spot_img
Sunday, April 2, 2023
spot_img

ဆယ်ကျော်သက်လူငယ်များဆုံရပ် သင်တန်းအတွင်း ရိုးရာယဉ်ကျေးမှုဆိုင်ရာ လေ့လာခြင်းဘာသာရပ်ကို ထည့်သွင်းသင်ကြား

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းတစ်နေရာမှာ ဆယ်ကျော်သက်လူငယ်များဆုံရပ် သင်တန်းအတွင်း ဆိုရှယ်ဘာသာရပ်အောက်က ရိုးရာယဉ်ကျေးမှုဆိုင်ရာ လေ့လာခြင်းဘာသာရပ် ( Culture learning ) ကို ထည့်သွင်းသင်ကြားနေပါတယ်။

အဲ့ဒီဘာသာရပ်ဟာ ကရင်နီလူမျိုးစုတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကို လေ့လာရတာဖြစ်ပြီး လက်ရှိ အခြေအနေအရ ကယားလူမျိုးတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို နီးစပ်ရာကျေးရွာတွေမှာ လက်တွေ့ကွင်းဆင်းလေ့လာပြီး ပြိုင်ပွဲတစ်ရပ်ကို စက်တင်ဘာလ ၁ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ရိုးရာယဉ်ကျေးမှုဆိုင်ရာ လေ့လာခြင်းဘာသာရပ်သင်ယူရတဲ့အတွက် အကျိုးကျေးဇူးတွေ အများကြီးရလာတယ်လို့ သင်တန်းတက်ရောက်နေသူ ငါးမူက ပြောပါတယ်။

“ကိုယ့်အတွက် အများကြီး အကျိုးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကဆိုရင် ဒီတံခွန်တိုင်ပွဲဆိုရင် ဒီတံခွန်တိုင်ပွဲလုပ်ခဲ့တယ်ဆိုတာလောက်ပဲ ဘာလို့ ပူဇော်တယ်။ အဲ့ဒီလောက်ပဲ။ Culture learning သင်ပြီးတဲ့အခါကျတော့ လုံးဝ အရင်းအမြစ်တွေအဖြစ် ကျမတို့ လေ့လာခဲ့ကြတယ်။ ဒီရိုးရာအကြောင်းတွေဆိုရင် လုံးဝ လေ့လာခဲ့ဖြစ်တယ်ပေါ့နော။ ဒီလိုမျိုးလေ့လာခြင်းအားဖြင့် လုံးဝ ကျနော်တို့ အရင်းနှီးတဲ့ဟာတွေလည်း သိလာမယ်။ နောက်ပြီးတော့ ကိုယ်ရင်းနှီးပြီးသားဟာတွေလည်း ထပ်ပြီးတော့ သိလာတယ်ပေါ့နော။ အဲ့ဒီလိုမျိုး အကျိုးကျေးဇူးတွေ အများကြီး ရလာတယ်ပေါ့နော။” လို့ ငါးမူက ပြောပါတယ်။

ဒီဘာသာရပ်ကို ကျောင်းစာတွေမှာလည်း ဘာသာရပ်ခွဲတစ်ခုအနေနဲ့ ထည့်သွင်းသင်ကြားသင့်တယ်လို့ သူက မှတ်ချက်ပြုထားပါတယ်။

ဆယ်ကျော်သက်လူငယ်များဆုံရပ်မှာ ဘာသာရပ် ၉ ခုကို အဓိက သင်ကြားပေးနေတာဖြစ်ပြီး Culture learning ကို ထည့်သွင်းသင်ကြားရတဲ့အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ဆယ်ကျော်သက်လူငယ်များဆုံရပ် Program ဒါရိုက်တာ ခူးစောပရေးရယ်က အခုလို ပြောပါတယ်။

“ကိုယ်က ဒီကရင်နီလူမျိုးတစ်ယောက် ဖြစ်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှုမမေ့ဖို့ လိုအပ်တယ်။ အဲ့ဒီတော့ အရမ်းကို အရေးကြီးတဲ့ အရာတစ်ခုဖြစ်တယ်။ အဲ့ဒီတော့ သူတို့ အဲ့ဒီလိုမျိုး လေ့လာရတာတွေ ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှုတွေ သွားပြီးတော့ အရင်းအမြစ်တွေ research တွေ သွားပြီးတော့ research လုပ်တဲ့အခါမှာတော့ အခက်အခဲရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ရိုးရာယဉ်ကျေးမှုတွေက အရမ်းများတယ်။ ကျနော်တို့ အဲ့ဒါအကုန်လုံး လက်လှမ်းမှီနိုင်ဖို့က ကျနော်တို့ အခက်အခဲတွေက အများကြီးရှိတယ်။ အချိန်တွေကလည်း အများကြီး ပေးရတယ်ပေါ့နော။ အဲ့ဒါတော့ ကျနော် အဆင်ပြေသလောက် ကျနော်တို့ လက်လှမ်းမှီသလောက် ကျောင်းသားကျောင်းသူတွေကို သွားပြီးတော့ လေ့လာခိုင်းတယ်။ ဒီမှာ culture learning မှာ ပြန်ပြီးတော့ လေ့လာခိုင်းတယ်ပေါ့။” လို့ ခူးစောပရေးရယ် က ပြောပါတယ်။

