spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဆယ်ကျော်သက်လူငယ်များအတွက် မျိုးဆက်ပွားကျန်းမာရေးအသိပညာပေး သင်တန်းပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဇူလိုင်လ (၁၅)ရက်နေ့က ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ဆယ်ကျော်သက်လူငယ်တွေအတွက် မျိုးဆက်ပွားကျန်းမာရေးအသိပညာပေးသင်တန်းတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

အခုလို သင်တန်းပေးရတာဟာ ဆယ်ကျော်သက်လူငယ်တွေအတွက် လိင်ပိုင်းဆိုင်ရာ အသိပညာပေးခြင်း ဖြစ်သလို မိမိနေထိုင်တဲ့ ပတ်ဝန်းကျင်က လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်လျှင် ပွင့်လင်းမှုမရှိတာကြောင့် အသိပညာတွေကို မျှဝေရခြင်းဖြစ်တယ်လို့ သင်တန်းပေးသူ ဆရာမတစ်ဦးက ပြောပါတယ်။

” ဒီ အရွယ်ရောက်တဲ့သူတွေဟာဆိုရင် အဲ့ဒီချိန်မှာဆိုရင် ပြောင်းလဲမှုတွေနဲ့ ကြုံတွေ့ရတဲ့အချိန်ပေါ့နော်။ အဲ့ချိန်မှာသူတို့အတွက် အသစ်အဆန်းလို့ထင်နေနိုင်တယ်။ဒါပေမဲ့ သာမန်ရိုးကျဖြစ်တယ်။ ပြီးတော့ ဒီပြောင်းလဲမှုကို ဘယ်လိုကိုင်တွယ်နိုင်တဲ့နည်းလမ်းကို သူတို့ကို ဝေမျှဖို့ဖြစ်တယ်ပေါ့နော်။ အဲ့ဒီအချိန်မှာဆိုရင် လိင်ပိုင်းနဲ့ပတ်သက်တဲ့ အခြေခံအချက်အလက်ကိုသိနိုင်မှ သူတို့ကျန်းမာရေးနဲ့ဆိုင်တဲ့ ပြဿနာကို သိနိုင်တာပေါ့နော်။အဲ့ဒီအတွက်ကြောင့် ရည်ရွယ်တယ်ပေါ့နော်။ ပတ်ဝန်းကျင်မှာဆိုရင် လိင်ပိုင်းနဲ့ဆိုင်တဲ့ဟာဆိုရင် ပွင့်ပွင့်လင်းလင်းမ‌ပြောကြဘူးပေါ့နော်။ ဒီအတွက်ကြောင့်မလို့လည်း အရွယ်ရောက်တဲ့သူတွေ ဒီအကြောင်းနဲ့ပတ်သက်ပြီး သိတာအရမ်းနည်းတယ်။ အဲ့ဒါကြောင့်မလို့ မျိုးဆက်ပွားနဲ့ဆိုင်တဲ့ဟာကို ကျွန်မတို့မျှဝေရခြင်းဖြစ်ပါတယ် ” လို့ ဆရာမက ပြောပါတယ်။

အဆိုပါသင်တန်းကို တက်ရောက်ခြင်းအားဖြင့် လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပိုမိုသိရှိသွားမှာဖြစ်သလို ၎င်းတို့ရဲ့အသိမိတ်ဆွတွေကိုလည်း ပြန်လည် မျှဝေပေးနိုင်တဲ့အထိ မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။

” ရရှိခဲ့တာကတော့ အရင်တုန်းကမသိခဲ့တဲ့ ကိုယ့်ရဲ့ မျိုးဆက်ပွားပြီး‌တော့မှ အရွယ်ရောက်တဲ့အခါ ပြောင်းလဲတတ်တဲ့ အရာအများကြီးရှိတာကို မသိခဲ့ဘူးပေါ့နော်။ ဒီသင်တန်းတက်တော့ အများကြီးရရှိသွားတယ် ” လို့ သင်တန်းတက်ရောက်ခဲ့တဲ့ သင်တန်းသူတစ်ဦးက ပြောပါတယ်။

မျိုးဆက်ပွားခြင်း အကြောင်းအရာနဲ့ပတ်သက်ပြီး မသိ‌ရှိသေးတဲ့သူတွေ ရှိနိုင်သေးတဲ့အတွက် သင်တန်းကို အခြားနေရာတွေမှာလည်း ပို့ချပေးစေချင်တယ်လို့လည်း သူကဆိုပါတယ်။

အဆိုပါ မျိုးဆက်ပွားသင်တန်းမှာတော့ အရွယ်ရောက်တဲ့အခါ ပြောင်းလဲတတ်တဲ့ စိတ်နေစိတ်ထား၊ လိင်ပိုင်းဆိုင်ရာအသိပညာတွေ နဲ့ သားဆက်ခြားခြင်းအကြောင်း စတာတွေကို ပို့ချပေးခဲ့တယ်လို့ သိရပါတယ်။

သင်တန်းကို (၁၅)နှစ်အထက် ဆယ်ကျော်တက်လူငယ် စုစုပေါင်း (၆၀)ကျော် တက်ရောက်ခဲ့ပါတယ်။

spot_img
spot_img

Recent posts