CATEGORY
ပညာရေး
ကလေးပညာရေးအတွက် ကြိုးစားပေးနေတဲ့ မိခင်စမူသွက်
https://youtu.be/xuJnqweoF5s
ကန္တာရဝတီတိုင်း(မ်)
အလုပ်နားရက်မှာအသက် (၄၄)နှစ်အရွယ် စမူသွက်တစ်ယောက် သူ့ကလေးတွေနဲ့ အခြားစစ်ရှောင်ကလေးတွေ ကစားနေတာကို မိုးကာတဲအပြင်က ကြည့်ပြီး ကြည်နူးနေပါတယ်။ စမူသွက်ဟာ သူ့မိသားစုနဲ့အတူ ဖယ်ခုံအရှေ့ဖက်ကမ်းကနေ အလယ်ကယန်းဒေသဖက်ကို စစ်ရှောင်လာတာ ခုဆိုရင် ၇ လလောက်ရှိပြီလို့ ဆိုပါတယ်။
စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက်တွေမှာဆိုရင် စစ်ရှောင်ကလေးငယ်တွေစုပြီး သူတို့တဲဘေးက မြေကွက်လပ်နေရာမှာ ကစားလေ့ရှိကြပါတယ်။
စမူသွက်ဟာ...
တော်လှန်ရေးကာလ ကျောင်းနေအရွယ်ကလေးများရဲ့ ပညာသင်ကြားခွင့် အခြေအနေ (စကားဝိုင်း)
https://www.youtube.com/watch?v=_NikgGSqAU4
မော်ဦးမြာ/ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်ရဲ့ ထက်ဝက်ကျော်တဲ့ လူဦးရေဟာ တောတောင်တွေထဲကို စစ်ဘေးရှောင်နေကြရတာ တစ်နှစ်ကျော်ရှိလာခဲ့ပါပြီ။ စစ်ဘေးရှောင်တွေထဲမှာတော့ ကလေးနဲ့ အမျိုးသမီး၊ သက်ကြီးရွယ်အိုတွေ အများစု ပါဝင်ပါတယ်။
ကိုဗစ်အခြေအနေကြောင့်အပါအဝင် စစ်တပ်က အာဏာသိမ်းမှုကြောင့် ကလေးများ ကျောင်းမတက်နိုင်တာ သုံးနှစ် နီးပါးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ Online...
NUGအစိုးရ၊ ပညာရေးဝန်ကြီးဌာန ဒု ဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း။
Phe Bu -
https://youtu.be/IcmgP8Vz_os
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန ဒု ဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တော်လှန်ရေးကာလ တစ်နှစ်ကျော်အတွင်း ပညာရေးနဲ့ ပတ်သက်ပြီး ဘာတွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါသလဲ။ ကျောင်းသားတွေရဲ့ အနာဂါတ် ပညာရေးနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ မျှော်လင့်လို့ ရပါသလဲ စတာတွေနဲ့ ပတ်သက်ပြီး...
ဘီယာကျေးရွာ စာသင်ကျောင်းဆောင်အလုံအလောက်မရှိသေး
အန်ထော်နီ
ဖရူမြို့နယ် အနောက်ဘက်ခြမ်း ဘီယာကျေးရွာမှာရှိတဲ့ နှစ်စဉ်ပျှမ်းမျှကျောင်းသား/ သူ ပေါင်း ၄၀၀ နီးပါးရှိပြီး စာသင်ခန်း ၃ ခန်းသာရှိတဲ့အတွက် စာသင်တဲ့အချိန်မှာ အခက်အခဲဖြစ်တယ်လို့ ဘီယာကျေးရွာ ဆယ်အိမ်မှူး ဦးဂျိုဝါးနီ ကပြောပါတယ်။
ဘီယာကျေးရွာက မူလွန်ကျောင်းဖြစ်ပေမယ့် သတ္တမတန်းအထိ ဖွင့်ထားတဲ့အတွက် စာသင်ခန်းတစ်ခန်းကို ၃ ခန်းဖွဲ့ပြီးသင်ခဲ့ရတယ်လို့် ပြောပါတယ်။
“...
