spot_imgspot_imgspot_imgspot_img
Friday, October 25, 2024
spot_imgspot_imgspot_imgspot_img

ဆီဆိုင်မြို့နယ်မှာ PNO က ဒုတိယအကြိမ် နေအိမ်မီးရှို့၊ အရပ်သားတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်နေကြောင်း PNLA ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က နားခိုက်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်း ပြည်သူ့စစ်(PNO) ဟာ ကျေးရွာအတွင်း စစ်ကြောင်းထိုးလာပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ရဲ့ စစ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ပြည်သူ့စစ် ( PNO ) ဟာ စစ်ကောင်စီလက်အောက်ခံ အဖွဲ့တစ်ဖွဲ့ဖြစ်တာကြောင့် စစ်ကောင်စီရဲ့ အလိုကျ ပအိုဝ်းပြည်သူတွေကို သတ်ဖြတ်မှုတွေလုပ်နေတယ်လို့ ခွန်ရိန်းယံက အခုလို ပြောပါတယ်။

“ပြည်သူ့စစ်(PNO)ဟာ စစ်ကောင်စီရဲ့လက်အောက်ခံတပ်ဖွဲ့ ပေါ့။ အဲ့တာ စစ်ကောင်စီပေးတာယူ ကျွေးတာစားပြီး ခိုင်းတာလုပ်ရတဲ့ ကျွန်တပ်ဖွဲ့ပဲဖြစ်တယ်။ ဒါကြောင့်လည်း စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်ဟာ စစ်ကောင်စီအလိုကျ ပအိုဝ်းပြည်သူကို သတ်ဖြတ်နေတာဖြစ်ပါတယ်။ PNOဟာ စတင်ဖွဲ့စည်းကတည်းက လွတ်လပ်တဲ့ ပအိုဝ်းပြည်တည်ထောင်မည်ဆိုပြီး ပန်းတိုင်ချမှတ်ခဲ့ပေမယ့် နောက်ဆုံးတော့ စစ်ကောင်စီရဲ့ကျွန်အဖြစ်ခံယူပြီး ပအိုဝ်းပြည်သူကို ပြန်လည်သတ်ဖြတ်ခြင်းနဲ့ပဲ လမ်းဆုံးနေခဲ့ကြတယ်။”လို့ PNLA ရဲ့ စစ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဆိုပါတယ်။

ဓါတ်ပုံ – PNLA

ပြီးခဲ့တဲ့ ဇူလိုင်လ ၆ရက်နေ့ မနက်ပိုင်း ၉နာရီခန့်မှာ ပြည်သူ့စစ်( PNO)က နားခိုက်ကျေးရွာထဲကို စစ်ကြောင်းထိုးပြီး လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့မှာ (PNLA)က အသိပေးထုတ်ပြန်ထားပါတယ်။

ပြည်သူ့စစ် (PNO)ရဲ့ ရိုက်နှက်မှုကြောင့် နားခိုက်ကျေးရွာနေ ဦးတောင်း ဆိုသူဟာ ခြေတဖက်နဲ့ လက်တဖက်ကျိုးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နားခိုက်ကျေးရွာ ဒေသခံတွေကို တော်လှန်ရေးအားပေးသူဆိုပြီး စွပ်စွဲကာ ၁၀ ဦးထက် မနည်းကို ဖမ်းဆီးခဲ့ပြီး ၃ ဦးထက်မနည်းကို ရွာလယ်ခေါင်မှာ ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသတ်ခံရတဲ့သူတွေဟာ ခွန်တမျို့၊ ခွန်ခင်နဲ့ အမည် အတည်မပြုနိုင်သေးတဲ့ ဒေသခံတစ်ဦးဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် (PNO)ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့မှာလည်း နားခိုက်ကျေးရွာက ပြည်သူလူထုရဲ့ နေအိမ် ၇ လုံးကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သလို ယခု ဒုတိယအကြိမ် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ PNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts