spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဆိုဘောသဲကျေးရွာမှာ ပြုလုပ် ခဲ့တဲ့ မြို့နယ်လုံးကျွတ်သပိတ်

Author

Date

Category

ဧပြီလ ၂၆ရက် ဒီးမော့ဆိုမြို့နယ်လုံးကျွတ်သပိတ်ကို ဆိုဘောသဲကျေးရွာမှာ လူအင်အားထောင်ချီနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နိုင်ခဲ့ကြပါတယ်။

ဒီးမော့ဆိုမြို့နယ်လုံးကျွတ်သပိတ်ကို နှစ်ရက်တစ်ကြိမ် မတူညီတဲ့နေရာတွေမှာ ပြုလုပ်နေတာဖြစ်ပြီး ဌာနဆိုင်ရာအသီးသီးက ပါဝင်ခဲ့ပါတယ်။

သပိတ်ကြာလာပြီဖြစ်ပေမယ့် တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သပိတ်မှာ ပါဝင်သူတစ်ဦးကပြောပါတယ်။

” ကျမတို့ရဲ့ သင်ကြားရေး ဘောဂဗေဒ ဘာသာရပ်အနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ရှားပါးတဲ့ ပစ္စည်းအရာမှန်သမျှ တန်ဖိုးရှိတတ်ကြတယ်။ တန်ဖိုးရှိတဲ့ အရာမှန်သမျှ ရှားပါးကြတယ် ဆိုတာ ဘောဂဗေဒ ဘာသာရပ်ထဲမှာ ပါပြီးသား ဒါကြောင့်မလို့ ဒီတော်လှန်ရေးမှာဆိုလို့ရှိရင် တန်ဖိုးမရှိဘဲနဲ့ ရှားပါးတဲ့ ပစ္စည်း မဟုတ်ဘဲနဲ့ ကျမတို့ လိုချင်ကြတာ မဟုတ်ဘူး။ အခုခါကျတော့ တန်ဖိုးရှိတဲ့ အရာ ဖြစ်တဲ့ အတွက်ကြောင့်မလို့ ကျမတို့ရဲ့ တော်လှန်ရေး ကာလဟာဆိုလို့ရှိရင် ကြာမှာပဲ။ ကြာချင်သလောက် ကြာပါလေ့စေ။ ကျမတို့ရင်ထဲမှာက တစ်ခုတည်းသောရှိတယ်။တော်လှန်ရေး အောင်မြင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ”

စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့သပိတ်ကို ပြုလုပ်တာ ရက်ပေါင်း ၈၀ကျော်ပြီးဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်မဖြိုခွဲခင်က ပြည်လုံးကျွတ်သပိတ်ပြုလုပ်ခဲ့ပြီး အခုချိန်မှာတော့ မြို့နယ်လုံးကျွတ်သပိတ်ကိုသာ ပြုလုပ်တော့တာဖြစ်ပါတယ်။

တော်လှန်ရေးအောင်မြင်ဖို့အတွက် စုပေါင်းအင်အားနဲ့ လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း သပိတ်ပါဝင်သူတစ်ဦး က ဆိုပါတယ်။

” ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်နိုင်ဖို့ ရန်အတွက် ကျမတို့ စုပေါင်း အင်အားနဲ့ ဝိုင်းဝန်း လုပ်ဆောင်ကြမယ် ဆိုလို့ရှိရင် မကြာခင်မှာ ကျမတို့ နွေဦးတော်လှန်ရေး အောင်မြင် တော့မယ် ဖြစ်တဲ့အတွက် ကျမတို့ ယုံကြည်ပါတယ်။ ”

လွိုင်ကော်သပိတ်စစ်ကြောင်းဟာဆိုရင် ဖြိုခွဲမှုတွေရှိနေပေမယ့် ရပ်ကွက်ကျေးရွာသပိတ်စစ်ကြောင်းတွေကို ဆက်လက်ပြုလုပ်နေလျက်ရှိပါတယ်။ ဖရူဆိုမှာဆိုရင် ၂၄ရက်နေ့က ပထမဆုံး ရဲနဲ့စစ်တပ်က လာရောက်ဖြိုခွင်းခဲ့ပါတယ်။

spot_img
spot_img

Recent posts