ကျေးလက်ပညာရေ းကြပ်မတ်ဖို့လိုတယ်လို့ ကိုယ်စားလှယ်လောင်းပြော
ကရင်နီသူ
ကျေးလက်ဒေသတွေမှာ ပညာရေးနဲ့ပတ်သက်လို့မြို့ပြတွေနဲ့ အရမ်းကွာဟနေသေးတာကြောင့် အနိုင်ရလာခဲ့ရင် ပုဂ္ဂလိကကျောင်းတွေနဲ့ဒေသတွင်း ပညာရေးအသုံးစာရိတ်တွေကို မြှင့်တင်ပေးဖို့တောင်းဆိုမှုတွေပြုလုပ်မယ်လို့လက်ရှိ KySDPပါ တီက အရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောတယ်ခဲက ပြောပါတယ်။
″ကျေးလက်ပညာရေးနဲ့မြို့ပြပညာရေး။ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာလမ်းတွေမပေါက်ဘူး၊ ပြီးရင်ကိုယ်ထူကိုယ်ထပဲ ထူထောင်နေရတယ်အဲ့လိုရှိတယ်ပေါ့။ အဲ့ဒီဒေသကကျောင်းသားလေးတွေလည်းအစိုးရကျောင်းတွေကို ဝင်လာတဲ့အခါမှာ၊ပြောင်းရွှေ့လာတဲ့အခါမှာ၊ ကူးပြောင်းလာတဲ့အခါမှာအဆင်ပြေပြေလွယ်လွယ်ကူကူနဲ့ ပြောင်းရွှေ့ပညာသင်ကြားနိုင်ဖို့ လိုအပ်တယ်ပေါ့နော။ ကျနော်ကြိုးစားချင်တယ်။ အကယ်၍ပြည်နယ်မှာကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လို့ရရင်ရ၊...
မက်ခွင့်မရသေးတဲ့အိပ်မက် နှင့် ၃ ဘာသာ ဂုဏ်ထူးရှင်
စိုးထိုက်အောင်/အန်ထော်နီ
အင်မတန် ချို့တဲ့တဲ့ မိသားစုကနေ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ရင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူး ၃ ဘာသာနဲ့ အောင်မြင်ပြီး ဆေးကျောင်းတက်ဖို့အထိ ကြိုးစားနိုင်ခဲ့တဲ့ မချိုဇင်ငြိမ်းက မျက်နှာပေါ်မှာ စီးကျနေတဲ့ မျက်ရည်တွေကို သုပ်ရင်း သူ့ရဲ့ ဘဝအကြောင်းကို ပြောပြ နေပါတယ်။
“အဆင်မပြေလောက်ဘူး အိမ်မှာလည်း...
“နိုင်ငံခြားဘာသာ တက္ကသိုလ်တက်ဖို့ကြိုးစားနေသူ”
စိုးထိုက်အောင်
ကယားတစ်ပြည်နယ်လုံး တက္ကသိုလ်ဝန်တန်းစာမေးပွဲကို ဒုတိယအဆင့် အောင်မြင်ဖြေဆိုခဲ့သူ မတွယ်တာနိုင်ကတော့ သူမ ဝါဿနာပါတဲ့ နိုင်ငံခြားဘာသာတက္ကသိုလ်ကို တက်ဖို့ စိတ်ကူးထားပြီးဖြစ်ပါတယ်။
“ ဝါသနာပါတဲ့ ဘာသာစကားပဲ ဆက်လုပ်ဖို့စဉ်းစားထားပါတယ်။ နိုင်ငံခြားဘာသာတက္ကသိုလ်လျှောက်ဖို့စီစဉ်ထားပါတယ်။”
သူမကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာ၊ သင်္ချာ၊ ဓာတု၊ ဇီ၀ ဘာသာရပ်တွေမှာဂုဏ်ထူးရရှိခဲ့ပြီး အမှတ်ပေါင်း ၄၆၉မှတ်နဲ့ပြည်နယ်မှာ ဒုတိယအမှတ်အများဆုံး ဖြစ်တယ်လို့...
