spot_imgspot_imgspot_imgspot_img
Tuesday, January 14, 2025
spot_imgspot_imgspot_imgspot_img

စီမံကိန်းပြုလုပ်မည့် ကုမ္ပဏီက ၎င်းတို့ထံ တိုက်ရိုက်လာရောက်တွေ့ဆုံရန် ဒေသခံများ လိုလား

Author

Date

Category

ထျိုးမြာ

ဘိလပ်မြေစက်ရုံကဲ့သို့ မည်သည့်စီမံကိန်းများမဆို ကယား(ကရင်နီ)ပြည်နယ်တွင် လာရောက်ရင်းနှီးမြှပ်နှံမည်ဆိုပါက ပွင့်လင်းမြင်မှုရှိရန်နှင့် ဒေသတွင်းရှိ လူထုများနှင့် တိုက်ရိုက်လာရောက်တွေ့ဆုံရန်လ်ိုအပ်ကြောင်း ဒေသခံများက တောင်းဆိုသည်။

ဒီးမော့ဆိုမြို့နယ် ဝါတောခူကျေးရွာအုပ်စုအတွင်း ထုံးကျောက် စက်မှုတွင်းထွက်ကုန်ကြမ်း စမ်းသပ်တိုင်းတာရေးနှင့် ဘိလပ်မြေစက်ရုံတည်ဆောက်ရန်ကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို ထေးဌားလျားကျေးရွာရှိ ကရင်နီပြည် လူငယ်များသမဂ္ဂ UKSY ရုံး၌ ပြုလုပ်ရာတွင် ဒေသခံများက အထက်ပါအတိုင်း ပြောကြားခဲ့သည်။

စီမံကိန်းကိစ္စနှင့် ပတ်သက်၍ ဒေသခံများက ကုမ္မဏီများသို့ တိုက်ရိုက်တွေ့ဆုံလိုသော်လည်း ကြားခံအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့်သာ တွေ့နေရသောကြောင့် အချင်းချင်းရန်တိုက်ပေးနေသလ်ိုဖြစ်နေသည်ဟု ဒီးမော့ဆိုမြို့နယ် ဒေသခံ ခွန်အန်ဂျေလိုပျန်က ပြောသည်။

“လက်နက်ရှိနေမှတော့ ကျနော်တို့ပြည်သူတွေက တောင်ရုံစကားအပြောရဲဘူး အဲ့တော့ သူတို့က လက်နက်ကိုင်အားကိုးနဲ့ ဝင်လာတယ်လို့ပဲ ကျနော်တို့မြင်တယ် ”ဟု ၎င်းက ပြောသည်။

ကုမ္မဏီက ဒေသခံပြည်သူများအပေါ် လေးစားခြင်းမရှိဘဲ သွေးခွဲမှုများပြုလုပ်နေသဖြင့် အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် လက်သင့်မခံကြောင်း ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂမှ ကိုဒီးဒီက ပြောပါသည်။

“အစိုးရကလဲ ဒီကြားထဲမှာ ရူးချင်ယောင်ဆောင်တယ်ပေါ့နော။ စကားများကြရင်လဲ မင်းတို့များကြပေါ့နော၊ အိုကေရင်လဲ ပြီးတာပဲ မအိုကေရင်လဲ အဆင်မပြေတဲ့အတိုင်းပေါ့ ငါတို့ပြောမယ်ဆိုတဲ့ အပေါက်မျိုးဖြစ်နေတယ်။”ဟု ကိုဒီးဒီက ဝေဖန်သည်။

ထို့အပြင် ဘိလပ်မြေစီမံကိန်းဆက်လက်အကောင်အထည်ဖော်ရာအတွက် ဒေသခံပြည်သူများကို ဖိအားပေးမှု ၊ အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ရှိနေမည်ဆိုပါ ခြိမ်းခြောက်ခံ၊ ဖိနှိပ်ခံရသည့် သူများဘက်မှ ရပ်တည်သွားမည်ဖြစ်ကြောင်း ကရင်နီလူငယ်များသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူး ခွန်းဘားနဒ်ဘုတ်က ပြောသည်။

spot_img
spot_img
spot_img

Recent posts