spot_imgspot_imgspot_imgspot_img
Thursday, July 17, 2025
spot_imgspot_imgspot_imgspot_img

ဆေးပုလဲမြစ်နဲ့ ဝမ်းစာ

ကန္တာရဝတီတိုင်း( မ် )

သူဟာဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဦးဖလော်ဖြစ်ပါတယ်။

သူနေထိုင်တဲ့နေရာကနေ မိနစ် ၄၀လောက်ဝေးတဲ့နေရာမှာ ဆေးပုလဲမြစ်သွားရှာတာဖြစ်ပါတယ်။

သူ ဆေးပုလဲမြစ်တစ်နေကုန်တူးမှ နှစ်ပိဿာရရှိတာဖြစ်ပါတယ်။

ဆေးပုလဲမြစ်ဟာ တစ်ပိဿာကို ကျပ်ငွေ တစ်ထောင်ခုနစ်ရာနဲ့ စျေးဆိုင်တွေမှာ ရောင်းချလို့ရပါတယ်။ အဲဒီငွေတွေနဲ့ နေ့စဉ်စားဝတ်နေရေးကို ဦးဖလော် ဖြေရှင်းနေရပါတယ်။

ဆေးပုလဲမြစ်ဟာ နေရာဒေသမရွေး အလေ့ကျ ပေါက်ရောက်တဲ့ အပင်တစ်မျိုးဖြစ်ပြီး တိုင်းရင်းဆေး ဖော်စပ်တဲ့နေရာမှာ အသုံးဝင်တယ်လို့ သိရပါတယ်။ သွေးတိုးရောဂါ၊ ဝမ်းချုပ်ရောဂါ ၊ မီးယပ်ရောဂါ နဲ့ ချောင်းဆိုးရင်ကြပ်စတဲ့ ဆေးတွေ ဖော်တဲ့နေရာမှာ လိုအပ်သလို ဖော်စပ်နိုင်တာဖြစ်ပါတယ်။

နေ့စဉ် ဆေးပုလဲမြစ်သွားတူးနေတဲ့ ဦးဖလော်ကတော့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန် လက်နက်ကြီးကျထိပြီးမှာကိုလည်း စိုးရိမ်နေရပါတယ်။

“ကြောက်တော့ကြောက်တာပေါ့ ကျွန်တော်က ဟိုဟာ ဟိုဖက်သွားတူးလိုက်လက်နက်ကြီး ဒီဖက်ကျရင်ဟိုဖက်သွားတူးလိုက်အဲ့မျိုးပေါ့။”

ဦးဖလော်လိုပဲ အဲဒီစစ်ဘေးဒုက္ခသည်စခန်းမှာ ဆေးပုလဲမြစ်တူးပြီး နေ့စဉ်ဝမ်းစာကို ဖြေရှင်းနေရသူ အယောက် ၄၀ ဝန်းကျင် ရှိပါသေးတယ်။

spot_img