spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“ဆူကေး” လို့ ခေါ် တဲ့ တောတောင်ကို ရိုးရာဓလေ့အရ ပူဇော်ပသမှုတွေ ပြုလုပ်

CJ / ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်က ဆိုသယ်စစ်ရှောင်စခန်းမှာ “ဆူကေး” လို့ခေါ်တဲ့ တောတောင်ကို ပူဇော်ပသတဲ့ ရိုးရာဓလေ့ကို ယမန်နေ့ (အောက်တိုဘာလ ၁ ရက်နေ့)က မနက် ၉ နာရီဝန်းကျင်မှာ စစ်ရှောင်တွေက စုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။

” ခုလို တောတောင်တွေမှာ ရှောင်ပုန်းနေရတော့ တောတောင်တွေကို ပူဇော်ပသ ရခြင်းဖြစ်တယ်။ ကျနော်တို့ကို ကာကွယ်စောက်ရှောက်ဖို့ အတွက် ပူဇော်ပသခြင်းဖြစ်တယ်။” လို့ ဆူကေး ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကို စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ရှောင်ကာလ ကြာလာတာနဲ့ အမျှ အခက်အခဲမျိုးစုံ ကြုံတွေ့ရပြီး ကျန်းမာရေး၊ စားဝတ်နေရေး နဲ့ လုံခြုံရေးကိစ္စတွေအတွက်ပါ စစ်ရှောင်တွေက စိုးရိမ် ကြောက်လန့်နေကြရပါတယ်။

ဒါ့အပြင် တောတောင်တွေမှာ ရှောင်ပုန်းနေရတာတွေကြောင့်လည်း တောတောင်ရဲ့ အရှင်သခင် (ခေါ် ) တောစောင့်နတ်၊ တောင်စောင့်နတ်တွေကို ရိုးရာဓလေ့အရ ပူဇော်ပသတာတွေကို ပြုလုပ်ကြရတယ်လို့ ဆိုပါတယ်။

အဆိုပါ “ဆူကေး” ပြုလုပ်စဉ်မှာ ကြက်ရိုးထိုးပြီး နမိတ်ဖတ်တာတွေ၊ ဝက်ရဲ့ အသည်းကို ကြည့်ပြီး နိမိတ်ဖတ်တာတွေကို ပြုလုပ်ကြပါတယ်။

” ဝက်ကတော့ အဖြေ အရမ်းကောင်းပါတယ်။ ကြက်နှစ်ကောင်ထဲက တောတောင်ပူဇော်တဲ့ကြက်ရိုး ကတော့ အဖြေအရမ်းကောင်းတယ်။ “ဆြေးကြိုဖူတမီ” လို့ ခေါ်တယ်။ ကြက်ရိုးအဖြေအကောင်းဆုံးက “ဆြေးကြိုဖူတမီ” လို့ ပြောကြတယ်။ ရှေးယခင် ဘိုးဘွားတွေ ဆိုလာကြသလိုပေါ့။ ‌‌သေလွန်ပြီး‌သူအတွက် ပူ‌ဇော်တဲ့ကြက်ရိုးကတော့ “အာတာညားဖူပယ်” လို့ ခေါ်တယ်။ အဖြေမကောင်းတာက သေလွန်ပြီးသူအတွက်‌ ပူဇော်ရန်ကြက်ရိုးပေါ့။ အဲ့ကြက်ရိုးက လူတွေအတွက်ရည်ရွယ်တာဖြစ်တယ်။ ဒီလို တောတောင်တွေမှာ ရှောင်ပုန်းမှီခိုရခြင်းဟာ နေမကောင်းဖြစ်တာတွေ ၊ ထိခိုက် ဒဏ်ရာတွေ ဖြစ်နေတတ်ဦးမယ် လို့ အဲ့လိုပဲ အဓိပ္ပာယ်ဆောင်တယ်လို့ပဲ ထင်တယ်ပေါ့။” လို့ ပူဇော်ပသတဲ့ ကြက်၊ ဝက်တွေအပေါ် နမိတ်ဖတ်တာနဲ့ ပါတ်သက်ပြီး စစ်ရှောင်တစ်ဦးက ပြောပြသွားတာဖြစ်ပါတယ်။

အဆိုပါ ဆူကေး (ခေါ် ) ရိုးရာဓလေ့နဲ့ တောတောင်ကိုပူဇော်ပသတာဟာ ဆိုသယ်စစ်ရှောင်စခန်းအတွင်းမှာ ပြုလုပ်တာ ပထမဆုံးအကြိမ်ဖြစ်ပြီး ကျေးရွာ ၂ရွာက လူဦးရေ ၃၅ ဦးခန့်ပါဝင်တယ်လို့ သိရပါတယ်။

spot_img
spot_img