spot_imgspot_imgspot_imgspot_img
Thursday, February 13, 2025
spot_imgspot_imgspot_imgspot_img

ဆီဆိုင်မြို့မှာ လွိုင်ကော် စစ်ရှောင်ထပ်မံရောက်ရှိ၊ နေရာထိုင်ခင်းလိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့မှာ လွိုင်ကော်မြို့ကနေ တိမ်းရှောင်ကြတဲ့စစ်ဘေးရှောင်တွေ ထပ်မံရောက်ရှိနေပြီး လက်ရှိမှာ ယာယီနေထိုင်ဖို့အတွက် နေရာထိုင်ခင်းလိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

ထပ်မံရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေအတွက် နေရာထိုင်ခင်းအပြင် စားနပ်ရိက္ခာ၊ စောင်၊ အနွေးထည်တွေ လိုအပ်မှုရှိနေတယ်လို့ စစ်ရှောင်ကူညီပေးသူတစ်ဦးက ပြောပါတယ်။

“လောလောဆယ်တော့လေ စားနပ်ရိက္ခာနဲ့ မိုးကာလေးတွေပေါ့ဗျာ။ ယာယီတဲထိုးလို့ရအောင် လုပ်လို့ရတဲ့ အဲ့မှာပေါ့ စကာပိုင်းလေးတွေတော့ လိုအပ်တယ်။ အနွေးထည် စောင်လေးတွေ အိပ်ယာခင်းတွေ အဲ့ဒါပေါ့နော်။ ထမင်းအိုးတို့ ဘာတို့ ဘာပဲဖြစ်ဖြစ် အဲ့ဒီအပိုင်းတွေလိုအပ်တယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ ဘာသာရေးကျောင်း၊ ဇရပ် နဲ့ နီးစပ်ရာဆွေမျိုးတွေဆီမှာ နေထိုင်နေကြတယ်လို့ သိရပါတယ်။

“အများကြီးပဲ တမြို့နယ်လုံး အပြည့်ပဲ မရှိတဲ့နေရာခပ်ရှားရှားပဲ။ အထူးသဖြင့် လမ်းမကြီးတောက်လျှောက်ပဲ ဟို ကယားပြည်နယ်ကနေ ဒီထိက တောက်လျှောက်ပဲ တောင်ကြီး အထိ တောက်လျှောက်ရှိတာပဲလေ တချို့မြို့အပြင်မှာနေတဲ့အုပ်စုတွေလဲ အများကြီးရှိသေးတယ် ပအိုဝ်းရွာတွေရော ရှမ်းရွာတွေရော ကယန်းရွာတွေရော အစုံပဲ ရှိနေတာပဲ “ လို့ သူကဆက် ပြောပါတယ်။

ကရင်နီပြည်မှာ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်လိုက်တဲ့ (၁၁.၁၁) မြို့ပြစစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့နေ လူထု သုံးသောင်းကျော်ဟာ နီးစပ်ရာ ရှမ်းပြည်နယ်ဖက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ လွိုင်ကော်မြို့တွင်းမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို အဓိကထား လုပ်ဆောင်နေတာကြောင့် မြို့တွင်း ကျန်ရစ်သူအများစုဟာလည်း မြို့ကိုစွန့်ခွာ တိမ်းရှောင်နေလျက်ရှိပါတယ်။

ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်လူထုအတွက် စားနပ်ရိက္ခာကူညီပေးကြဖို့ကို စစ်ရှောင်အရေးကူညီဆောင်ရွက်သူတွေက တောင်းဆိုထားကြပါတယ်။

spot_img
spot_img
spot_img

Recent posts