မယ်စဲ့မြို့နယ်မှာ ဆရာ၊ဆရာမ မလုံလောက်မှုကြောင့် ဒသမတန်း သိပ္ပံတွဲကို မသင်ကြားနိုင်
အန်ထော်နီ
ဆရာ/မ မလုံလောက်မှုကြောင့် မယ်စဲ့မြို့နယ်ရှိ အထက်တန်းကျောင်း ဒသမတန်းတွင် သိပ္ပံတွဲ ဘာသာရပ်တွေကိုမသင်ကြားနိုင်ဘူးလို့သိရပါတယ်။
မယ်စဲ့မြို့နယ်ထဲက ဟိုစဲ့ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းမှာ အထက်တန်းတက်ရောက်နေတဲ့ ကျောင်းသူ/ကျောင်းသား ၁၀၀ ကျော်ရှိပြီး အထက်တန်းသင်ကြားပေးတဲ့ ဆရာ/မ ၆ ဦးသာရှိတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်တုန်းက သိပ္ပံအတွဲယူတဲ့ ကျောင်းသား/သူ နှစ်ဦးရှိပေမယ့် ဒီနှစ်မှာ သင်ကြားပေးမယ့် ဆရာ၊ဆရာမ...
အခြေခံပညာကျောင်းတွေမှာ ကျောင်းဖွင့်နိုင်ဖို့ ကျောင်းသားမိဘတွေ ကိုယ်ထူကိုယ်ထကြိုးစားနေ
အန်ထော်နီ
ကိုရိုနာဗိုင်းရပ်(စ်) ထိန်းချုပ်ကာကွယ်နေတဲ့ကာလအတွင်းမှာ အခြေခံပညာကျောင်းတွေဖွင့်နိုင်ဖို့ သတ်မှတ်ထားတဲ့ ကာကွယ်တားဆီးရေး လုပ်ငန်းတွေ အဆင့်(A) ရရှိဖို့ ကျောင်းသားမိဘတွေ ကိုယ်ထူကိုယ်ထကြိုးစားနေကြပါတယ်။
ယခုအချိန်မှာ covid – 19 ကာလဖြစ်သည်နှင့်အညီ အထက်တန်းကျောင်းတွေ ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး အဆင့် A ရှိမှသာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ ခွင့်ပြုထားတဲ့အတွက် ကျောင်းမှာလိုအပ်တာတွေကို ကျောင်းသားမိဘတွေက ဝိုင်းဝန်းဖြည့်ဆည်းပေးနေကြရတာပါ။
ဒီးမော့ဆိုမြို့နယ်...
ကယန်းဒေသတွင်း အစိုးရဆရာ/မ မလုံလောက်တဲ့ ကျောင်းတွေမှာ စေတနာ့ဝန်ထမ်း (၈၀) ဦးစေလွှတ်မည်
ခွန်းကလိုင်းဖရီး
စေတနာ့ဝန်ထမ်း အယောက်(၈၀)က ကျောင်း ဆရာ/မ မလုံလောက်တဲ့ ကယန်းတိုင်းရင်းသား ဒေသဘက်က ကျောင်းတွေမှာ သွားရောက်စာသင်ကြားပေးဖို့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ကနေ ဦးဆောင်နေတာဖြစ်ပါတယ်။
ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ရဲ့ ပညာရေး စီမံကိန်းတာဝန်ခံ ခွန်းမောင်တင်က “ အဓိက ကယန်းဒေသမှာ ဆရာ၊မ မလုံလောက်မှုဖြစ်စဉ်တွေကို ကူညီထောက်ပံ့ချင်တယ်။ အဲ့ဒါရဲ့ နောက်ဆက်တွဲမှာ ပြန်စဉ်းစားမယ်ဆိုရင် ကျောင်းသူ၊သား...