spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဆန် ရိက္ခာပြတ်လပ်မှုကြောင့် ကလေးတွေကို ဦးစားပေးကျွေးမွေး၊ မိဘထမင်းလျှော့စားနေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဒေါရောက်ခူကျေးရွာမှာရှိတဲ့ ဒေသခံနဲ့ စစ်ရှောင်တွေဟာ ဆန်ရိက္ခာပြတ်လပ်တာကြောင့် ကလေးငယ်တွေကို ဦးစားပေးကျွေးမွေးနေရပြီး မိဘတွေကတော့ ထမင်းလျှော့စားနေရတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

“ အခုက စစ်ရှောင်တွေက ထမင်းလျှော့စားရတဲ့ အခြေနေ တော့ရှိသွားပြီ။ ကလေးဦးစားပေးပြီးတော့ မိခင်တွေက လျှော့စားရတဲ့ အခြေအနေ အများကြီးသွားတာပေါ့နော်။ အရင်က ၃၊ ၄၊ ၅ လလောက်က မိခင်တွေက ၃နပ်စားရတယ်။ ဒါပေမဲ့ အဲ့လောက်ထိ မလျှော့စားရဘူး။ အခုက မိခင်တွေက၂နပ်ပဲစားရပြီးတော့မှ ၂နပ်တောင်မှ လျှော့စားရတယ် အဲ့လိုဖြစ်သွားတာပေါ့နော်။” လို့ ဒေါရောက်ခူ စစ်ရှောင်ကော်မတီဝင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဆိုပါ ကျေးရွာ နဲ့ စစ်ရှောင်စခန်းဘက်ကို အလှူရှင်မရောက်လာတာ ၁နှစ်ဝန်းကျင်ရှိပြီဖြစ်ကြာင်း သူကဆက်ပြောပါတယ်။

အလှူရှင် ဆန်လာပေးဝေမှုမရှိတဲ့ တစ်နှစ်အတွင်းမှာ စစ်ရှောင်တွေဟာ ဒေါရောက်ခူ ရွာဒေသခံတွေရဲ့ တောင်ယာ အငှားလိုက်ပြီး ဆန်တွေနဲ့ လဲလှယ်သလို၊ ရွာခံတွေက စစ်ရှောင်တွေကို ဝေငှစားသောက်နေခဲ့ရတယ်လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။

“ဒီမှာ ရွာခံတွေရဲ့ တောင်ယာတွေရှိတော့ သူတို့အဲ့လိုမျိုးသွားပြီးတော့မှ လိုက်ကြတယ်။ ၃ရက်ပေါ့နော် ၃ရက်ဆို ဆန်တစ်ဘုံးရမယ်အဲ့လိုမျိုးပေါ့။ အဲ့လိုမျိုးပြန်လိုက်ကြတယ်လေ” လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ လူဦးရေများတဲ့ မိသားစုနဲ့ မသန်စွမ်းသူတွေအတွက် ဦးစားပေးပြီး အလှူရှင်သီးသန့်ရှာပေးရတာမျိုးလည်းရှိတယ်လို့ စစ်ရှောင်ကော်မတီထံကနေ သိရပါတယ်။

အဆိုပါ ဒေါရောက်ခူကျေးရွာမှာ ပါဒေါဒူ၊ ဒေါတမငယ်၊ ၆မိုင်၊ ဒေါငံရောက်၊ ဒေါကော့၊ ‌ဒေါဖာ စတဲ့ ကျေးရွာက ဒေသခံတွေ လာရှောင်ကြတဲ့ စစ်ရှောင်ဖြစ်ပါတယ်။ လက်ရှိမှာ ကျေးရွာက ဒေသခံနဲ့ စစ်ရှောင် စုစုပေါင်း ၅ထောင်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts