spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီက ဆက်တိုက်စစ်ကြောင်းထိုးလာတဲ့အတွက် ဒီးမော့ဆိုအနောက်ဘက်ခြမ်းက ဒေသခံတွေ စစ်ဘေးရှောင်နေရ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို စစ်ကောင်စီက နေ့စဉ် စစ်ကြောင်းတွေ ဆက်တိုက်ထိုးလာတဲ့အတွက် ဒေသခံတွေဟာ ရွာမှာမနေရဲကြတော့ပဲ စစ်ဘေးရှောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးကတော့ “ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက လေယာဉ်ပျံနဲ့ ပစ်တာတွေ လက်နက်ကြီးတွေနဲ့ ပစ်တာတွေကြောင့် သူတို့တွေ ရွေ့ရတယ်။ စစ်ရှောင်စခန်းတွေပါရွေ့ရတယ်။ အရှေ့ဘက်ခြမ်းကတော့ စစ်ကြောင်းမထိုးပေမယ့်။ လက်နက်ကြီးတွေကျတယ်။ လက်နက်ကြီးတွေ အကျယ်ကြီးတွေတယ်။ အဲ့ဒါကြောင့်မလို့ သက်ကြီးရွယ်အိုနဲ့ မိသားစုတော်တော်များများ အမျိုးသမီးတွေ တော်တော်များများ စစ်ရှောင်ရတယ်။ “ လို့ ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်တွေဟာ တောတောင်တွေထဲသွားရောက်ပုန်းရှောင်နေကြရသလို ၊ နီးစပ်ရာ ကျေးရွာတွေနဲ့ ကရင်နီပြည်ကို စွန့်ခွာ စစ်ဘေးရှောင်နေကြသူတွေရှိပြီး နေရပ်ပြန်နိုင်တဲ့သူတွေ မရှိသေးပါဘူး။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ရှောင်နေတဲ့ စစ်ဘေးရှောင်တစ်ဦးက “ တစ်လပြီး တစ်လ လက်နက်ကြီးတွေက ကျနော်တို့ ကျေးရွာတွေထဲ ကျလာတယ်။ စစ်ကောင်စီတွေလည်း မြို့တွေထဲမှာ ပတ်ပတ်လည်ရှိနေတယ်။ တနေ့တခြား ပိုပြင်းထန်လာတယ်။ နောက်ကျရင် ကျနော်တို့ ပြန်လာခွင့်ကော ရှိပါ့မလားလို့ တွေးမိတယ်။ အခု ကျနော်တို့ ဒီမှာနေနေတယ်။ ဒါပေမယ့် စစ်တပ်တွေက ကျနော်တို့ကို ကောင်ကင်ကနေ ပစ်တော့ ကျနော်တို့ ဒီမှာလည်း အတည်တကျ မနေနိုင်ဘူး။ ကျနော်တို့ နောက်ထပ် တစ်ခါ ထပ်ပြေးရမလား အဲ့လိုမျိုးတွေ ရှိတတ်တယ်။ “ လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ရက်နေ့ကစပြီး မိုးဗြဲမြို့ကနေစတင်စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပါတယ်။ မိုးဗြဲ၊ ဖယ်ခုံ နန်းမယ်ခုံကနေတဆင့် ဒီကနေ့ မတ်လ ၁၇ရက်နေ့အထိ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ နောင်ပုလဲကျေးရွာအထိ စစ်ကြောင်းထိုးလာပြီဖြစ်ပါတယ်။

နောင်ပုလဲကျေးရွာဟာ မိုးဗြဲမြို့နယ်နဲ့ ခန့်မှန်းခြေ ၁၂မိုင်ကွာဝေးပြီး ကားနဲ့ နာရီဝက်နီးပါးသွားရပါတယ်။ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းမှာ ထပ်ဆင့်စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေ တစ်သောင်းကျော် စစ်ဘေးရှောင်နေရပြီဖြစ်ပါတယ်။

spot_img
spot_img