spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စိတ်ပိုင်းဆိုင်ရာထိခိုက်လာကြတဲ့ စစ်ရှောင်သူတွေအတွက် နှစ်သိမ့်ဖျော်ဖြေရေးအစီအစဉ်တွေ ပြုလုပ်ပေးလျက်ရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ ကြာလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားနေကြရချိန်မှာ ရှမ်းပြည်နယ်ရောက် စစ်ဘေးဒုက္ခသည်တွေကို ရှမ်းပြည်နယ်က ပရဟိတအဖွဲ့တွေက နှစ်သိမ့်အားပေးဖျော်ဖြေပေးတဲ့အစီအစဉ်တွေ ပြုလုပ်ပေးလျက်ရှိနေပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းက ဘုရားဖြူစစ်ဘေးရှောင်စခန်းမှာတော့ ကရင်နီပြည်ကနေ လာတဲ့ စစ်ရှောင် တစ်ထောင်ကျော်ရှိပါတယ်။ ဒေသတွင်းပရဟိတလူငယ်တွေက အဲဒီစခန်းထဲမှာရှိနေကြတဲ့ ကလေးငယ်တွေကို KG တန်းကနေ ၇တန်းအထိ စာသင်ကြားပေးတာတွေ စိတ်နှစ်သိမ့်မှုရဖို့ ဖျော်ဖြေရေးအစီအစဉ်တွေ ပြုလုပ်ပေးနေပါတယ်။

“ဟိုရက် ကျနော်တို့လုပ်ပေးတာ သူတို့တော်တော်ပျော်တာပေါ့ အဲ့လိုလုပ်ပေးတာလည်းကျေးဇူးတယ်တယ်။ နောက်ပြီးတော့ သူတို့လည်း အပူ ခေတ္တခနငြိမ်းပေးတာပေါ့ဗျ။ အဲ့လိုရှိတယ်။ ကျနော်တို့လုပ်တာ မီးပုံပွဲလုပ်လိုက်တာ မီးပုံပွဲပေမယ့်လည်း တီးဝိုင်းလေးလုပ်လိုက်တယ်။ အဓိကလုပ်တာကတော့ စစ်ရှောင်လာတဲ့အခါကျတော့ စိတ်ဒဏ်ရာတွေအများကြီးရတယ်ပေါ့ ဒီစိတ်ဒဏ်ရာတွေကို ကျနော်တို့ တတ်နိုင်ဟာတွေ ပြန်ကုစားပေးတယ်ပေါ့။ တစ်ခါတစ်လေလည်း တခြားအနုပညာရှင်တွေခေါ်လာပြီးတော့ လာပြီးဖျော်ဖြေပေးတာလည်းရှိပါတယ်။ ဒီဒေသတွင်းက အနုပညာဖွဲ့တွေလေ။”လို့ ဆီဆိုင်မြို့ စစ်ရှောင်ကူညီပေးသူ ကိုကျော်ဆွေက ပြောပါတယ်။

စစ်ရှောင်နေရတဲ့ ပြည်သူတွေအနေနဲ့ အခုလို တိုက်ပွဲသံတွေကြားကနေ အသက်လုပြီးတော့ အိုးအိမ်စွန့်ခွာထွက်ပြေးလာရတဲ့အတွက် စိတ်ထိခိုက်နေကြရချိန်မှာ ကိုယ့်ကိုကိုယ် ကျန်းမာဖို့အတွက် အားတင်းထားဖို့ လိုအပ်တယ်လို့ ကယန်းဒေသအရေးပေါ်ကယ်ဆယ်ရေး ကော်မတီ Focal Person တစ်ဦးဖြစ်တဲ့ မူအဲမာရီ ကပြောပါတယ်။

“ကျမတို့ စစ်ဘေးရှောင်လူထုတွေခါကျတော့ ထပ်ပြီးတော့မှ အားတင်းထားဖို့ပေါ့နော။ ပထမတစ်ချက်က အားတင်းထားစေချင်တယ် ကျမတို့ ဒီတော်လှန်ရေးဟာလည်း မကြာခင်ပြီးဆုံးတော့မယ်လို့ မျှော်လင့်တယ်ပေါ့နော။ဆိုတဲ့ခါကျတော့ ဒါတွေထပ်အားတင်းထားဖို့လိုအပ်တယ်။ ဒုတိယတစ်ချက်ခါကျတော့ ကိုယ့်စိတ်ကိုယ် နှစ်သိမ့်မွမ်းမံတဲ့ဟာကိုလုပ်စေချင်တယ်ပေါနော ဘာလို့ဆိုရင် စစ်ဘေးရှောင်အများစုတွေက စိတ်ပိုင်းဆိုင်ရာတော်တော်လေး ထိခိုက်နေရတဲ့ဟာတွေရှိတယ်။ နေ့တိုင်း ဗုံးသံ သေနတ်သံကြားတဲ့ဟာတွေ ကိုယ့်အိုးကိုယ့်အိမ်တွေ ပျက်စီးနေရတဲ့ဟာတွေ ရင်ဆိုင်နေရတဲ့ခါကျတော့ စိတ်ပိုင်းဆိုင်ရာ တော်တော်လေးထိခိုက်နေရတဲ့ အနေအထားတွေရှိတယ်။ ဒါပေမယ့် ဒီဟာတွေကို ကျမတို့ရဲ့အတွေးထဲမှာပဲ နှစ်နှစ်ကာကာ စွဲမြဲထားတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ ကျမတို့ ကိုယ့်စိတ်ကိုယ် နှစ်သိမ့်တဲ့ဟာမျိုးတွေလုပ်စေချင်တယ်ပေါ့။ ဆိုတော့ ဒါမှသာလျှင် ကျမတို့အရေးတော်ပုံအောင်တဲ့ချိန်ဖြစ်ဖြစ် ကျမတို့ ကိုယ့်အိုးကိုယ့်အိမ် ကိုယ့်ရွာကိုပြန်လာနိုင်တဲ့အချိန်ပဲ ဖြစ်ဖြစ် ကျမတို့ ကျန်းမာစွာနဲ့ ပြန်ရောက်နေထိုင်ဖို့အတွက် လိုအပ်နေပါတယ်။”

