spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဆွေမျိုးထံ စစ်ရှောင်နေရတဲ့ ဒီးမော့ဆိုစစ်ရှောင်ပြည်သူတွေ အကူအညီမရသေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မတ်လ ၉ ရက်နေ့ကစ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုမြို့အရှေ့ဘက်ခြမ်း စစ်ရှောင်ပြည်သူတွေက ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာ နီးစပ်ရာ ဆွေမျိုးထံ စစ်ရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို ကူညီပေးတဲ့ အဖွဲ့ မရှိသေးဘူးလို့ သိရပါတယ်။

“အခုလောလောဆယ်တော့ အခြားအဖွဲ့အစည်းတော့မရှိဘူး။ ကျနော်တို့ နည်းနည်းပါးပါး တတ်နိုင်သလောက်လေး လေး၊ ငါး ပြည်၊ တအိတ်တို့ လေးငါးအိတ်တို့ အဲ့လိုလှူတာတော့ ရှိတာပေါ့ အများကြီးတော့မရှိဘူး။ တစ်ရပ်ကွက် နှစ်ရပ်ကွက် အဲ့လိုပဲရှိတယ်။” လို့ လွိုင်ကော်မြို့ကို ရောက်ရှိလာတဲ့ ဒီးမော့ဆိုမြို့က စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့ကို ရောက်ရှိလာတဲ့ ဒီးမော့ဆိုမြို့က စစ်ရှောင်ပြည်သူ တစ်ထောင်ကျော်ရှိနေပြီး ၎င်းတို့ကို သီးသန့်အကူညီပေးတဲ့အဖွဲ့မရှိသေးဘဲ နီးစပ်ရာသူတွေဆီကနေ အကူညီအနည်းငယ်သာ ရရှိနေကြတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ စစ်ရှောင်တွေက ဘုန်းကြီးကျောင်း ၊ နီးစပ်ရာဆွေမျိုးအိမ်မှာသာ နေထိုင်နေကြရပါတယ်။

“အမျိုးတွေ အိမ်မာပဲ လိုက်နေကြတယ်။ ဆင်ပြေသလိုပေါ့။ တချို့ကတော့ တဲဆောက်ကြတယ်။တချို့ကတော့ ဘုန်းကြီးကျောင်းတွေမှာ နေကြတယ်”လို့ လွိုင်ကော်မြို့အနီးက ကျေးရွာတစ်ရွာကို စစ်ရှောင်လာတဲ့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

စစ်ရှောင်အများစုကတော့ ရပ်ကွက်၊ ကျေးရွာဖက်စစ်ရှောင်ကြပြီး တချို့ကတော့ လွိုင်ကော်မြို့ပေါ်ကို ရှောင်ကြတာလည်းရှိတယ်လို့ဆိုပါတယ်။ လွိုင်ကော်မြို့နယ် အတွင်းက ကျေးရွာတွေမှာ စစ်ရှောင်လာတဲ့သူတွေကိုတော့ သက်ဆိုင်ရာကျေးရွာဒေသခံတွေကနေ အချင်းချင်း အလှူငွေကောက်ခံပြီး ကူညီပေးနေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ဆက်ပြောပါတယ်။

“စားနပ်ရိက္ခာ ကတော့ အခုမပါလာတဲ့သူတွေရှိတယ်။ လောလောဆယ် တော့ ကျနော်တို့ ရွာထဲကနေပြီးတော့မှ လိုက်ကောက်တာပေါ့။ ကောက်ပြီးတော့မှ ပြန်ဝေပေးတယ်။ရှိတဲ့ဆန်နဲ့ပဲ ကျနော်တို့ သူတို့ကို မစားရသေးတဲ့သူတွေ ချက်ကျွေးလိုက်တယ်။” လို့ သူက ပြောပါတယ်။

လွိုင်ကော်မြို့ကို တိုက်ပွဲတွေကြောင့် စစ်ရှောင်ရင်းရောက်ရှိလာတဲ့ အရပ်သားတစ်ချို့တွေကို စစ်ကောင်စီက စစ်ဆေး ဖမ်းဆီးတာတွေ ရှိနေပြီး မြို့တွင်း အစစ်ဆေးလည်း ပိုတင်းကြပ်မှုတွေ ရှိနေတယ်လို့ လွိုင်ကော်ဒေသခံတွေဆီကနေ သိရပါတယ်။

spot_img
spot_img

Recent posts