spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဆောင်ကန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီနဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ရက်ရှည်ဖြစ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ရှမ်း-ကယားနယ်စပ် ဆောင်ကန်းကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဖယ်ခုံ PDFတပ်ရင်း ၂ ( ၁၀၀၆ တပ်ရင်း )၊ KNDF B-02 ၊KNDF B-03 တို့ ဟာ အောက်တိုဘာလ ၂၆နေ့မှစပြီး ၃၁ရက်နေ့အထိ ရက်ရှည် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖယ်ခုံ PDF တပ်ရင်း ၂ က ယမန်နေ့ (အောက်တိုဘာ ၃၁ရက်) မှာ ထုတ်ပြန်ထားပါတယ်။

အခုရက်ပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်အကျအဆုံးများပေမဲ့ အတည်မပြုနိုင်သေးသလို ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က KNDF B-02ရဲဘော်တစ်ဦး၊ KNDFB-03 ရဲဘော်တစ်ဦးနဲ့ ဖယ်ခုံ PDF တပ်ရင်း ၂ က ရဲဘော်တစ်ဦး ကျဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

“အခုရက်ပိုင်းအတွင်းမှာ တိုက်ပွဲဖြစ်ပွားတာတွေရှိပါတယ်။ အခုလောလောဆယ် စစ်ကောင်စီက ဒီဆောင်ကန်းလမ်းခွဲပေါ့နော။ အဲ့နားလေးမှာ သူတို့စစ်ကြောင်းထိုးလာတာတွေရှိတယ်ပေါ့နော။ စစ်ကြောင်းထိုးလာပြီးတော့ နေရာယူထားတာတွေရှိတယ်ပေါ့နော။ အဲဒီမှာ ကျနော်တို့ တပ်ရင်းတွေနဲ့ တခြားပူးပေါင်းတပ်တွေနဲ့ အဲလိုမျိုး တိုက်ပွဲဖြစ်တာတော့ရှိတယ်။” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီအင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေရာယူထားတဲ့အတွက် တိုက်ပွဲဖြစ်ပွားရတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းမထိုးခင်မှာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုရှိခဲ့တဲ့အတွက် ဝါရီကောခူ၊ ပီကင်းကောခူနဲ့ ကုန်းသာကျေးရွာ စစ်ရှောင်နေရာအထိ လက်နက်ကြီးကျရောက်ခဲ့ပြီး အရပ်သား ၁၂ဦးထိခိုက်ဒဏ်ရာရခဲ့သလို အဲဒီအထဲက ၃ဦးဟာ သေဆုံးသွားခဲ့ရပါတယ်။

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်ချိန်မှာအရပ်သားသေဆုံးမှုရှိခဲ့တဲ့အတွက် ဒေသခံတွေစစ်ဘေးရှောင်ခဲ့ရပေမဲ့ လက်ရှိမှာတော့ ဝါရီကောခူ၊ ပီကင်းကောခူ နဲ့ ကုန်းသားကျေးရွာက ပြည်သူတချို့ နေရပ်ပြန်လည်နေထိုင်တာတွေရှိနေပြီလို့ ကယန်းလူငယ်ကယ်ဆယ်ရေးပရဟိတအသင်းဝင်တစ်ဦးက ပြောပါတယ်။

“ အိမ်တချို့ပြန်လာနေကြတယ်။ ပြည်သူတွေကတော့ ကိုယ့်နေရပ်ကို ပြန်လာနေကြတာပေါ့နော။ နေလို့မရတာက ဆောင်ကန်း ( ရှမ်း ၊ ကယား ) နှစ်ရွာစလုံးပေါ့။” လို့ ကယန်းလူငယ်ကယ်ဆယ်ရေးပရဟိတအသင်းဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးလာပြီး တပ်စွဲထားတာတွေရှိနေသေးတဲ့အတွက် ဒေသခံတွေအနေနဲ့ အသွားအလာ ကရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက တိုက်တွန်းထားပါတယ်။

“ဒီဆောင်ကန်းတလျှောက်ပေါ့။ ဆောင်ကန်းတို့ ဘာတို့ဘက်ပေါ့။ အဲတစ်လျှောက်က ရွာတွေရဲ့ဒေသခံတွေကတော့ အသွားအလာဆင်ခြင်ဖို့လိုတယ်ပေါ့နော။ တစ်ခုခုဆိုရင် အသွားအလာဆင်ခြင်ဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီက အဲဒီဘက်ကို ရောက်နေတယ်ဆိုတော့လေ။ ဒေသခံတွေအနေနဲ့ ကရုစိုက်သွားလာကြဖို့ ကျနော်ကတော့ တိုက်တွန်းချင်တယ်ပေါ့နော။” လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ရက်နေ့မှလာလည်း ဒေသခံတစ်ဦး လယ်ယာကနေအပြန် မိုးဗြဲ – လွိုင်ကော် လမ်းမကြီးပေါ်မှာ ဆိုင်ကယ်မောင်းနှင်လာချိန် တိုက်ပွဲနဲ့တိုးပြီး လက်မောင်းကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်းရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts