spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဆိုတရှားမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ အရာရှိအပါဝင် ၁၅ ဦးနဲ့အထက် သေဆုံးကာ ၃၀ ဝန်းကျင် ဒဏ်ရာရရှိ၊ KA တပ်ဖွဲ့ဝင် ငါးဦး ထိခိုက်ဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ သံလွင်အရှေ့ဘက်ခြမ်းရှိ ဆိုတရှားမြို့နယ်၊ မယ်လယုဒေသအတွင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့က ကရင်နီတပ်မတော် KA နဲ့ စစ်ကောင်စီတပ်ရဲ့ ခမရ ၅၁၉ ၊ ခမရ ၃၃၄ တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၁၅ ဦးနဲ့အထက် သေဆုံးပြီး သုံးဆယ်ဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်နီတပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှုးကြီး ဘုန်းနိုင် က ပြောပါတယ်။

တိုက်ပွဲကြာချိန် ၃ နာရီကျော်လောက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေစဉ်မှာဘဲ စစ်ကောင်စီတပ်ရဲ့ ၇၉ ကျည်စ ထိမှန်ပြီး KA ရဲ့ တပ်ဖွဲ့ဝင် ငါးဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

“တိုက်ပွဲဖြစ်ရင်တော့ အထိအခိုက်တော့ နှစ်ဦးနှစ်ဖက် ရှိတယ်လေနော။ ဒါက ထုံးစံဘဲလေ။ ကျနော်တို့ဘက်က ထိခိုက်မှုတော့ တချို့ရှိတယ်ပေါ့။ ရန်သူဖက်မှာလည်း သေ ဒဏ်ရာလည်း များမယ်ထင်တာဘဲလေ။ ဘာဖြစ်လို့လဲဆို ကျနော်တို့ သိမ်းရတဲ့ ခဲယမ်းပစ္စည်းတွေလည်း တွေ့တဲ့အတိုင်းဘဲပေါ့နော။ ကျနော်တို့ သိမ်းရတာကတော့။ ကျနော်တို့ဘက်ကတော့ နစ်နာဆုံးရှုံးမှုတော့ မရှိပါဘူး။ ထိခိုက်ဒဏ်ရာတော့ နည်းနည်းပါးပါးတော့ ရှိတယ်ပေါ့နော။ အရာရှိတံဆိပ်ဆိုတာက ကျနော်တို့ 9 mm ရထားတော့ ခန့်မှန်းလို့ အရာရှိပါတာပေါ့။ သေတာပေါ့လေ။ အရာရှိကတော့ ဒု – ဗိုလ်ကနေပြီးတော့မှ ဒု ဗိုလ်မှုးကြီးအထိက အဲ့ဒါ အရာရှိတွေလေ။ စစ်တိုက်တဲ့ စစ်ကောင်စီတပ်ကတော့ ဒု – ဗိုလ်ကနေပြီးတော့မှ ဒု – ဗိုလ်မှုးကြီးက သူတို့ဒီစစ်ဆင်ရေးမှာ ပါတဲ့လူတွေ။ ဆိုတော့ အရာရှိသေတာတော့ ပါတယ်လေ။ ဒဏ်ရာလည်း ပါမှာပေါ့နော။ အဲ့လိုမျိုး ကျနော်တို့ တွက်လို့ရတယ်။” လို့ ဗိုလ်မှုးကြီး ဘုန်းနိုင်က ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ ကရင်နီတပ်မတော် KA ဖက်မှ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။ သိမ်းဆည်းရမိတဲ့ လက်နက်တွေမှာ MA 1 ၃ လက်၊ MA 2 ၅ လက်၊ MA 4 ၂ လက်၊ MA 5 ၁ လက်၊ ငါးကြင်းမှီး ၁ လက် ၊ 60 mm ပြောင်းရှည်နှစ်လက် ၊ 60 mm ပြောင်းတို ၂ လက်၊ ကျည်မျိုးစုံ ၊ ဆက်သွယ်ရေးစက်အကြီး ၄ လုံး နဲ့ ခဲယမ်းမျိုးစုံတို့ ပါဝင်တယ်လို့ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဖြစ်ပွားတဲ့နေ့မှာဘဲ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ လာရောက်ပြီး ပွိုင့် 5 တွေနဲ့ ပစ်ချတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လအစောပိုင်းကစပြီး ကရင်နီပြည်တွင်းနဲ့ ရှမ်း – ကရင်နီ နယ်စပ်ဒေသ၊ ထိုင်း – ကရင်နီ နယ်စပ်ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိနေပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts