spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စိုးရိမ်စိတ်ကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကိုယ်ထူကိုယ်ထကျောင်း ၅ ကျောင်း ပိတ်ထားရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆို- ဖရူဆိုမြို့နယ် ပြည်ထောင်စုလမ်းမကြီးအတိုင်း ဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဖရူဆိုမြို့နယ်ထဲက စစ်ရှောင်ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ၅ ကျောင်းမှာ ပိတ်ထားရတယ်လို့ သိရပါတယ်။

“ဟုတ်တယ်။ ကျနော်တို့ ပိတ်ထားတယ်၊ ဒီရက်အထိ ဆိုရင် နှစ်ပတ်လောက်ရှိပြီပေါ့၊ တစ်ခြားကျောင်းတွေနဲ့ တူတူပိတ်တယ်။ မြို့နယ်အားလုံးတော့ မပိတ်ဘူးပေါ့၊ သိတာက အနီးနား ၅ ကျောင်းလောက်ပဲပေါ့။ အကြောင်းရင်းက စစ်ကြောင်းထိုးလို့ ပိတ်တာပေါ့၊ လက်နက်ကြီးတွေပစ်လို့၊ လေယာဥ်ဝဲတာတွေကြောင့်ပေါ့။ အဲဒါနဲ့ ကျောင်းသားမိဘတွေကလည်း ပိတ်ခိုင်းတယ်၊ မတက်ရဲတာလည်းပါတယ်။” လို့ ဖရူဆိုမြို့နယ်က ကိုယ်ထူကိုယ်ထကျောင်းမှာ စာသင်ကြားပေးနေတဲ့ ဆရာတစ်ဦးက ပြောပါတယ်။

အဆိုပါ တိုက်ပွဲဟာ ဩဂုတ်လ ၂ ရက်နေ့ကစပြီး နေ့စဥ်ရက်ဆက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စာသင်ကျောင်းကိုတော့ အခြေအနေတွေ တည်ငြိမ်သွားချိန်မှ ပြန်လည်ဖွင့်လှစ်နိုင်မှာဖြစ်တယ်လို့ အဆိုပါ ကျောင်းဆရာတစ်ဦးက ဆက်ပြောပါတယ်။

စစ်ရေးအခြေအနေကြောင့် မကြာခဏ ကျောင်းပိတ်ရတဲ့အတွက် ကိုယ်ထူကိုယ်ထကျောင်းတွေမှာ စာသင်ကြားနေတဲ့ ကလေးတွေဟာ သင်ခန်းစာ သင်ကြားမှုအခက်အခဲရှိနေပြီး ကျောင်းစာ စိတ်ဝင်စားမှုနည်းပါးတာတွေ ရှိနေကြတယ်လို့လည်း ဆိုပါတယ်။

” နည်းနည်းငြိမ်ရင် ပြန်ဖွင့်မှာပေါ့၊ အခြေအနေကြည့်ပြီးတော့ ဖွင့်ရမှာပေါ့၊ အဲ့လိုတော့ ပြောကြတယ်။”လို့ စေတနာ့ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာ နေ့ရောညပါ လက်နက်ကြီးပစ်ခတ်မှုရှိသလို စစ်ကောင်စီရဲ့ လေယာဥ်ပျံဝဲတာတွေကြောင့် ကျောင်းသားမိဘတွေကလည်း စိုးရိမ်နေကြတယ်လို့လည်း ဆိုပါတယ်။

နှစ်ပတ်ကြာအထိ ပိတ်ထားရတဲ့ အဲ့ဒီ ကိုယ်ထူကိုယ်ထကျောင်းတွေဟာ အထက်တန်း ၂ ကျောင်းနဲ့ မူလတန်းကျောင်း ၃ ကျောင်း ဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts