spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဆီးဘူးအ.ထ.က​ကျောင်​း တက္ကသိုလ်​ဝင်​တန်​း စာစစ်​ဌာနရရှိရန်​ ​မျှော်​လင့်

Author

Date

Category

ခွန်​းကလိုင်​းဖရီး

ကယန်​း​ဒေသ၊ ဖယ်​ခုံမြို့နယ်​၊ အလယ်​ကယန်​း​ကျေးရွာအုပ်​စုရှိ ဆီးဘူး အ.ထ.က​ကျောင်​းသည် တက္ကသိုလ်​ဝင်​တန်းစာစစ်​ဌာနရရှိနိုင်ရန်​ ​ကျောင်​းသားမိဘများနှင်​့ ဆရာ၊မများမှ ​မျှော်​လင်​့​နေကြသည်​။

၄င်​း​ကျောင်​းမှ တက္ကသိုလ်​ဝင်​တန်​းစာ​မေးပွဲကို မိုးဗြဲ အ.ထ.က​ကျောင်​းသို့ နှစ်​စဉ်​နှစ်​တိုင်​း သွား​ရောက်​​ဖြေဆိုရခြင်​း​ကြောင်​့ ​ကုန်​ကျစရိတ်များပြားပြီး အခက်​အခဲများလည်​းရှိ​ကြောင်​း ​ကျောင်​းအုပ်​ဆရာကြီး ဦးခွန်​ဝင်​းမြင်​့က​ပြောသည်​။

“အဲ့ဒီမှာ သွား​ဖြေလို့ရှိရင်​ ကား​တွေစီစဉ်​ရတာတို့၊ ထမင်​းဟင်​းချက်​ဖို့ ပြုပ်​ဖို့စီစဉ်​ရတာတို့ ​နောက်​ပြီး တည်​းဖို့ခိုဖို့ စီစဉ်​ရတာ​တွေ အများကြီး ဒုက္ခ​ရောက်​တာ​ပေါ့​။ တကယ်​လို့ ဒီမှာ စာစစ်​ဌာနရမယ်​ဆိုရင်​ ကုန်​ကျစရိတ်​​တွေ အများကြီးနည်​းမယ်​​ပေါ့​နော်​” ၄င်​းက ​ပြောသည်​။

မိုးဗြဲအ.ထ.က​ကျောင်​းသို့ စာ​မေးပွဲသွာ​း​ရောက်​​ဖြေဆိုရန်​အတွက်​ မိုင်​ (၇၀)​ကျော်​ခရီးရှိပြီး ​ကျောင်​းသား တစ်​ဦးလျှင်​ ကျပ်​​ငွေ (၅) ​သောင်​းအထိ ကုန်​ကျမှုရှိ​နေသည့်အတွက် ၎င်းတို့ကျောင်းတွင်သာ စာစစ်ဌာနရရှိရန် မျှော်လင့်နေကြခြင်းဖြစ်သည်။

ထိုသို့ စာစစ်​ဌာနရရှိနိုင်ရန်​အတွက်​ ​​ဒေသခံများမှ ကြိုတင်​ပြင်​ဆင်​သည်​့အ​နေဖြင်​့ ဌာနဆိုင်​ရာ၏ ​ထောက်​ခံစာများအား ရယူထားသကဲ့သို့ ​မေးခွန်​းတိုက်​တစ်​ခုကိုလည်​း ဆီးဘူးရဲစခန်​းဝန်​းအတွင်​း ကိုယ်​ထူကိုယ်​ထ ​ဆောက်​လုပ်​ထားကြသည်​။

ယခုကဲ့သို့ ကြိုတင်​ပြင်​ဆင်​ထားသည်​့အ​ပေါ် ​ကျောင်​းအကျိုး​တော်​​ဆောင်​အဖွဲ့ဝင်​ ဦးသန်​းထွန်​းက “တက္ကသိုလ်​ဝင်​တန်​း စာစစ်​ဌာနရဖို့ဆိုတာ ​မေးခွန်​းတိုက်​ဆိုတာလည်​း လိုတယ်​​လေ။ အဲ့​တော့ ​မေးခွန်​းတိုက်​မရှိပဲနဲ့ စာစစ်​ဌာန​ပေးပါလို့လည်​း ​တောင်​းလို့မရဘူး။ ရမယ်​မရဘူးဆိုတာ​တော့ အတည်​တကျမ​ပြောနိုင်​​ပေမယ်​့လည်​း ကျွန်​​တော်​တို့ ​ကျောင်​း​ကော်​မတီ၊ ​ကျောင်​းသားမိဘဖက်​က​တော့ အရင်​ဆုံးစီစဉ်​ထားတဲ့ သ​ဘောပါပဲ” ​ဟု ၎င်းကပြောသည်​။

စာစစ်​ဌာနရရှိရန်​အတွက်​ သက်​ဆိုင်​ရာပညာ​ရေးဌာနသို့ ညွှန်​ကြားချက်​ပါသည့်အတိုင်​း ဌာနဆိုင်​ရာ ​ထောက်​ခံချက်​များနှင်​့အတူ စာတင်​ထားပြီးဖြစ်​​ကြောင်​း ဆိုသည်​။

“စာစစ်​ဌာနရလို့ရှိရင်​​တော့ ကျွန်​မတို့အတွက်​ သွားရလာရတာလည်​း သက်​သာတယ်​။ ​ငွေ​ရေး​ကြေး​ရေး​တွေလည်​း အများကြီး သက်​သာမှာ​ပေါ့။ ဝမ်​းလည်​းဝမ်​းသာတယ်​ အဲ့လိုမျိုးရလို့ရှိရင်​​ပေါ့” ဟု တက္ကသိုလ်ဝင်တန်းစာ​မေးပွဲအား​​​​​ ဖြေဆိုမည်​့ ​ကျောင်​းသားမိဘတစ်ဦးဖြစ်​သူ ​ဒေါ်ဖရန်​​စေးဒယ်​က ​ပြောပါသည်​။

ယခု၂၀၁၈-၁၉ ပညာသင်​နှစ်​တွင်​ ဆီးဘူး အ.ထ.က​ကျောင်​းမှ တက္ကသိုလ်​ဝင်​တန်​းစာ​မေးပွဲ အတွင်​း၊အပြင်​ ​ဖြေဆိုမည့်သူ (၁၀၆) ဦးရှိ​ကြောင်း သိရသည်​။

ဆီးဘူးအ.ထ.က​ကျောင်​းသည်​ ၂၀၁၃-၂၀၁၄ ပညာသင်​နှစ်​တွင်​ အ.လ.က ​ကျောင်​းအဆင်​့မှ အ.ထ.က(ခွဲ)​ကျောင်​းအဖြစ်​ အဆင်​့တိုးမြင်​့ခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်​နှစ်​မှသာ အ.ထ.က အဆင်​့ ရရှိခဲ့ခြင်​းဖြစ်​သည်​။

၄င်​းအထက်​တန်​း​ကျောင်​းအား အလယ်​ကယန်​း​ကျေးရွာအုပ်​စု၊ သိကျိတ်​​ကျေးရွာအုပ်​စုနှင်​့ က​ယော​ကျေးရွာအုပ်​စုတို့မှ ပညာသင်​ကြား​ရေးအတွက်​ အဓိကမှီခိုအားထား​နေရ​သော ​ကျောင်​းလည်​းဖြစ်​သည်​။

spot_img
spot_img

Recent posts