယ်ပဲ။ ဆိုင်ထိုင်တဲ့ဟာတွေ ထိုင်ခုံတွေမချဖို့တော့ ညှိနှိုင်းထားပါတယ် ဈေးအဖွဲ့တွေနဲ့” လို့ ဦးသန်းထွန်းကဆိုပါတယ်။

ကူးစက်ရောဂါပြန့်ပွားမှုမရှိစေဖို့ ဆိုင်မှာထိုင်စားမယ့်အစား ပါဆယ်နဲ့သာ ရောင်းချနေတာ ၅ ရက်ရှိနေပြီး အပြင်ကနေ ပါဆယ်မှာတဲ့သူလည်း ပိုများနေတယ်လို့ ဒေါဥခူရပ်ကွက်က စားသောက်ဆိုင်တစ်ဆိုင်ဖြစ်တဲ့ MARIO Juice ဆိုင်က ဆိုင်တာဝန်ရှိသူ စိုင်းခန့်ရှိုင်းက ပြောပါတယ်။

“ ပို့ပေးရတာပိုအဆင်ပြေတယ်။ အပြင်ကနေ မှာတာများတယ် ဆိုင်မှာလာထိုင်ချင်တဲ့သူတော့ရှိပေမယ့် လက်မခံဘူးပေါ့ ဒီရောဂါ လုံးဝငြိမ်းသွားတဲ့အထိပေါ့ ဘာလို့ိဆို ကိုယ်ကိုယ်တိုင်လည်း ကြောက်တယ်လေ။ ဆိုင်လုံးဝပိတ်ထားတာထက်စာရင် ပါဆယ်ပဲလက်ခံတော့တယ်။ ကိုယ့်စားဝတ်နေရေး စီးပွားရေးလည်းရှိသေးတော့လေ” လို့ စိုင်းခန့်ရှိုင်းက ဆိုပါတယ်။

အချိန်အကန့်အသတ်မရှိ ဆိုင်ထိုင်စနစ်မဟုတ်ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချဖို့အတွက် ကူစက်ရောဂါပြန့်ပွားမှုအခြေအနေအပေါ် မူတည်ပြီး အခြေအနေပုံမှန်ပြန်ဖြစ်မှသာ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ ပြန်ဖွင့်ခိုင်းမယ်လို့ ဆိုပါတယ်။

လတ်တလောမှာ စားသောက်ဆိုင်အများစုက ဆိုင်ထိုင်စနစ်မဟုတ်ဘဲ ပါဆယ်၊ Home Delivery Service ဖြင့်သာ လက်ခံဆောင်ရွက်နေပြီး အချို့စားသောက်ဆိုင်များမှာ ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။

spot_img
spot_img

Recent posts