ဆယ်ကျော်သက်လူငယ်များဆုံရပ်ဟာ ကရင်နီပြည်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ပညာရေးအခွင့်အလမ်းဆုံးရှုံးနေရတဲ့ အသက် ၁၆နှစ်ကနေ ၂၂နှစ်ကြားက လူငယ်တွေအတွက် အဓိက သင်ကြားပေးနေတာဖြစ်ပါတယ်။

တစ်ပတ်စဉ်ကို သင်တန်းသား ( ၅၀ ) ဦးနဲ့ သုံးလသာ သင်ကြားပေးတာဖြစ်ပြီး လက်ရှိမှာတော့ အပတ်စဉ် ( ၂ ) ကို ဖွင့်လှစ်နေတာ တစ်လကျော်ရှိသွားပြီဖြစ်ပါတယ်။ သင်တန်းတက်ရောက်နေတဲ့ သင်တန်းသားခူးတီရယ်ကလည်း သင်တန်းပြီးသွားရင် သူလုပ်ဆောင်ချင်တာတွေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ကျနော် ဒီကျောင်းတက်ပြီးတော့မှ ကျနော် ဒီစစ်ဘေးရှောင်စခန်းတွေမှာ ကျနော်ဒီပညာရေးပိုင်းနဲ့ ပတ်သက်ပြီး ပညာဆက်လက်သင်ကြားပေးတာတို့ ကလေးသူငယ်တွေကို ခွန်အားဖြစ်စေမယ့် လှုပ်ရှားမှုတွေ သွားပြီးတော့ ပြုလုပ်ပေးတာတို့ရှိမယ်။ နောက်တစ်ကဏ္ဍအနေနဲ့ ကျနော်က ဒီဆေးဘက်ဆိုင်ရာတွေမှာလည်း ကျနော်သွားရောက်လေ့လာပြီးတော့မှ ပြန်ပြီးတော့ အကျိုးပြုပေးဖို့လည်း ရှိတယ်။ ပြီးတော့ ကျနော် ကွန်ပျူတာပိုင်း IT ပိုင်းတို့မှာလည်း အဲ့ဒီဘက်အပိုင်းမှာလည်း ကျနော် ပါဝင်သွားဖို့ ရှိတယ်။ နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျနော် အများကြီး လုပ်ဆောင်နိုင်တဲ့ အနေအထားမှာ ရှိမရှိဆိုတာကို အများကြီး လုပ်ဆောင်သွားမယ်။ တတ်နိုင်သလောက် လုပ်ဆောင်သွားမယ်လို့ ကျနော် မျှော်လင့်ပါတယ်။” လို့ ခူးတီရယ်က ပြောပါတယ်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ စစ်ရှောင်စခန်းတွေအထိပါ လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ လာရောက်ဗုံးကျဲမှုဖြစ်စဉ်တွေရှိနေတဲ့အတွက် စစ်ရှောင်တွေဟာလည်း စိုးရိမ်မှုတွေကြားထဲကနေ ပညာရေးအဆက်မပြတ်သွားအောင် သင်ယူနေကြတာဖြစ်ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP...

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ...

တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ အသုံးပြုနေ

ကန္တာရဝတီတိုင်း(မ်) ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။ မတ်လ (၂၉)ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄)စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အထက်တန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အထက်တန်း စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရပါတယ်။ “၁ နာရီ ၁၆မိနစ်မှာ တိုက်လေယာဉ် နှစ်ပတ် ပတ်ပြီးဝဲတာ ဝဲပြီးတော့ ၁၈မိနစ်လောက်မှာ တစ်ခါတည်းတန်းပစ်တာ။ ၈ခေါက်တိတိပစ်တယ်။ လေယာဉ်ဒုံးနဲ့လည်းပစ်တယ် ရွာတစ်လျှောက်...