စစ်ရှောင်စခန်းကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဖြစ်စေ၊ လူငယ်အစုအဖွဲ့ကနေပြီး စစ်ရှောင်စခန်းရှိ ကလေးတွေရဲ့ပညာရေးမှာ သင်ကြားမှုနဲ့ နှစ်သိမ့်မှုပေးတဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကို လုပ်ဆောင်ပေးလျက်ရှိနေတာပါ။

အိမ်ပြန်ပြီး ရိက္ခာကုန်လို့ ပြန်ယူခဲ့လို့ စစ်ရှောင်ပြည်သူအချို့လည်း စစ်ကောင်စီက ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိတဲ့အတွက် ခြေထောက်ဆုံးရှုံးလိုက်ရတဲ့သူတွေလည်းရှိနေပါတယ်။

စစ်ရှောင်စခန်းအပြင် ကျေးရွာတွေမှာနေရတဲ့သူတွေလည်း စားဝတ်နေရေးပိုင်း စိုးရိမ်ပူပန်နေရတဲ့သူ၊ အိုးအိမ်ပျက်စီးရသူ၊ မိသားစုဝင်တွေ ခွဲခွာနေရတဲ့သူတွေ ရှိနေကြပါတယ်။

ဒါ့ကြောင့် အားပေးစကားများများပြောဖို့လိုအပ်နေပြီး သင်းတန်းသော်လည်းကောင်း၊ ဟောပြောပွဲသော်လည်းကောင်း မကြာခဏ ပြုလုပ်ပေးသင့်တယ်လို့ လူငယ်တစ်ဦးက ပြောပါတယ်။

“စခန်းတိုင်းလိုလို စိတ်ဓတ်ပိုင်းဆိုင်ရာထိခိုက်တဲ့သူရှိတယ် တွေ့ရတယ်ပေါ့နော။ စကားတွေသွားပြောတယ် ပျော်ရွင်မှုရအောင် စိတ်ဓတ်ကျတဲ့ဟာတွေကို သွားပြီး အားပေးတဲ့ဟာတွေလုပ်တယ်ပေါ့နော။ ဆိုတော့ ရှိတယ် စခန်းလိုလိုရှိကြတယ်ပေါ့နော။ အထူးသဖြင့် စိတ်ဓတ်ပိုင်းဆိုင်ရာထိခိုက်တဲ့သူက ရောဂါတွေရှိတဲ့သူ အသက်ကြီးရွယ်အိုတွေ ရောဂါခံစားရတဲ့သူကို တွေ့ရတယ်ပေါ့နော။ စခန်းတိုင်း ယောက်တိုင်းတော့ မဟုတ်ဘူးပေါ့နော တစ်ချို့သောသူတွေက အဆင်ပြေတယ်။ တချို့ကလေးတွေကလည်း ပျော်ကြတယ်ပေါ့နော ကလေးတွေက နားမလည်တဲ့သူဆိုတော့ ပျော်ကြတယ်။ ဆိုတော့ တချို့သူက အဆင်ပြေအောင်နေတဲ့သူရှိတယ် တချို့ကတွေ့ရတယ်ပေါ့နော စိတ်ပိုင်းဆိုင်ရာ စိတ်ကျတဲ့သူတွေ စိတ်မပျော်တဲ့သူတွေ အများကြီး တွေ့ရတယ်ပေါ့နော။” လို့ အဆိုပါလူငယ်တစ်ဦးက စစ်ရှောင်စခန်းမှာ မြင်တွေ့နေရတဲ့မြင်ကွင်းကို ပြောဆိုတာဖြစ်ပါတယ်။

ကရင်နီတစ်ပြည်နယ်လုံးမှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် အဆောက်အအုံ၊ နေအိမ်ထိခိုက်ပျက်စီးတာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၆ရက်နေ့အထိ ၄၇၅လုံး ရှိပြီလို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ပြုစုထားတဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီးမော့ဆိုမြို့နယ်အတွင်းမှာ မေလကတည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိကာလအထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်တဲ့အတွက် နေရပ်ပြန်နိုင်ခြင်းမရှိသေးသလို မြို့နယ်အသီးသီးကစစ်ရှောင်ကြတဲ့သူတွေ တစ်သိန်းခုနှစ်သောင်းထိ ရှိနေပါပြီ။

spot_img
spot_img

Recent posts